ညတစ်ညမှာပေါ့။ အမျိုးသမီးတစ်ယောက်ဟာ ၈ နှစ်အရွယ်ကလေးငယ်နဲ့အတူ တက္ကစီငှါးစီးလာတယ်။ ဘတ်စ်ကားမှတ်တိုင် တစ်နေရာမှာ ညည့်ငှက်မလေးတွေကို ကလေးက မြင်တော့ မေးတယ်..။ “မေမေ.. အဲဒီမမတွေက ဘာလုပ်နေကြတာလဲဟင်”
မိခင်ဖြစ်သူက ကလေးကို အမှန်မပြောချင်ဘူး။ ဒါနဲ့ ပြန်ဖြေလိုက်တယ်။ “အော်.. သားရယ် အဲဒီမမတွေက သူတို့ယောင်္ကျား အိမ်ပြန်လာမှာကို စောင့်နေကြတာကွဲ့”
ဒါကို တက္ကစီမောင်းသူက ကြားပြီး ပြန်ပြောလိုက်တယ်.. “ဟာ အစ်မကြီး.. ကလေးတွေကို လိမ်မပြောရဘူးလေ.. အဲဒီမိန်းမတွေဟာ ယောင်္ကျားတွေကို မြူဆွယ်ပြီး မကောင်းတာလုပ်စားနေတဲ့ မိန်းမတွေလို့ အမှန်အတိုင်း ပြောသင့်တာပေါ့”
ကလေးက “ဟုတ်လား မေမေ”
“အင်း အင်း ဟုတ်တယ်သား” မိခင်ဖြစ်သူက တက္ကစီသမားကို မကျေနပ်ပေမယ့် အမှန်အတိုင်း ပြန်ဖြေလိုက်ရတယ်..
“ဒီတစ်ခါ သားမေးရင် မလိမ်ရတော့ဘူးနော်”
“အင်းပါ သားရယ်” “အာ့ဆို.. သူတို့တွေမှာ ကလေးမွေးလာလို့ အဲဒီကလေးတွေ ကြီးလာရင် ဘာဖြစ်သွားကြလဲဟင်”
ဒီတစ်ခါတော့ မိခင်ဖြစ်သူက တက္ကစီမောင်းသူကို ကြည့်ရင်း ပြန်ဖြေလိုက်တယ်။ “အဲ.. အများစုကတော့ တက္ကစီမောင်းသူတွေ ဖြစ်လာကြတယ် သားရဲ့”
ငှင့်.. (လျှာရှည်ချင်အုံး)
မှတ်ချက်။ ပုံတွေက ပို့စ်နှင့် မဆိုင်ပါ။ လေးစားစွာဖြင့် မူရင်းရေးသားသူကို..
zawgyi
ညတစ္ညမွာေပါ့။ အမ်ိဳးသမီးတစ္ေယာက္ဟာ ၈ ႏွစ္အရြယ္ကေလးငယ္နဲ႔အတူ တကၠစီငွါးစီးလာတယ္။ ဘတ္စ္ကားမွတ္တိုင္ တစ္ေနရာမွာ ညည့္ငွက္မေလးေတြကို ကေလးက ျမင္ေတာ့ ေမးတယ္..။ “ေမေမ.. အဲဒီမမေတြက ဘာလုပ္ေနၾကတာလဲဟင္”
မိခင္ျဖစ္သူက ကေလးကို အမွန္မေျပာခ်င္ဘူး။ ဒါနဲ႔ ျပန္ေျဖလ္ိုက္တယ္။ “ေအာ္.. သားရယ္ အဲဒီမမေတြက သူတို႔ေယာကၤ်ား အိမ္ျပန္လာမွာကို ေစာင့္ေနၾကတာကြဲ႕”
ဒါကို တကၠစီေမာင္းသူက ၾကားၿပီး ျပန္ေျပာလိုက္တယ္.. “ဟာ အစ္မႀကီး.. ကေလးေတြကို လိမ္မေျပာရဘူးေလ.. အဲဒီမိန္းမေတြဟာ ေယာကၤ်ားေတြကို ျမဴဆြယ္ၿပီး မေကာင္းတာလုပ္စားေနတဲ့ မိန္းမေတြလို႔ အမွန္အတိုင္း ေျပာသင့္တာေပါ့”
ကေလးက “ဟုတ္လား ေမေမ”
“အင္း အင္း ဟုတ္တယ္သား” မိခင္ျဖစ္သူက တကၠစီသမားကို မေက်နပ္ေပမယ့္ အမွန္အတိုင္း ျပန္ေျဖလိုက္ရတယ္..
“ဒီတစ္ခါ သားေမးရင္ မလိမ္ရေတာ့ဘူးေနာ္”
“အင္းပါ သားရယ္” “အာ့ဆို.. သူတို႔ေတြမွာ ကေလးေမြးလာလို႔ အဲဒီကေလးေတြ ႀကီးလာရင္ ဘာျဖစ္သြားၾကလဲဟင္”
ဒီတစ္ခါေတာ့ မိခင္ျဖစ္သူက တကၠစီေမာင္းသူကို ၾကည့္ရင္း ျပန္ေျဖလိုက္တယ္။ “အဲ.. အမ်ားစုကေတာ့ တကၠစီေမာင္းသူေတြ ျဖစ္လာၾကတယ္ သားရဲ့”
ငွင့္.. (လၽွာရွည္ခ်င္အုံး)
မွတ္ခ်က္။ ပုံေတြက ပို႔စ္ႏွင့္ မဆိုင္ပါ။ ေလးစားစြာျဖင့္ မူရင္းေရးသားသူကို..



