Knowledge


ညအိပ်ခါနီးတိုင်း လုပ်သင့်တဲ့အရာ(၅)ချက်

သင့်အနေနဲ့နေ့တိုင်းမှာ ပြုလုပ်မိနေတဲ့အရာတွေက သင့်အလှအပကိုဖျက်ဆီးပစ်နေတဲ့ အရာတွေလည်းရှိတယ်ဆိုတာ သင်သတိထားမိရဲ့လား…။

ကဲဒီတော့… အစမသိသေးရင် အခုသိရတော့မှာဖြစ်လို့ ဒီအောက်ကအချက်တွေကို လုပ်မိနေပြီဆိုရင် အခုကစပြီး ပြင်လိုက်တော့နော်…။

(၁) မိတ်ကပ်ဖျက်ပါ…။

ညဘက်အိပ်ခါနီး မိတ်ကပ်ရောဖျက်ရဲ့လား…။ ညဘက်မိတ်ကပ်မဖျက်ပဲအိပ်လို့ လှမနေဘူးနော်…။ အလုပ်များလို့ မိတ်ကပ်မဖျက်နိုင်ဘူးဆိုပေမယ့် ညဘက်မှာတော့ လူတိုင်းသွားတိုက်ကြတာပဲလေး သွားတိုက်ခါနီးမှာ တစ်ခါထဲမိတ်ကပ်ဖျက်လိုက်ရင် အချိန်

လည်းပေးစရာမလိုတော့ဘူး မေ့မှာလည်းမပူရတော့ဘူးပေါ့…။ ဒီလိုမဟုတ်ဘဲ မိတ်ကပ်ကိုမဖျက်ပဲ အိပ်မယ်ဆိုရင်တော့ သင့်အတွက်မျက်နှာအရေပြားပြဿနာတွေကို ခံစားရစေနိုင်ပါတယ်…။

သင့်အိပ်နေတဲ့အချိန်တွေမှာ သင့်မျက်နှာအရေပြားပေါ်မှာရှိနေတဲ့ ဆဲလ်တွေက သူတို့ကိုယ်တိုင် ပြုပြင်ရတာတွေကိုလုပ်လေ့ရှိပါတယ်…။ ဒီလိုအခါမှာ သင့်မျက်နှာပေါ်က မိတ်ကပ်အကြွင်းအကျန်တွေဟာ သင့်မျက်နှာအရေပြားကို ပိတ်ဆို့မှုတွေဖြစ်ပေါ်စေတာ

ကြောင့် ဝက်ခြံတွေဖြစ်ပေါ်စေပါတယ်…။ သင့်မျက်နှာအသားအရေကို ချော့ချော့မွေ့မွေ့လေးနဲ့ ဝက်ခြံတွေကင်းပြီး လှပနေချင်တယ်ဆိုရင်တော့ ညအိပ်ခါနီးမှာ မမေ့မလျော့မိတ်ကပ်တွေကို ဖျက်ပါနော်…။

(၂) Hand Cream လိမ်းကြမယ်…။

တော်တော်များများကတော့ လက်အရေပြားကို သိပ်ပြီးဂရုမစိုက်မိကြပါဘူး…။ တကယ်တမ်းကျတော့ ဂရုစိုက်ရမယ့်ထဲမှာ လက်အရေပြားလည်းပါပါတယ်နော်…။ လှပတဲ့လက်ချောင်းလေးတွေ၊ ချောမွေ့တဲ့ လက်အသားအရေလေးကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိနေစေပါတယ်နော်…။

ကဲ… ဒီတော့ လှပတဲ့လက်လေးတွေရဖို့အတွက် ညအိပ်ရာဝင်ခါနီးမှာ လက်ကိုရေနွေးနွေးလေးနဲ့ဆေးပြီး လက်ကိုရေခြောက်အောင် နူးညံ့တဲ့အဝတ်လေးနဲ့ ညင်သာစွာသုတ်ပေးလိုက်ရပါမယ်နော်…။ ပြီးရင်တော့ မိမိအသားအရေနဲ့ လိုက်ဖက်စွာရွေးချယ်ဝယ်ယူထား

တဲ့ Hand Cream လေးလိမ်းပြီး အိပ်လိုက်ရုံပါပဲနော်…။ ဒီလိုမျိုး ညဘက်တိုင်းမှာ Hand Cream လေးလိမ်းပြီးအိပ်တဲ့ အကျင့်လေးကိုလည်း စွဲနေအောင်လုပ်နေရပါမယ်…။

