Knowledge

ချောင်းအခြောက်ရော ၊ ချောင်းအစိုပါ ဆိုးနေတဲ့သူတွေအတွက်ဆေးနည်း

ချွဲအရမ်းကပ် ၊ ချောင်း​အ​​​​​​ခြောက်ရော ချောင်းအစိုပါ ဆိုးနေတဲ့သူတွေခုနည်းကို လုပ်ကြည့်ပါနော်..။
အုန်းအုန်းနဲ့အသေကြေဆိုးနေတာ
ဘေးကလူပါနားထောင်ရတာ စိတ်မချမ်းသာရတဲ့ ရောဂါ ချောင်းဆိုးရင်း အသံ​တွေဝင် အသံတွေအက်ကွဲ လည်ပင်းတွေအက်ကွဲ အတော်ခံရခက်တဲ့ရောဂါပါ ။

(3)လကြာ​အောင် ချောင်းအရမ်းဆိုးခဲ့ဖူးပါတယ် တီဘီ ရောဂါလားစစ်ကြည့်တော့လဲ မဟုတ်ခဲ့ဘူး
သာမာန်ချောင်းဆိုးတဲ့ English ဆေးအမျိုးအစုံကို သောက်ခဲ့တယ် ​ဆေးခန်းလဲစုံ​ပြီ လုံးဝမသက်သာပါဘူး အဲ့တုန်းက လူလဲပိန်ချုံး​​ပြီး မျက်နာတွေလဲ ချောင်ကျ အတော်ခံခဲ့ရတဲ့ အချိန်​ပေါ့။

အရမ်းမသက်သာလို့ လုပ်မိလုပ်ရာ အာ​ဂေါင်တွေထဲ ပရုတ်ဆီ တွေကို လက်နဲ့ထိုးပြီးပွတ် အယူလောင်ပြီးများချွဲကင်းစင်ပြီး သက်သာမလားစိတ်နဲ့😥

နောက်ဆုံးလက်နက် ရဲယိုရွက်ကို ထောင်း
အရည်ညစ် (အဲ့တုံးက ​ကြိတ်စက်တွေ​ခေတ်မရှိ​သေး)ရလာတဲ့ အရည်ကို ထမင်းစားစွန်း တစ်ဇွန်းသောက် ရမည် ပြီးလျှင် ​ရေ​နွေးလေး သောက်ချရမည် ပိုနေသေးလျှင်ရေခဲသေတ္တာထဲသိမ်းထားပေးပါ နောက်နေ့သောက်လို့ရပါတယ်။

(3)လအသေအ​ကြေဆိုးလာတဲ့ ချောင်းဆိုးခြင်းက နောက်နေ့သူမဟုတ်သလိုပဲ ​​ပျောက်သွားတာပါ တစ်ဇွန်းနဲ့ကိုသိသာပါတယ်။ မသက်သာလျှင် နောက်တနေ့တစ်ဇွန်းထပ်သောက်ပေးပါ ။

ကျန်းမာရေးအတွက် အလွန့်အလွန်အသုံးတည့်တဲ့ အရွက် မို့ ဘေးထွက်ဆိုးကျိုးလဲမရှိပါဘူး အရွက်ကို ငါးခူ(သို့)အသားတစ်မျိုးမျိုးနဲ့ ချဥ်ငံစပ်လေး အရွက်ကြော်စားပါ တစ်ပတ်တစ်ခေါက်လောက် စား​ပေးရင်ကို အတော်လေးအကျိူးဖြစ်ပါတယ်။ ငါးရံ့ပတူရွက်​ပြီးလျှင် ဒုတိယ သံဓာတ်အများဆုံး ပါဝင်တဲ့ အရွက်ပါ။

ကိုယ်အလို​သောက်ပြီး အဲ့နောက်ပိုင်း

ချောင်းဆိုးတယ်ဆိုတာ အတော်ရှားပါတယ် တော်ရုံ ဖျားနာတာ အချိုတွေစားတာတို့ဆို
​တော်ရုံကို ချောင်းမဆိုးတော့ပါ ။ ​ချောင်းနဲ့အတော်ဝေးသွားပါတယ် ၊
ကိုယ်တကယ်ဖြစ်ခဲ့တဲ့အတွေ့အကြုံကို sharingလုပ်တာပါ ။

ရင်ဘတ်တွေ၊ ကျော​တွေနာတဲ့အထိ ခံရခက်အောင် ဆိုးနေတာ၊ ချောင်းဆိုးတာအရမ်းများပြီး အောက်ဆီဂျင်မကျပဲ ချွဲအရမ်းကြပ်ပြီး သေဆုံးသူတွေလဲ မြင်ရတာကြောင့် ကုသိုလ်ယူ sharingလုပ်ပေးတာပါ။
ကိုယ်တိုင်အတွေ့အကြုံပါ ခုရက်ပိုင်း ကိုယ့်ရဲ့အသိမိတ်ဆွေတွေကို အဲ့နည်းအတိုင်းသောက်ခိုင်းတာ အပေါ်ကပြောခဲ့သလို အရမ်းထိရောက်တာမို့ publicမှာ ကုသိုလ်ယူတာပါ ။ ။

credit – War War

မေတ္တာဖြင့်-အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့