ဗေဒင် သိပ်မယုံတတ်တဲ့ ကိုယ်တောင် ဟာ ခနဲ ဖြစ်သွားတဲ့ ဟောစာတမ်း
ဇန်နဝါရီ
ဇန်နဝါရီ လမှာ မွေးဖွားသူတွေကတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ရဲ့မွေးနေ့ဟာ ၁ လပိုင်းအတွင်း ကျရောက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ လမ်းလျှောက်ရင် ဘယ်တစ်လှမ်း၊ ညာတစ်လှမ်း လျှောက်ကြသူများ ဖြစ်ကြပြီး ရေများများသောက်ရင် သေးများများပေါက်တတ်တာကိုတော့ သတိထားသင့်ပါတယ်။
#ဖေဖော်ဝါရီ
ဖေဖော်ဝါရီ လမှာ မွေးဖွားသူတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ အသက်တွေ ကြီးကြီးလာတတ်ပြီး ၂၀၁၇ အတွင်းမှာတော့ ထမင်းစား ပြီးတိုင်း ဗိုက်မဆာတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ဆောရန်၊ ရှောင်ရန်တွေကတော့ ကားလမ်းကူးရင် ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့် ပြီးရင်ကူးဆိုတဲ့ ယတြာလေးကို ပြုလုပ်ပေးနိုင်ပါတယ်။
#မတ်
မတ်လ မှာမွေးဖွားသူတွေကတော့ မွေးလနာမည်နဲ့ တိုက်ဆိုင်စွာပဲ လမ်းလျှောက်ရင် မတ်တပ်အရင် ထရပ်ကြတဲ့ သူမျိုးဖြစ်ပါတယ်။ သူတို့တွေဟာ နေပူထဲအထွက်များတာမျိုး၊ ကမ်းခြေ ပင်လယ် တွေမှာ ရေကူးတာမျိုးပြုလုပ်မိရင် အသားမဲတတ်တာမို့ အသားမမဲချင်ရင်တော့ အဲ့ဒီအချက်တွေကို ရှောင်ပါ။
#ဧပြီ
ဧပြီ လမှာ မွေးဖွားသူ တွေဟာ အများအားဖြင့် ခေါင်းမှာဆံပင်ပေါက်တတ်ပြီး နားရွက်တွေဟာ ဘယ်တစ်ဖက်၊ ညာတစ်ဖက်သာ ရှိကြပါတယ်။ ရေသောက်များပါက ရှုရှုးပေါက်ရင် အဝေးကြီးရောက်တတ်တဲ့ လူစားမျိုးတွေပါ။
#မေ
မေလ မှာ မွေးဖွားသူ လို့ ဆိုခဲ့တဲ့အတိုင်းပဲ သူတို့တစ်ဦးခြင်းဆီမှာ ကိုယ်ပိုင်အမေတစ်ဦးဆီ ရှိကြပါတယ်။ ဘတ်စ်ကားစီးရင် အပေါက်ဝနားပိတ်မရပ်ပါနဲ့၊ စပယ်ရာဟောက်တာကို ခံရတတ်သလို၊ တစ်ခါတစ်ရံမှာ အကြွေလည်း ပြန်အမ်းမခံရပါဘူး။
#ဇွန်
