News

ယနေ့ တနင်္လာနေ့(၈.၁.၂၀၂၄) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၈ ၊ ၂၀၂၄ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3415 – 3450
ဥရောပယူရို 3680 – 3750

ဗြိတိသျှစတာလင်ပေါင် 4370 – 4470
သြစတြေးလျဒေါ်လာ 2265 – 2320

ဂျပန်ယန်း 23.20 – 24.00

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.60 – 41.50
စင်ကာပူဒေါ်လာ 2550 – 2600
မလေးရှားရင်းဂစ် 700 – 760
တရုတ်ယွမ် 460 – 480
ထိုင်းဘတ် 97.00 – 99.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3705,000 – 3715,000 ခန့် ရှိနေပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 3500,000 ခန့် ရှိနေသည်။

ယမန်နေ့ (တနင်္ဂနွေ) ဈေးပိတ်ရက်က ပြင်ပရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3700,000 နှင့် 3720,000 ကြား ရှိခဲ့သည်ဟု သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3665,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2040 ဒေါ်လာ ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်အတွက် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် ကျဉ်းလာသည်။