ဟာသ

ဘုန်းကြီးကျောင်းသားရေးတဲ့ ရည်းစားစာ..ဘဝအမောတွေ ပြေပျောက်ကြပါစေ…

မပြုံးဘဲ ဝါးလုံးကွဲ ရယ်နိုင်ကြကာ ဘဝအမောတွေ ပြေပျောက်ကြပါစေ)

ဘုန်းကြီးကျောင်းသားဆိုပေသည့်အထင်တော့မသေးနဲ့ တောက်မယ့် ဂတ်စ်မီး တရွှီးရွှီးဆိုသလို(အခုခေတ်က ဂတ်စ်မီးသုံးနေကြပြီး)၊ငယ်ငယ်ထဲက စာပေဝါသနာပါတာ။ဒါပေမယ့် ဒီကောင်စာရေးတော့ တော်တယ်။

လူပျိုပေါက်အရွယ်ရောက်တော့ ဒီကောင်စိတ်ကလှုပ်ရှားနေပြီ။

ရည်းစားစာတွေဘာတွေ ရေးတတ်နေပြီ ..တစ်နေ့တော့ ရပ် ကွက်ထဲကောင်မလေးတစ်ယောက်ကိုရည်စားစာပေးလိုက်တာဟိုကောင်မလေးက ဘုမသိ ဘမသိနဲ့သူ့အမေသွားပြလို့ သူ့အမေကဆ ရာတော်ကိုလာလျှောက်တယ်။

ဆရာတော်ကိုလျှောက်တော့ ဆရာတော်က အေးအေး ငါဆုံးမထားလိုက်မယ်ဆိုပြီးစာရွက်ကိုသက်သေအဖြစ် ယူထားလိုက်တယ်။

ညဘုရားဝတ်ပြုပြီးတော့ သြဝါဒပေးတယ်။ လိမ်လိမ်မာမာနေဖို့နဲ့ စာကြိုးစားဖို့ပါပဲ ခဏနေတော့ ဆရာတော်ကကျောင်း သားကြီးတစ်ယောက်ကို အထခိုင်းပြီး”အေး ငအောင်မျိုး ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ကို စာပေးတယ်လို့သူ့အမေက ငါ့ကို လာလျှောက်တယ်။

ဘာတွေ ရေးထားလည်း အားလုံးကြားအောင်ဖတ်ပြလိုက်စမ်း “

ကျောင်းသားကြီးမှာအားလုံးကြားအောင်အသံနေအသံထားဖြင့် အသံကိုမြှင့်၍ ဖတ်လေသည်။

အားလုံးတိတ်ဆိတ်ငြိမ်သက်နေရာထိုကျောင်းသား အသံမှာဟိန်းထွက်နေလေသည်။

ကျောင်းသားကြီးမှအောက်ပါအတိုင်း စ၍ဖတ်လိုက်သည်။ကောင်းကင်ဆိုတာအာကာသ တောင်ပြင်ဆိုတာဒက္ခိဏ ကိုယ့်ရင်ထဲမှာ မင်းရှိမှ။

ဟိုက် တယ်ဆိုတဲ့စာပါလား..ဘုန်းကြီးကျောင်းသားလို့မပြောရဘူးပါဠိလိုတွေရောပါသဟ..ဆက်ဖတ်တယ်။

စတုဒိသာလေးမျက်နှာ အဋ္ဌဒိသာ ရှစ်မျက်နှ ာကိုယ့်ရင်ထဲမှာ မင်းမျက်နှာ။

အလဲ့ မသိရင် မေတ္တာပို့လိုလိုဘာလိုလိုနဲ့လက်အုပ်ပဲချီးရတော့မလိုလိုစာသားတွေက သူနဲ့နီးစပ်တဲ့ ကြေးစည်ရနံ့ ရောနေပါနေတယ်..

အားလုံး အူနှိပ်ပြီးရယ်နေကြပြီး။ ဆရာတော်က ယပ်တောင်ကွယ်၍ဣန္ဒြေဆယ်တော်မူ၏ ဆက်ဖတ်လေ။

အကြင်သူသည် ယော ထိုသူဆိုတာ သော ငါ့ကိုချစ်ရင် ပြန်၍ပြော။

ဟိုက်.. ဟားး ဟားးးအားလုံးမျက်ရည်တွေထွက်ကုန်ပြီး ရယ်ကြတာ..ငအောင်မျိုး ခမျာ မှာမျက်လုံးကလယ်ကလယ်နဲ့သူပါ ရှက်ပြီး လိုက်ရယ်တယ်။

မူရင်း Credit

Zawgyi

မျပဳံးဘဲ ဝါးလုံးကြဲ ရယ္နိုင္ၾကကာ ဘဝအေမာေတြ ေျပေပ်ာက္ၾကပါေစ)