ဇွန်လ မှာ မွေးဖွားသူ အားလုံးလိုလိုဟာ ဘယ်လောက်ပဲ ရာထူးကြီးကြီး အိမ်သာတတ်ရင် ဖင်လှန်တက်ကြရပါတယ်။ အိမ်သာတက်ပြီး ဖင်မဆေးရင်တော့ ဖင်ဝဲပေါက်တတ်သလို၊ ကိစ္စပြီးရင် ရေလောင်းဖို့ မမေ့သင့်ပါဘူး။
#ဇူလိုင်
ဇူလိုင် လမှာ မွေးဖွားသူ တွေဟာ ငယ်ငယ်တုန်းက အိပ်ယာ ပေါ်မှာ ရှုရှုးပေါက်ချခဲ့ဖူးတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့သွေးတွေဟာ အနီရောင် ရှိပြီး သူတို့ကို အမှောင်ခန်းထဲ ထည့်ထားပါက မဲမဲမဲမဲသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
#သြဂုတ်
သြဂုတ် လမှာ မွေးဖွားသူ တွေကတော့ ဝေးဝေးပြေးရင်
မောတတ်ပြီး ထိုင်နေပြန်တော့လည်း ခုံနဲ့ဖင်နဲ့ ကပ်နေတတ်ပါတယ်။ သူတို့ရှာထား ဖွေထားသမျှ ငွေတွေဟာ သုံးလိုက်ရင် ကုန်ကုန်သွားတတ်တာမို့ စိတ်ညစ်ရတတ်ပါတယ်။
#စက်တင်ဘာ
အိပ်လိုက်တိုင်း မျက်စိမှိတ်မှိတ်သွားတာက စက်တင်ဘာ မွေးနေ့ရှင် တွေပါ။ ထမင်း တွေဟာ စားလိုက်တိုင်း ဗိုက်ထဲရောက်ရောက်သွားတတ်ပြီး ထမင်းတစ်ခါစားရုံနဲ့ မပြီးပဲ နောက်နေ့ကျ ထပ်စားရပြန်ပါတယ်။
#အောက်တိုဘာ
အောက်တိုဘာလ မွေးနေ့ရှင် တွေနဲ့ ၁၀ လပိုင်း မွေးနေ့ရှင်တွေဟာ အတူတူပဲဆိုတာကို ပြောလိုက်ရင် မအံ့သြသွားပါနဲ့။ အဲ့ဒါတစ်ကယ်ပါ။ သူတို့ဟာ ငယ်ငယ်တုန်းက သေးသေးလေး ဖြစ်ကြပြီး ကြီးလာတော့ တဖြည်းဖြည်း ကြီးလာကြပါတယ်။ (ကိုယ်ခန္ဓာကိုပြောတာပါ)
#နိုဝင်ဘာ
နိုဝင်ဘာလ မွေးနေ့ရှင် တွေထဲက အမျိုးသား တွေဟာ ယောက်ျားလေး တွေဖြစ်ကြပြီး အမျိုးသမီးတွေကတော့ မိန်းကလေးတွေ ဖြစ်ကြပါတယ်။ ယောက်ျားလေးတွေဟာ ကလေးမမွေးနိုင်ကြပဲ၊ မိန်းကလေး တွေသာ မွေးနိုင်ကြပါတယ်။
#ဒီဇင်ဘာ
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ မွေးဖွားသူ တွေ ဖြစ်ကြပြီး တစ်နှစ်မှ တစ်ခါမွေးနေ့လုပ်နိုင်ကြသူတွေပါ။ ပက်လက်အိပ်ရင် ကျောနဲ့မွေ့ယာကပ်နေတပ်ပြီး မှောက်ရပ်အိပ်ရင် ဗိုက်နဲ့မွေ့ယာကပ်နေတတ်ပါတယ်။
