ဟာသ

တစ်ခါတုန်းက အပျိုကြီးတစ်ယောက် ယောကျ်ားသိပ်လိုချင်လွန်းလို့ ဗေဒင်ဆရာကို အကူအညီ သွားတောင်းတဲ့ အဖြစ်

တစ်ခါတုန်းက အပျိုကြီးတစ်ယောက်၊

ယောကျ်ားသိပ်လိုချင်လွန်းလို့ ဗေဒင်ဆရာကို အကူအညီ သွားတောင်းသတဲ့၊

ဗေဒင်ဆရာက” ဒီည သန်းခေါင်ကျော်မှာ ရွာထဲဝင်ပြီးစနည်းနာကြည့်ပါ၊တစ်ဂဏန်း အသံကြားရင် ၁- လအတွင်းရမယ်။နှစ်ဂဏန်းအသံကြားရင်၂ – လအတွင်း ရမယ် စသဖြင့်အတိတ်ကောက်ပေါ့လေ။

ဒါနဲ့ အပျိုကြီးလည်း စနည်းနာ ထွက်သပေါ့၊ညသန်းခေါင် လူခြေတိတ်ချိန်ဆိုတော့ တစ်ရွာလုံးဟောက်သံကလွဲလို့တိတ်ဆိတ်နေတယ်။

ရွာအစွန်နားရောက်တော့မှ အဖိုးအိုတစ်ဦးဘုရားဝတ်တက်သံလို သဲ့သဲ့ကြားတော့ခပ်သုတ်သုတ်ပြေးသွားပြီး နားထောင်တယ်။

စိတ်ထဲကတော့ အပါယ် ၄- ပါးတို့ကပ် ၃ -ပါးတို့ဆိုတဲ့အသံ ကြားရရင်တော့မဆိုးလှဘူး။စောင့်ရ သုံး လေးလပေါ့ အတွေးလေးနဲ့။

အနားရောက်လို့ အသံကွဲကွဲပြားပြားကြားလိုက်တာက” အစိန္တေယျ အစိန္တေယျ အပ္ပမေယျ အပ္ပမေယျ…လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း…ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း” !ဆိုတဲ့အသံကြားလိုက်ရောအပျိုကြီး လက်နှစ်ဖက်နဲ့ နားကိုပိတ်ပြေးတော့တာတန်းနေတာပဲလေ…..

Credit. Myo Htun

တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္၊

ေယာက်္ားသိပ္လိုခ်င္လြန္းလို႔ ေဗဒင္ဆရာကို အကူအညီ သြားေတာင္းသတဲ့၊

ေဗဒင္ဆရာက” ဒီည သန္းေခါင္ေက်ာ္မွာ ႐ြာထဲဝင္ၿပီးစနည္းနာၾကည့္ပါ၊တစ္ဂဏန္း အသံၾကားရင္ ၁- လအတြင္းရမယ္။ႏွစ္ဂဏန္းအသံၾကားရင္၂ – လအတြင္း ရမယ္ စသျဖင့္အတိတ္ေကာက္ေပါ့ေလ။

ဒါနဲ႔ အပ်ိဳႀကီးလည္း စနည္းနာ ထြက္သေပါ့၊ညသန္းေခါင္ လူေျခတိတ္ခ်ိန္ဆိုေတာ့ တစ္႐ြာလုံးေဟာက္သံကလြဲလို႔တိတ္ဆိတ္ေနတယ္။

႐ြာအစြန္နားေရာက္ေတာ့မွ အဖိုးအိုတစ္ဦးဘုရားဝတ္တက္သံလို သဲ့သဲ့ၾကားေတာ့ခပ္သုတ္သုတ္ေျပးသြားၿပီး နားေထာင္တယ္။

စိတ္ထဲကေတာ့ အပါယ္ ၄- ပါးတို႔ကပ္ ၃ -ပါးတို႔ဆိုတဲ့အသံ ၾကားရရင္ေတာ့မဆိုးလွဘူး။ေစာင့္ရ သုံး ေလးလေပါ့ အေတြးေလးနဲ႔။

အနားေရာက္လို႔ အသံကြဲကြဲျပားျပားၾကားလိုက္တာက” အစိေႏၲယ် အစိေႏၲယ် အပၸေမယ် အပၸေမယ်…ေလးသေခ်ၤနဲ႔ ကမာၻတစ္သိန္း…ရွစ္သေခ်ၤနဲ႔ ကမာၻတစ္သိန္း” !ဆိုတဲ့အသံၾကားလိုက္ေရာအပ်ိဳႀကီး လက္ႏွစ္ဖက္နဲ႔ နားကိုပိတ္ေျပးေတာ့တာတန္းေနတာပဲေလ…..

Credit. Myo Htun