ၾကားသိရသမွ်

ဆယ္တန္းစာေမးပြဲကို ၁၃ႀကိမ္ထိက်ခဲ့ၿပီးၿပီျဖစ္ေသာ္လည္း လက္မေလွ်ာ့ေသးပဲ ထပ္မံေျဖဆိုဖို႔ႀကိဳးစားေနေသးသည့္ အသက္၃၃ႏွစ္အ႐ြယ္ လူငယ္တစ္ဦး

လူငယ္အမ်ားစုသည္ စာေမးပြဲေျဖဆိုရာ၌ တစ္ႀကိမ္က်တာနဲ႔ လက္ေလွ်ာ့လိုက္ၾကတာမ်ားၿပီး အခ်ိဳ႕ေသာလူငယ္မ်ားက် ရည္မွန္းခ်က္ပန္းတိုင္ကို မေရာက္မခ်င္းသြားဖို႔ရာအတြက္ လက္မေလွ်ာ့ပဲ ႀကိဳးစားတတ္ၾကသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Guangxiျပည္နယ္တြင္ ေနထိုင္ေသာ အသက္၃၃ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ လယ္သမားမိသားစုမွ ေမြးဖြားလာ၍ ပညာတတ္တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားၿပီး မိဘႏွစ္ပါးကို ပင္ပန္းသည့္အလုပ္ကေန အၿငိမ္းစားယူေစကာ အလုပ္အေကြၽးျပဳလိုသည့္ ဆႏၵရွိခဲ့သည္။

အမ်ိဳးသားသည္ ကံဆိုးစြာပဲ တကၠသိုလ္ဝင္ခြင့္စာေမးပြဲကို ၁၃ႀကိမ္ထိ ေျဖဆိုၿပီးေသာ္လည္း တစ္ႏွစ္မွ မေအာင္ခဲ့တာေၾကာင့္ အလုပ္အကိုင္အတည္တက်မရွိေသးပဲ မိဘႏွစ္ပါးဆီကေန အေထာက္အပံ့ကို ယူေနရဆဲျဖစ္သည္။

အမ်ိဳးသားသည္ စာေမးပြဲ ၁၃ခါထိက်ဖူးေပမယ့္လည္း လက္မေလွ်ာ့ေသးပဲ ေအာင္ျမင္သည္ထိ ေျဖဆိုလိုခ်င္သည့္ စိတ္အားထက္သန္ေနၿပီး သူက်ဴရွင္တက္ေနေသာ အေဆာင္မွာပင္ အျခားေသာကေလးေတြကို စာသင္ၾကားေပးရင္းနဲ႔ ၁၄ႀကိမ္ေျမာက္စာေမးပြဲအတြက္ ႀကိဳးစားျပင္ဆင္ေနျခင္းေၾကာင့္ အမ်ားမွ ခ်ီးက်ဴးေနခဲ့ၾကသည္။

Rain (For Ialinks)

Unicode

ဆယ်တန်းစာမေးပွဲကို ၁၃ကြိမ်ထိကျခဲ့ပြီးပြီဖြစ်သော်လည်း လက်မလျှော့သေးပဲ ထပ်မံဖြေဆိုဖို့ကြိုးစားနေသေးသည့် အသက်၃၃နှစ်အရွယ် လူငယ်တစ်ဦး

လူငယ်အများစုသည် စာမေးပွဲဖြေဆိုရာ၌ တစ်ကြိမ်ကျတာနဲ့ လက်လျှော့လိုက်ကြတာများပြီး အချို့သောလူငယ်များကျ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်းသွားဖို့ရာအတွက် လက်မလျှော့ပဲ ကြိုးစားတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangxiပြည်နယ်တွင် နေထိုင်သော အသက်၃၃နှစ်အရွယ် အမျိုးသားတစ်ဦးသည် လယ်သမားမိသားစုမှ မွေးဖွားလာ၍ ပညာတတ်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး မိဘနှစ်ပါးကို ပင်ပန်းသည့်အလုပ်ကနေ အငြိမ်းစားယူစေကာ အလုပ်အကျွေးပြုလိုသည့် ဆန္ဒရှိခဲ့သည်။

အမျိုးသားသည် ကံဆိုးစွာပဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၁၃ကြိမ်ထိ ဖြေဆိုပြီးသော်လည်း တစ်နှစ်မှ မအောင်ခဲ့တာကြောင့် အလုပ်အကိုင်အတည်တကျမရှိသေးပဲ မိဘနှစ်ပါးဆီကနေ အထောက်အပံ့ကို ယူနေရဆဲဖြစ်သည်။

အမျိုးသားသည် စာမေးပွဲ ၁၃ခါထိကျဖူးပေမယ့်လည်း လက်မလျှော့သေးပဲ အောင်မြင်သည်ထိ ဖြေဆိုလိုချင်သည့် စိတ်အားထက်သန်နေပြီး သူကျူရှင်တက်နေသော အဆောင်မှာပင် အခြားသောကလေးတွေကို စာသင်ကြားပေးရင်းနဲ့ ၁၄ကြိမ်မြောက်စာမေးပွဲအတွက် ကြိုးစားပြင်ဆင်နေခြင်းကြောင့် အများမှ ချီးကျူးနေခဲ့ကြသည်။

Rain (For Ialinks)