ဟာသ

ပုဂံခေတ်က ကျိန်စာထက် ကြောက်စရာကောင်းသော ကျိန်စာ ( ဖတ်ကြည့် )

မွေးနေ့တိုင်း ၀က်ခြံပေါက်ပါစေ…

ပရင့်ထုတ်တိုင်း စာရွက်ခေါက်ပါစေ။

ပိုက်ဆံအမ်းတိုင်း အကြွေစုတ်နဲ့ ညားပါစေ…

အလကားနေရင်း ဖုန်းဘက်ထရီ အကုန်မြန်ပါစေ။

စာရိုက်တိုင်း မဆေ့ဖ်ခင် ရီစတက်ကျပါစေ……

ခြေအိတ်လျှော်တိုင်း တစ်ဖက်ပျောက်ပါစေ။

သွားလေရာ ထွက်ဖစ် ဂျမ်းပါစေ…

ရေသန့်ဘူး အသစ်ဖောက်သောက်တိုင်း

အဖုံးလွတ်ကျပါစေ…

လိုင်းပေါ်တက်တိုင်း အဝိုင်းလည်ပါစေ။

တစ်အိမ်လုံး ခရီးသွားတိုင်း

သရဲကားကြည့်မိပါစေ…

တက်စီငှားတိုင်း ရပ်ကွက်ထဲမ၀င်ပေးဘဲ

လမ်းထိပ်မှာ ရပ်ပါစေ…

အိမ်သာတက်တိုင်း

အားပြင်းတဲ့ ရေပိုက်ခေါင်းနဲ့ ကြုံပါစေ။

Uniball ၀ယ်တိုင်း

မင်မကုန်ခင် ဘောသီးကြွေပါစေ။

မုန့်ဟင်းခါးစားတိုင်း

ဟင်းရည်အဆစ်မပေးတဲ့ဆိုင်နဲ့ ကြုံပါစေ။

အီးမေးလ်ပို့တိုင်း

အတက်ချမန့် fail ပါစေ…

၀က်သားတုတ်ထိုးဆိုင်ထိုင်တိုင်း

လျှာကုန်နေပါစေ။

ဖိနပ်အသစ်စီးတဲ့နေ့တိုင်း

မိုးရွာဗွက်ထပါစေ…

ဖေ့စ်ဘုတ်မှာ ဂရုပုံ

သူများတင်တိုင်း ကိုယ်ရုပ်ဆိုးတဲ့ပုံ ဖြစ်ပါစေ…

ရုံးကန္နားသွားရတိုင်း

ထမင်းစားဆင်းတာနဲ့ ကြုံပါစေ…

အပြင်ထွက်တိုင်း အိမ်ထဲမှာ သော့ကျန်ပါစေ။

အစည်းအဝေးခန်းထဲမှာ

အီးခိုးပေါက်တိုင်း အကျယ်ကြီးဖြစ်ပါစေ…

ကြေးအိုးစားတိုင်း ဆံပင်မွေးပါပါစေ…

အိတ်စပရက်စီးတိုင်း ပေါကားဖွင့်ပါစေ။

ဘဏ်သွားတိုင်း အရွက်လျော့ပါစေ…

တန်းစီတိုင်း ကိုယ်စီမိတဲ့လိုင်း နှေးပါစေ။

ပူတဲ့ညတိုင်း အဲကွန်းဖွင့်ဖို့

မီးအားမပြည့်ပါစေ…

မင်္ဂလာဆောင်သွားတိုင်း

parking ခက်ပါစေ။

လက်ဖက်ရည်ဆိုင်ထိုင်တိုင်း

စားပွဲထိုး ခေါ်မရပါစေ…

ရပ်ကွက်ထဲမှာ အလှူခံ မဏ္ဍပ်ဆောက်တိုင်း

လော်စပီကာ ကိုယ့်အိမ်ဖက်လှည့်ပါစေ…

သီချင်းနားထောင်တိုင်း အခွေထစ်ပါစေ။

အိပ်ရာ၀င်တိုင်း ခြင်တစ်ကောင် ဝီပါစေ…

နှိုးစက်မြည်တိုင်း အိပ်ကောင်းပါစေ…

တရေးနိုး ရှူးရှူးထပေါက်တိုင်း

ခြေသန်းလေးနဲ့ ခလုတ်တိုက်ပါစေ…

အိမ်မှာနားနေတိုင်း အလှူခံတံခါးခေါက်ပါစေ…

ထမင်းစားတိုင်း သွားကြားညှပ်ပါစေ။

မိုးရွာတိုင်း ထီးလန်ပါစေ…

အာလူးကြော်၀ယ်စားတိုင်း

ဆီချေးစော် နံပါစေ…

အင်္ကျီ၀ယ်တိုင်း တစ်ဆိုဒ်သေးပါစေ…

ဓာတ်ပုံရိုက်တိုင်း မျက်လုံးမှိတ်ပါစေ…

အလျင်လိုတိုင်း အင်္ကျီကြယ်သီးလွဲပါစေ။

ရုပ်ရှင်သွားကြည့်တိုင်း ရုံထဲမှာ အိပ်ပျော်ပါစေ…

ဒိုင်းယက် ၁ ခါလုပ်တိုင်း

၀ိတ်၂ပေါင် တက်ပါစေ သတည်း။

crd_to_owner

နော်ဂဲလယ်ထူး (စာပေပရဟိတ)





























ရုံးကန်နားသှားရတိုငျး














စားပှဲထိုး ခေါျမရပါစေ…

ရပျကှကျထဲမှာ အလှူခံ မဏ်ဍပျဆောကျတိုငျး


















crd_to_owner
