မတ်လ ၁၁ ၊ ၂၀၂၄ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3620 – 3660
ဥရောပယူရို 3850 – 3900
ဗြိတိသျှစတာလင်ပေါင် 4530 – 4650
သြစတြေးလျဒေါ်လာ 2290 – 2380
ဂျပန်ယန်း 24.30 – 25.30
တောင်ကိုရီးယားဝမ် 2.70 – 2.75
အိန္ဒိယရူပီး 42.90 – 43.80
စင်ကာပူဒေါ်လာ 2680 – 2710
မလေးရှားရင်းဂစ် 740 – 775
တရုတ်ယွမ် 480 – 500
ထိုင်းဘတ် 101.50 – 103.50
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4035,000 တွင် ဈေးဖွင့်ခဲ့ပြီး ယခု ကျပ် 4045,000 သို့ ဆက်တက်လာသည်။ ၁၅ ပဲရည်ဈေးမှာ 3805,000 ခန့် ဖြစ်သည်။
ပြီးခဲ့သော (စနေနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4035,000 ရှိခဲ့ပြီး ယမန်နေ့ကလည်း ထိုဈေးအတိုင်းပင် ဖြစ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3792,600 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2178 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး ဆက်မာနေသည်)
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။