မတ်လ ၁၂ ၊ ၂၀၂၄ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3620 – 3660
ဥရောပယူရို 3860 – 3910
ဗြိတိသျှစတာလင်ပေါင် 4540 – 4660
သြစတြေးလျဒေါ်လာ 2320 – 2380
ဂျပန်ယန်း 24.20 – 25.30
တောင်ကိုရီးယားဝမ် 2.70 – 2.75
အိန္ဒိယရူပီး 42.70 – 44.00
စင်ကာပူဒေါ်လာ 2680 – 2710
မလေးရှားရင်းဂစ် 755 – 780
တရုတ်ယွမ် 490 – 510
ထိုင်းဘတ် 100.50 – 102.60
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4050,000 – 4070,000 နှင့် ဈေးစဖွင့်ပြီ ယခု 4082,000 သို့ မြင့်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3835,000 ခန့် ရှိနေသည်
ယမန်နေ့ (တနင်္လာနေ့) က ရွှေဈေးသည် ကျပ် 4035,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4045,000 သို့ မြင့်တက်ကာ ညနေပိုင်းတွင် စံချိန်သစ် ဖြစ်သော 4065,000 – 4070,000 ဝန်းကျင်အထိ ရောက်ရှိခဲ့သည်။
ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်နေသည့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးကွက်တွင် ဈေးတက်သလောက် အဝယ် မရှိ ဖြစ်နေပြီး ကမ္ဘာ့ရွှေဈေးကို စောင့်ကြည့်ကာ အရောင်း ပြန်စောင့်နေကြသည်ဟု သိရသည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3792,600 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2178 ဒေါ်လာခန့် ဖြစ်သည်။
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။