ဟာသ

လိုင်းပေါ်ကမိုဘိုင်းဂိမ်းကစားရင်း ချစ်ကျွမ်းဝင်ခဲ့သော မိန်းမလှလေးတစ်ဦးနှင့် အပြင်မှာတွေ့ရန်ချိန်းဆိုခဲ့သော ကောင်လေးဧ။် ကြေကွဲစရာဖြစ်ရပ်

ခေတ်ကာလအခြေအနေအရ အွန်လိုင်းဂိမ်းများ အမျိုးမျိုးထွက်ပေါ်လာပြီး လူတော်တော်များများမှာ မိုဘိုင်းဂိမ်းများဆော့ရင်းဖြင့် သူတို့ဧ။် အချိန်တွေကို ကုန်ဆုံးလာတတ်ပါသည်။

အွန်လိုင်းဂိမ်းထဲတွင် လူအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် တွေ့ဆုံရခြင်းကြောင့် အချို့မှာ ဂိမ်းဆော့ရင်းချစ်သူတွေဖြစ်သွားကြပြီး အချို့ကတော့ အပြင်မှာတကယ် လက်ထပ်သွားကြသည့် ဇနီးမောင်နှံများလည်း ရှိပါသည်။

ယခုအခါတွင်လည်း တရုတ်နိုင်ငံရှိ နန်ကျင်းမြို့တွင် နေထိုင်သော လီနမ်အမည်ရ အသက် ၂၃နှစ်အရွယ်ကောင်လေးတစ်ဦးသည် မိုဘိုင်းဂိမ်းကစားရခြင်းကို အထူးနှစ်သက်ခဲ့သည်။

ထိုသို့ကစားခဲ့ရာ မထင်မှတ်ဘဲ ချောမောလှပြီး စကားသံချိုသာသော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရင်း ချစ်မိသွားခဲ့သည်။ထို့ကြောင့် ကောင်မလေးအား အပြင်မှာတွေ့ပြီး ချစ်ရေးဆိုမည်ဟု ဆုံးဖြတ်ကာ စားသောက်ဆိုင်တစ်ဆိုင်တွင် ချိန်းဆိုလိုက်သည်။

ထို့နောက် လီနမ်သည် စားသောက်ဆိုင်တွင် အရင်ရောက်နှင့်နေပြီး ဂိမ်းထဲက မိန်းကလေးအလာကို စောင့်မျှော်နေခဲ့သည်။ထိုအချိန်တွင် ထင်မှတ်မထားဘဲ သူချိန်းဆိုခဲ့သော နေရာကိုအသက်၂၀အရွယ် ခပ်ချောချောမိန်းကလေးမဟုတ်ဘဲ အသက် ၅၀အရွယ် အဒေါ်ကြီး တစ်ယောက်သာ ရောက်လာခဲ့သည်။

 

ထိုအဖြစ်ကို ကြုံတွေ့ခဲ့ရသော လီနမ်တစ်ယောက် အရမ်းအံ့အားသင့်ခဲ့ရသော်လည်း သူ့ဖက်ကချိန်းဆိုခဲ့သည့်အတွက် အစားအစာများနှင့် ဧည့်ခံကျွေးမွေးခဲ့သည်။

ထိုအဖြစ်အပျက်အပြီးတွင် လီနမ်သည် အွန်လိုင်းပေါ်ကနေ အပြင်မှာ ချိန်းတွေ့ခြင်းကို ဘယ်တော့မှ လုပ်တော့မည်မဟုတ်ကြောင်း သူကြုံတွေ့ခဲ့သော ဖြစ်စဉ်ကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing(Love Feeling )

Zawgyi

လိုင္းေပၚကမိုဘိုင္းဂိမ္းကစားရင္း ခ်စ္ကြၽမ္းဝင္ခဲ့ေသာ မိန္းမလွေလးတစ္ဦးႏွင့္ အျပင္မွာေတြ႕ရန္ခ်ိန္းဆိုခဲ့ေသာ ေကာင္ေလးဧ။္ ေၾကကြဲစရာျဖစ္ရပ္

