Knowledge

ဆားဖြင့် ဗောက်ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်း (၃)မျိုး

လူကြားသူကြားထဲမှာ ဗောက်ကြောင့် အဆက်မပြတ် ခေါင်းယားနေတာမျိုးတွေ၊ ခေါင်းပေါ်တို့ အင်္ကျီပေါ် ဗောက်ဖက်ဖြူဖြူ တွေ တင်နေတာမျိုးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းသွားစေပါတယ်

ကိုယ်ကိုယ်တိုင်လည်းနေရထိုင်ရတာ အဆင်မပြေစေတဲ့အပြင်ကိုမှ အလှအပရေးရာအတွက်ရော ကျန်းမာရေးရှုထောင့်ကပါ ကြည့်မယ်ဆိုရင် ဆိုးကျိူးတွေချည်းပဲရှိနေတတတ်တာကြောင့် ဗောက်ဆိုတဲ့အရာမျိုးက ဖြစ်ပြီဆိုတာနဲ့ ပျောက်ကင်းအောင် ကုသရမယ့်နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ် …။

ဒါဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ ဓာတ်တုပစ္စည်းမဟုတ်ဘဲ သဘာဝဆားကိုအသုံးပြုပြီး ဗောက်တွေကိုသေစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ချို့ ရှိနေနိုင် တာကြောင့် အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် …။

(၁) ဆား နဲ႕ သံလြင္ဆီ

ပါဝင်ပစ္စည်းများ – ပင်လယ်ဆား (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၁-၂ ဇွန်း )၊ သံပရိုရည် (စားပွဲတင်ဇွန်း ၁-၂ ဇွန်း ) ဇလုံထဲ ပါဝင်ပစ္စည်းတွေကို ရောပေါင်းပေးပါ …။

ဆံပင်ကို ရေစွတ်ထားပြီး ရလာတဲ့အရောနဲ့ ဦးရေပြားပေါ် လိမ်းပေးပါ။ ဦးရေပြား တစ်ခုလုံး နှံ့အောင်လိမ်းပြီးပြီ ဆိုရင် နှိပ်နယ်ပေးပါ …။

(၅) မိနစ်လောက်နှိပ်နယ်ပေးပြီးရင် ခေါင်းလျှော်ပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။ တစ်ပတ် (၂) ကြိမ်ပြုလုပ်ပေးပါ …။

(၂) ဆား နဲ့ ခေါင်းလျှော်ရည်

ပါဝင်ပစ္စည်းများ – ဆား (စားပွဲတင်ဇွန်း တစ်ဝက်) ၊ ခေါင်းလျှော်ရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)ခေါင်းလျှော်ရည်ထဲ ဆားးထည့်ပေးပြီး မွှေပေးပါ။

ဆံပင်ကို ရေနွေးနဲ့ လောင်းပေးပြီး ဆားရောထားတဲ့ ခေါင်းလျှော်ရည် နဲ့ လျှော်လိုက်ပါ။

ဦးရေပြားကို နှိပ်နယ်ပေးပါ …။မိနစ် အနည်းငယ်လောက် နှိပ်နယ်ပေးပြီးရင်တော့ ရေအေးနဲ့ လောင်းပေးပါ။ နောက်ဆုံးမှာ ပျော့ဆေး သုံးပေးပါ …။

(၃) ဆား

ပါဝင်ပစ္စည်းများ – ဆား (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ရေ (၁ ခွက်)ရေကို အိုးထဲထည့်ပြီး အပူပေးပါ။

ဆားထည့်ပြီး ပျော်ဝင်သွားအောင် မွေပေးပါ။ ဆားပျော်သွားရင် မီးပိတ်ပြီးအအေးခံပေးပါ။ ဒီဆားရည် နဲ့ ဆံပင်ပေါ် လောင်းပေးပြီး ဦးရေပြားကို (၅) မိနစ်လောက် ညင်သာစွာ နှိပ်ပေးပါ …။

ပြီးရင်တော့ ခေါင်းလျှော်ရည် နဲ့ လျှော်ပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။ တစ်ပတ် (၂) ကြိမ် ပြုလုပ်ပေးပါ …။

