ၾကားသိရသမွ်

လမ်းဘေးမှာ ဆင်းရဲတဲ့အဖိုးအို နဲ့ အင်္ကျီချွတ်နေတဲ့လူငယ်လေးကိုတွေ့လို့ သေချာကြည့်လိုက်တဲ့အခါ…

မိဘ ဆရာတွေရဲ့မှန်ကန်တဲ့သွန်သင်လမ်းပြမှုအောက် ကြီးပြင်းလာတဲ့ကလေးဆိုတာ သက်သေပြနေပါတယ်

မမယ်ဥ

၂၂၊ ၁၊ ၂၀၂၂မနက်က ညောင်ဦးကိုကားပြင်ဖို့သွားရင်း ဆီဆိုင်မှာ ဆီထည့်ပြီး ဆီဆိုင်ရှေ့ကအမြဲလှူနေကြဒကာကြီးကိုလှူဖို့လုပ်နေတုန်း ထင်မှတ်မထားတဲ့မြင်ကွင်းလေးကမျက်စိရှေ့ရောက်လာလို့ ကြည်နူးစိတ်နဲ့ ရိုက်ထားမိတယ်။

ကြည့်ရတာလူငယ်လူလတ်လေးထင်တယ် ။

အဘကြီးနားမှာဆိုင်ကယ်လေးရပ်ပြီးကိုယ်တွေကားထဲမှာ သင်္ကန်းခေါင်းမြီးခြုံထားတာ အေးလို့ ။

သူကတော့ သူ့အင်္ကျီကိုချွတ်ပြီး အဲ့ဒိအဘကြီးကိလှူနေတာ ။ကိုယ်ပဲမမြင်ဖူးခဲ့လေသလား ။

ရှားတော့ရှားတာမို့ ဒီမှတ်တမ်းလေးကို ကြည်နူးစိတ်နဲ့တင်မိသည်ပေါ့ဗျာ

နှလုံးသားလေးလှလိုက်တာ ။

ခွင့်မတောင်းပဲ ရိုက်မိသည်မို့ တောင်းပန်ပါတယ်ဗျ။

AyeMyaMyittar

unicode