ဘဝအမောတွေပြေကြပါစေ
Zawgyi
ေဗဒင္ သိပ္မယံုတတ္တဲ့ ကိုယ္ေတာင္ ဟာ ခနဲ ျဖစ္သြားတဲ့ ေဟာစာတမ္း
ဇန္န၀ါရီ
ဇန္န၀ါရီ လမွာ ေမြးဖြားသူေတြကေတာ႔ ထူးထူးျခားျခား တိုက္တိုက္ဆိုင္ဆိုင္ပဲ သူတို႔ရဲ႕ေမြးေန႔ဟာ ၁ လပိုင္းအတြင္း က်ေရာက္မွာ ျဖစ္ပါတယ္။ သူတို႔ဟာ လမ္းေလွ်ာက္ရင္ ဘယ္တစ္လွမ္း၊ ညာတစ္လွမ္း ေလွ်ာက္ၾကသူမ်ား ျဖစ္ၾကၿပီး ေရမ်ားမ်ားေသာက္ရင္ ေသးမ်ားမ်ားေပါက္တတ္တာကိုေတာ႔ သတိထားသင္႔ပါတယ္။
#ေဖေဖာ္၀ါရီ
ေဖေဖာ္၀ါရီ လမွာ ေမြးဖြားသူေတြဟာ ႏွစ္ေတြၾကာလာတာနဲ႔အမွ် အသက္ေတြ ႀကီးႀကီးလာတတ္ၿပီး ၂၀၁၇ အတြင္းမွာေတာ႔ ထမင္းစား ၿပီးတိုင္း ဗိုက္မဆာတတ္ၾကတဲ႔ သူေတြျဖစ္ပါတယ္။ ေဆာရန္၊ ေရွာင္ရန္ေတြကေတာ႔ ကားလမ္းကူးရင္ ဘယ္ၾကည္႔၊ ညာၾကည္႔၊ ဘယ္ျပန္ၾကည္႔၊ ညာျပန္ၾကည္႔ ၿပီးရင္ကူးဆိုတဲ႔ ယၾတာေလးကို ျပဳလုပ္ေပးႏုိင္ပါတယ္။
#မတ္
မတ္လ မွာေမြးဖြားသူေတြကေတာ႔ ေမြးလနာမည္နဲ႔ တိုက္ဆိုင္စြာပဲ လမ္းေလွ်ာက္ရင္ မတ္တပ္အရင္ ထရပ္ၾကတဲ႔ သူမ်ိဳးျဖစ္ပါတယ္။ သူတို႔ေတြဟာ ေနပူထဲအထြက္မ်ားတာမ်ိဳး၊ ကမ္းေျခ ပင္လယ္ ေတြမွာ ေရကူးတာမ်ိဳးျပဳလုပ္မိရင္ အသားမဲတတ္တာမို႔ အသားမမဲခ်င္ရင္ေတာ႔ အဲ႔ဒီအခ်က္ေတြကို ေရွာင္ပါ။
#ဧၿပီ
ဧၿပီ လမွာ ေမြးဖြားသူ ေတြဟာ အမ်ားအားျဖင္႔ ေခါင္းမွာဆံပင္ေပါက္တတ္ၿပီး နားရြက္ေတြဟာ ဘယ္တစ္ဖက္၊ ညာတစ္ဖက္သာ ရွိၾကပါတယ္။ ေရေသာက္မ်ားပါက ရႈရႈးေပါက္ရင္ အေ၀းႀကီးေရာက္တတ္တဲ႔ လူစားမ်ိဳးေတြပါ။
#ေမ
ေမလ မွာ ေမြးဖြားသူ လို႔ ဆိုခဲ႔တဲ႔အတိုင္းပဲ သူတို႔တစ္ဦးျခင္းဆီမွာ ကိုယ္ပိုင္အေမတစ္ဦးဆီ ရွိၾကပါတယ္။ ဘတ္စ္ကားစီးရင္ အေပါက္၀နားပိတ္မရပ္ပါနဲ႔၊ စပယ္ရာေဟာက္တာကို ခံရတတ္သလို၊ တစ္ခါတစ္ရံမွာ အေၾကြလည္း ျပန္အမ္းမခံရပါဘူး။
#ဇြန္