Unicode

ဆားဖြင့် ဗောက်ပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်း(၃)မျိုး…

လူကြားသူကြားထဲမှာ ဗောက်ကြောင့် အဆက်မပြတ် ခေါင်းယားနေတာမျိုးတွေ၊ ခေါင်းပေါ်တို့ အင်္ကျီပေါ် ဗောက်ဖက်ဖြူဖြူ တွေ တင်နေတာမျိုးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းသွားစေပါတယ် …။

ကိုယ်ကိုယ်တိုင်လည်းနေရထိုင်ရတာ အဆင်မပြေစေတဲ့အပြင်ကိုမှ အလှအပရေးရာအတွက်ရော ကျန်းမာရေးရှုထောင့်ကပါ ကြည့်မယ်ဆိုရင် ဆိုးကျိူးတွေချည်းပဲရှိနေတတတ်တာကြောင့် ဗောက်ဆိုတဲ့အရာမျိုးက ဖြစ်ပြီဆိုတာနဲ့ ပျောက်ကင်းအောင် ကုသရမယ့်နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ် …။

ဒါဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ ဓာတ်တုပစ္စည်းမဟုတ်ဘဲ သဘာဝဆားကိုအသုံးပြုပြီး ဗောက်တွေကိုသေစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ချို့ ရှိနေနိုင် တာကြောင့် အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် …။

(၁) ဆား နဲ့ သံလွင်ဆီ”

ပါဝင်ပစ္စည်းများ – ပင်လယ်ဆား (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၁-၂ ဇွန်း )၊ သံပရိုရည် (စားပွဲတင်ဇွန်း ၁-၂ ဇွန်း ) ဇလုံထဲ ပါဝင်ပစ္စည်းတွေကို ရောပေါင်းပေးပါ …။ဆံပင်ကို ရေစွတ်ထားပြီး ရလာတဲ့အရောနဲ့ ဦးရေပြားပေါ် လိမ်းပေးပါ။ ဦးရေပြား တစ်ခုလုံး နှံ့အောင်လိမ်းပြီးပြီ ဆိုရင် နှိပ်နယ်ပေးပါ …။(၅) မိနစ်လောက်နှိပ်နယ်ပေးပြီးရင် ခေါင်းလျှော်ပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။ တစ်ပတ် (၂) ကြိမ်ပြုလုပ်ပေးပါ …။

(၂) ဆား နဲ့ ခေါင်းလျှော်ရည်”

ပါဝင်ပစ္စည်းများ – ဆား (စားပွဲတင်ဇွန်း တစ်ဝက်) ၊ ခေါင်းလျှော်ရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)ခေါင်းလျှော်ရည်ထဲ ဆားးထည့်ပေးပြီး မွှေပေးပါ။ ဆံပင်ကို ရေနွေးနဲ့ လောင်းပေးပြီး ဆားရောထားတဲ့ ခေါင်းလျှော်ရည် နဲ့ လျှော်လိုက်ပါ။ ဦးရေပြားကို နှိပ်နယ်ပေးပါ …။မိနစ် အနည်းငယ်လောက် နှိပ်နယ်ပေးပြီးရင်တော့ ရေအေးနဲ့ လောင်းပေးပါ။ နောက်ဆုံးမှာ ပျော့ဆေး သုံးပေးပါ …။

(၃) ဆား”

ပါဝင်ပစ္စည်းများ – ဆား (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ရေ (၁ ခွက်)ရေကို အိုးထဲထည့်ပြီး အပူပေးပါ။ ဆားထည့်ပြီး ပျော်ဝင်သွားအောင် မွေပေးပါ။ ဆားပျော်သွားရင် မီးပိတ်ပြီးအအေးခံပေးပါ။ ဒီဆားရည် နဲ့ ဆံပင်ပေါ် လောင်းပေးပြီး ဦးရေပြားကို (၅) မိနစ်လောက် ညင်သာစွာ နှိပ်ပေးပါ …။ပြီးရင်တော့ ခေါင်းလျှော်ရည် နဲ့ လျှော်ပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။ တစ်ပတ် (၂) ကြိမ် ပြုလုပ်ပေးပါ