(၃) ဆံပင်စည်းပါ

အိပ်ခါနီးရင်တော့ ဆံပင်စည်းပြီးအိပ်ပါနော်…။ ကဲ… သင့်စိတ်ထဲမှာ နားမလည်သလို ဖြစ်သွားတယ်မှတ်လား…။ ဟုတ်ပါတယ်… တကယ်လည်းနားမလည်ချင်စရာပါပဲ… ကျမတို့အရင်ထဲက စွဲလာတဲ့အကျင့်က အိပ်ခါနီးရင် စည်းထားတဲ့ဆံပင်ကိုဖြည်ပြီးမှပဲ အိပ်

ကြတာပါ…။
အခုကျတော့ စည်းပြီးအိပ်ရမယ်ဆိုတော့…။ ကဲ… ဘာကြောင့်စည်းပြီး အိပ်သင့်တာလဲ…။ ဆံပင်စည်းပြီး အိပ်တဲ့အခါမှာ ဆံပင်မှာရှိတဲ့

အဆီဓာတ်တွေကို ထိန်းထားပေးနိုင်တဲ့အပြင် ဆံပင်တွေမျက်နှာနဲ့ ထိတွေမှုကင်းဝေးတာကြောင့် ဝက်ခြံဖြစ်တာတွေကိုလည်း ကင်းဝေးစေပါတယ်နော်…။ ဆံပင်စည်းပြီး အိပ်ရင်တော့ နောက်နေ့မနက်မှာတော့ ဆံပင်တွေက စည်းထားတဲ့အရာတွေလိုဖြစ်နေမှာတော့ ရှိပါတယ်နော်…။ ဒါပေမယ့် စိတ်မပူပါနဲ့ ဆံပင်ပုံသွင်းလိုက်ရင် ပြန်အဆင်ပြေသွားမှာပါနော်…။

(၄) သွားတိုက်ပါ

ညအိပ်ခါနီးတိုင်း သွားတိုက်ရမယ်ဆိုတာ ငယ်ငယ်ထဲကသိလာတဲ့အရာတစ်ခုပါပဲနော်…။ အခုထိလည်းစွဲနေတဲ့ အကျင့်လေးတစ်ခုပေါ့…။ ညစာစားပြီးတိုင်း မိနစ် ၃၀ လောက်နေရင် သွားတိုက်ပေးပါ…။ ပြီးရင်တော့ Flossing ပိုးအပ်ချည်မျှင်နဲ့ သွားကြားထိုးပေးတာမျိုးလုပ်ပေးပါ…။ လုပ်ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ပလုတ်ကျင်းပေးသင့်ပါတယ်နော်…။

(၅) ကောင်းမွန်စွာ အိပ်စက်အနားယူပါ…။

အိပ်စက်ခြင်းကလူတိုင်းအတွက် မရှိမဖြစ်လိုပါတယ်နော်…။ တစ်နေ့ကို ၇-၈ နာရီကြာအောင် အိပ်စက်အနားယူပေးမှ မျက်လုံးအောက်မှာရှိတဲ့ မျက်အိတ်ညိုတာတွေမဖြစ်စေမှာပါ…။ တစ်နည်းပြောရင်တော့ မျက်ကွင်းညိုတာတွေကို မဖြစ်စေနိုင်ပါဘူး…။ မျက်ကွင်းတွေညိုနေတာကလည်း သင့်မျက်နှာအလှအပကို ပျက်ဆီးစေတဲ့ အချက်တစ်ချက်ပါပဲနော်…

သင်အိပ်ဖို့အတွက် အိပ်ခန်းထဲကိုဝင်လိုက်ပြီဆိုတာနဲ့ လျှပ်စစ်မီးတွေအကုန်လုံးကိုပိတ်လိုက်ပါ…။ မီးတွေမှောင်နေတာကလည်း သင့်ကိုပိုပြီးအိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်…။ နောက်တစ်ချက်ကတော့ သင်အိပ်တော့မယ်ဆိုရင် သင့်ရဲ့ဖုန်းတွေ၊ လက်တော့တွေ၊ တီဗွီတွေအကုန်လုံးကို မသုံးမိတော့အောင်ဆင်ခြင်ပြီးနေရမယ်နော်…။

အလှအပဆိုတာ လူတိုင်းအတွက်အရေးကြီးတဲ့ အရာတစ်ခုပါနော်…။ ဒါကြောင့် အမြဲတမ်းလှနေအောင် လိုက်လုပ်သင့်တဲ့အရာလေးတွေကိုလည်း ဂရုတစိုက်နဲ့ ညအိပ်ခါနီးတိုင်းမှာ လိုက်လုပ်သင့်ပါတယ်နော်