ဇြန္လ မွာ ေမြးဖြားသူ အားလံုးလိုလိုဟာ ဘယ္ေလာက္ပဲ ရာထူးႀကီးႀကီး အိမ္သာတတ္ရင္ ဖင္လွန္တက္ၾကရပါတယ္။ အိမ္သာတက္ၿပီး ဖင္မေဆးရင္ေတာ႔ ဖင္၀ဲေပါက္တတ္သလို၊ ကိစၥၿပီးရင္ ေရေလာင္းဖုိ႔ မေမ႔သင္႔ပါဘူး။
#ဇူလိုင္
ဇူလိုင္ လမွာ ေမြးဖြားသူ ေတြဟာ ငယ္ငယ္တုန္းက အိပ္ယာ ေပၚမွာ ရႈရႈးေပါက္ခ်ခဲ႔ဖူးတဲ႔ သူေတြျဖစ္ၾကပါတယ္။ သူတို႔ရဲ႕ေသြးေတြဟာ အနီေရာင္ ရွိၿပီး သူတို႔ကို အေမွာင္ခန္းထဲ ထည္႔ထားပါက မဲမဲမဲမဲသာ ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။
#ၾသဂုတ္
ၾသဂုတ္ လမွာ ေမြးဖြားသူ ေတြကေတာ႔ ေ၀းေ၀းေျပးရင္
ေမာတတ္ၿပီး ထုိင္ေနျပန္ေတာ႔လည္း ခုံနဲ႔ဖင္နဲ႔ ကပ္ေနတတ္ပါတယ္။ သူတို႔ရွာထား ေဖြထားသမွ် ေငြေတြဟာ သံုးလိုက္ရင္ ကုန္ကုန္သြားတတ္တာမို႔ စိတ္ညစ္ရတတ္ပါတယ္။
#စက္တင္ဘာ
အိပ္လိုက္တိုင္း မ်က္စိမွိတ္မွိတ္သြားတာက စက္တင္ဘာ ေမြးေန႔ရွင္ ေတြပါ။ ထမင္း ေတြဟာ စားလိုက္တုိင္း ဗိုက္ထဲေရာက္ေရာက္သြားတတ္ၿပီး ထမင္းတစ္ခါစားရံုနဲ႔ မၿပီးပဲ ေနာက္ေန႔က် ထပ္စားရျပန္ပါတယ္။
#ေအာက္တိုဘာ
ေအာက္တိုဘာလ ေမြးေန႔ရွင္ ေတြနဲ႔ ၁၀ လပိုင္း ေမြးေန႔ရွင္ေတြဟာ အတူတူပဲဆိုတာကို ေျပာလိုက္ရင္ မအံ႔ၾသသြားပါနဲ႔။ အဲ႔ဒါတစ္ကယ္ပါ။ သူတို႔ဟာ ငယ္ငယ္တုန္းက ေသးေသးေလး ျဖစ္ၾကၿပီး ႀကီးလာေတာ႔ တျဖည္းျဖည္း ႀကီးလာၾကပါတယ္။ (ကိုယ္ခႏၶာကိုေျပာတာပါ)
#ႏို၀င္ဘာ
ႏို၀င္ဘာလ ေမြးေန႔ရွင္ ေတြထဲက အမ်ိဳးသား ေတြဟာ ေယာက္်ားေလး ေတြျဖစ္ၾကၿပီး အမ်ိဳးသမီးေတြကေတာ႔ မိန္းကေလးေတြ ျဖစ္ၾကပါတယ္။ ေယာက္်ားေလးေတြဟာ ကေလးမေမြးႏိုင္ၾကပဲ၊ မိန္းကေလး ေတြသာ ေမြးႏိုင္ၾကပါတယ္။
#ဒီဇင္ဘာ
ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးလမွာ ေမြးဖြားသူ ေတြ ျဖစ္ၾကၿပီး တစ္ႏွစ္မွ တစ္ခါေမြးေန႔လုပ္ႏိုင္ၾကသူေတြပါ။ ပက္လက္အိပ္ရင္ ေက်ာနဲ႔ေမြ႔ယာကပ္ေနတပ္ၿပီး ေမွာက္ရပ္အိပ္ရင္ ဗိုက္နဲ႔ေမြ႔ယာကပ္ေနတတ္ပါတယ္။
ဘဝအေမာေတြေျပၾကပါေစ