News

မုံရွာမြို့‌ မီးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သ-တ်တဲ့ဒမြအဖွဲ့ဖမ်းမိစစ်ဆေး (ရုပ်သံ)

မီးဖွားခါနီးအမျိုးသမီးတစ်ဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သည့် ဓားပြအဖွဲ့ကို PDF တို့ဖမ်းဆီး

၁၁၊ ဩဂုတ်၊ ချင်းတွင်းရိုးမ- ၂၀၂၃

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတော အင်းဖြတ် ရပ်ကွက်ရှိ ပြည်သူနေအိမ် တစ်အိမ်ကို ဝင်ရောက်ကာ မီးဖွာခါနီး အမျိုးသမီးတစ်ဦးကို သတ်ပြီး ပစ္စည်းလုယူခဲ့သည့်

လက်နက်ကိုင်အဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု Guardian Force အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ရက်နေ့ ညနေ ၃နာရီဝန်းကျင်ခန့်က ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်၌ ရှိနေသည့် ကိုယ်ဝန်အရင့်အမာ အမျိုယငမီးတစ်ဦးကို ပစ်ခတ်ခဲ့ကာ ဖုန်း နှစ်လုံး ၊ ဆိုင်ကယ် (ကလစ်)တစ်စီးတို့ကို ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဓားပြမှုကျူးလွန်ခဲ့သည့် အဖွဲ့ကို ယနေ့နံနက်တွင် Guardian Force တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့​၏ လူမှုကွန်ယက်ကနေတစ်ဆင့် ဖမ်းဆီး စစ်ဆေးနေသည်ကို ထုတ်ပြန်ထားသည်။