ဘုန္းႀကီးေက်ာင္းသားဆိုေပသည့္အထင္ေတာ့မေသးနဲ႔ ေတာက္မယ့္ ဂတ္စ္မီး တရႊီးရႊီးဆိုသလို(အခုေခတ္က ဂတ္စ္မီးသုံးေနၾကၿပီး)၊ငယ္ငယ္ထဲက စာေပဝါသနာပါတာ။ဒါေပမယ့္ ဒီေကာင္စာေရးေတာ့ ေတာ္တယ္။

လူပ်ိဳေပါက္အရြယ္ေရာက္ေတာ့ ဒီေကာင္စိတ္ကလႈပ္ရွားေနၿပီ။

ရည္းစားစာေတြဘာေတြ ေရးတတ္ေနၿပီ ..တစ္ေန႔ေတာ့ ရပ္ ကြက္ထဲေကာင္မေလးတစ္ေယာက္ကိုရည္စားစာေပးလိုက္တာဟိုေကာင္မေလးက ဘုမသိ ဘမသိနဲ႔သူ႔အေမသြားျပလို႔ သူ႔အေမကဆ ရာေတာ္ကိုလာေလၽွာက္တယ္။

ဆရာေတာ္ကိုေလၽွာက္ေတာ့ ဆရာေတာ္က ေအးေအး ငါဆုံးမထားလိုက္မယ္ဆိုၿပီးစာရြက္ကိုသက္ေသအျဖစ္ ယူထားလိုက္တယ္။

ညဘုရားဝတ္ျပဳၿပီးေတာ့ ၾသဝါဒေပးတယ္။ လိမ္လိမ္မာမာေနဖို႔နဲ႔ စာႀကိဳးစားဖို႔ပါပဲ ခဏေနေတာ့ ဆရာေတာ္ကေက်ာင္း သားႀကီးတစ္ေယာက္ကို အထခိုင္းၿပီး”ေအး ငေအာင္မ်ိဳး ရပ္ကြက္ထဲက ေကာင္မေလးတစ္ေယာက္ကို စာေပးတယ္လို႔သူ႔အေမက ငါ့ကို လာေလၽွာက္တယ္။

ဘာေတြ ေရးထားလည္း အားလုံးၾကားေအာင္ဖတ္ျပလိုက္စမ္း “

ေက်ာင္းသားႀကီးမွာအားလုံးၾကားေအာင္အသံေနအသံထားျဖင့္ အသံကိုျမႇင့္၍ ဖတ္ေလသည္။

အားလုံးတိတ္ဆိတ္ၿငိမ္သက္ေနရာထိုေက်ာင္းသား အသံမွာဟိန္းထြက္ေနေလသည္။

ေက်ာင္းသားႀကီးမွေအာက္ပါအတိုင္း စ၍ဖတ္လိုက္သည္။ေကာင္းကင္ဆိုတာအာကာသ ေတာင္ျပင္ဆိုတာဒကၡိဏ ကိုယ့္ရင္ထဲမွာ မင္းရွိမွ။

ဟိုက္ တယ္ဆိုတဲ့စာပါလား..ဘုန္းႀကီးေက်ာင္းသားလို႔မေျပာရဘူးပါဠိလိုေတြေရာပါသဟ..ဆက္ဖတ္တယ္။

စတုဒိသာေလးမ်က္ႏွာ အ႒ဒိသာ ရွစ္မ်က္ႏွ ာကိုယ့္ရင္ထဲမွာ မင္းမ်က္ႏွာ။

အလဲ့ မသိရင္ ေမတၱာပို႔လိုလိုဘာလိုလိုနဲ႔လက္အုပ္ပဲခ်ီးရေတာ့မလိုလိုစာသားေတြက သူနဲ႔နီးစပ္တဲ့ ေၾကးစည္ရနံ့ ေရာေနပါေနတယ္..

အားလုံး အူႏွိပ္ၿပီးရယ္ေနၾကၿပီး။ ဆရာေတာ္က ယပ္ေတာင္ကြယ္၍ဣေျႏၵဆယ္ေတာ္မူ၏ ဆက္ဖတ္ေလ။

အၾကင္သူသည္ ေယာ ထိုသူဆိုတာ ေသာ ငါ့ကိုခ်စ္ရင္ ျပန္၍ေျပာ။

ဟိုက္.. ဟားး ဟားးးအားလုံးမ်က္ရည္ေတြထြက္ကုန္ၿပီး ရယ္ၾကတာ..ငေအာင္မ်ိဳး ခမ်ာ မွာမ်က္လုံးကလယ္ကလယ္နဲ႔သူပါ ရွက္ၿပီး လိုက္ရယ္တယ္။

မူရင္း Credit