ေခတ္ကာလအေျခအေနအရ အြန္လိုင္းဂိမ္းမ်ား အမ်ိဳးမ်ိဳးထြက္ေပၚလာၿပီး လူေတာ္ေတာ္မ်ားမ်ားမွာ မိုဘိုင္းဂိမ္းမ်ားေဆာ့ရင္းျဖင့္ သူတို႔ဧ။္ အခ်ိန္ေတြကို ကုန္ဆုံးလာတတ္ပါသည္။

အြန္လိုင္းဂိမ္းထဲတြင္ လူအမ်ိဳးမ်ိဳး ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေတြ႕ဆုံရျခင္းေၾကာင့္ အခ်ိဳ႕မွာ ဂိမ္းေဆာ့ရင္းခ်စ္သူေတြျဖစ္သြားၾကၿပီး အခ်ိဳ႕ကေတာ့ အျပင္မွာတကယ္ လက္ထပ္သြားၾကသည့္ ဇနီးေမာင္ႏွံမ်ားလည္း ရွိပါသည္။

ယခုအခါတြင္လည္း တ႐ုတ္ႏိုင္ငံရွိ နန္က်င္းၿမိဳ႕တြင္ ေနထိုင္ေသာ လီနမ္အမည္ရ အသက္ ၂၃ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဦးသည္ မိုဘိုင္းဂိမ္းကစားရျခင္းကို အထူးႏွစ္သက္ခဲ့သည္။

ထိုသို႔ကစားခဲ့ရာ မထင္မွတ္ဘဲ ေခ်ာေမာလွၿပီး စကားသံခ်ိဳသာေသာ မိန္းကေလးတစ္ဦးႏွင့္ ဆုံေတြ႕ခဲ့ရင္း ခ်စ္မိသြားခဲ့သည္။ထို႔ေၾကာင့္ ေကာင္မေလးအား အျပင္မွာေတြ႕ၿပီး ခ်စ္ေရးဆိုမည္ဟု ဆုံးျဖတ္ကာ စားေသာက္ဆိုင္တစ္ဆိုင္တြင္ ခ်ိန္းဆိုလိုက္သည္။

ထို႔ေနာက္ လီနမ္သည္ စားေသာက္ဆိုင္တြင္ အရင္ေရာက္ႏွင့္ေနၿပီး ဂိမ္းထဲက မိန္းကေလးအလာကို ေစာင့္ေမွ်ာ္ေနခဲ့သည္။ထိုအခ်ိန္တြင္ ထင္မွတ္မထားဘဲ သူခ်ိန္းဆိုခဲ့ေသာ ေနရာကိုအသက္၂၀အ႐ြယ္ ခပ္ေခ်ာေခ်ာမိန္းကေလးမဟုတ္ဘဲ အသက္ ၅၀အ႐ြယ္ အေဒၚႀကီး တစ္ေယာက္သာ ေရာက္လာခဲ့သည္။

ထိုအျဖစ္ကို ႀကဳံေတြ႕ခဲ့ရေသာ လီနမ္တစ္ေယာက္ အရမ္းအံ့အားသင့္ခဲ့ရေသာ္လည္း သူ႔ဖက္ကခ်ိန္းဆိုခဲ့သည့္အတြက္ အစားအစာမ်ားႏွင့္ ဧည့္ခံေကြၽးေမြးခဲ့သည္။

ထိုအျဖစ္အပ်က္အၿပီးတြင္ လီနမ္သည္ အြန္လိုင္းေပၚကေန အျပင္မွာ ခ်ိန္းေတြ႕ျခင္းကို ဘယ္ေတာ့မွ လုပ္ေတာ့မည္မဟုတ္ေၾကာင္း သူႀကဳံေတြ႕ခဲ့ေသာ ျဖစ္စဥ္ကို လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Hlaing(Love Feeling )