ၾကားသိရသမွ်

ေလျပင္းက်လို႔ ရခိုင္မွာ ခရီးသည္တင္နဲ႔ငါးဖမ္းစက္ေလွေတြ နစ္ျမဳပ္၊ ေပ်ာက္ဆုံးေနသူေတြလည္းရွိ

ေလျပင္းက်လို႔ ရခိုင္မွာ ခရီးသည္တင္နဲ႔ငါးဖမ္းစက္ေလွေတြ နစ္ျမဳပ္၊ ေပ်ာက္ဆုံးေနသူေတြလည္းရွိ ကယ္ဆယ္ရရွိသူေတြထဲ အမ်ားစု ဒဏ္ရာေတြရၿပီးသတိလစ္ေနဆဲလို႔ ဆို

ကုန္တြင္းမုန္တိုင္းအားေပ့်ာသြားၿပီလို႔ မိုးဇလ မနက္ပိုင္းထုတ္ျပန္အၿပီး မြန္းလြဲပိုင္းမွာ ရခိုင္မွာ ယခုျဖစ္စဥ္ျဖစ္ပြား ရခိုင္ျပည္နယ္အတြင္း ေမလ ၂၁ ရက္ေန႔လယ္ပိုင္းက ေလျပင္းက်လို႔ ခရီးသည္ပို႔ေဆာင္ေရးစက္ေလွေတြအပါအဝင္ ငါးဖမ္းစက္ေလွေတြ နစ္ျမဳပ္ခဲ့တယ္လို႔ ‌ သိရပါတယ္

ဒီကေန႔ မြန္းလြဲပိုင္း တစ္နာရီေလာက္ကစၿပီး ရခိုင္ျပည္နယ္ေနရာအႏွံ့ ေလျပင္းတိုက္ခတ္ခဲ့တာျဖစ္ၿပီး ေလနဲ႔အတူ မိုးသည္းထန္စြာရြာသြန္းသလို အပ်က္အစီးတခ်ိဳ႕လည္း ရွိခဲ့တယ္လို႔သိရပါတယ္

ယင္းအျပင္ ေျမပုံၿမိဳ႕နယ္ င/ပသုန္တိုက္နယ္နဲ႔ ေက်ာက္ျဖဴၿမိဳ႕ကို ေျပးဆြဲေနတဲ့ ခရီးသည္ပို႔ေဆာင္ေရးေမာ္ေတာ္တစ္စီး အပါအဝင္ ငါးဖမ္းစက္ေလွအမ်ားအျပား ႏွစ္ျမဳပ္ခဲ့ရၿပီး ရွာေဖြကယ္ဆယ္ေရးေတြ ျပဳလုပ္ေနၾကရတယ္လို႔ င/ပသုန္ေက်းရြာေဒသခံ ေဒၚခိုင္သန္းစိန္က ေျပာပါတယ္

စက္ေလွေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားနစ္ျမဳပ္ၾကပါတယ္ လိုင္းဘုတ္ ခရီးသည္ယာဥ္ ကေတာ့ က်က္ေတာျပင္နားမွာ ေလတိုက္လိုက္ေတာ့ ေက်ာက္ေဆာင္နဲ႔တိုက္ၿပီး နစ္ျမဳပ္ခဲ့တယ္

လူေတြေတာ့ အေသအေပ်ာက္မရွိဘူး ပင္လယ္ထဲမွာျမဳပ္ တဲ့ ငါးဖမ္းေလွေတြမွာေတာ့ အခုထိရွာမေတြ႕တဲ့သူေတြ အမ်ားႀကီးပဲလို႔သိရတယ္။ ေတြ႕တဲ့သူတခ်ိဳ႕ကေတာ့ ေဆး႐ုံေရာက္ ေနၾကၿပီ လို႔ ေဒၚခိုင္သန္းစိန္က ေျပာပါတယ္

ရွာေဖြေတြ႕ရွိခဲ့သူမ်ားမွာလည္း ေလွနစ္ျမဳပ္မႈေၾကာင့္ ေက်ာက္ေဆာင္ေတြနဲ႔တိုက္မိျခင္း၊ စက္ေလွပန္ကာေတြနဲ႔ခုတ္ခံရျခင္း စတဲ့မေတာ္တဆမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာေတြရရွိထားၾကၿပီး ငပသုန္ေဆး႐ုံကိုေရာက္ရွိေနသူအမ်ားစုမွာ သတိလစ္ေနတဲ့အေျခအေနကို ေတြ႕ေနရတယ္လို႔ ဆိုပါတယ္

က်က္ေတာျပင္ေက်းရြာဟာ ေက်ာက္ျဖဴၿမိဳ႕ကေန ေျမပုံၿမိဳ႕ဘက္ကိုအလာ တစ္နာရီခန႔္ခရီးမွာ င/ပသုန္ဘက္ကိုဝင္တဲ့ ျမစ္ေၾကာင္းမွာရွိတဲ့ေက်းရြာတစ္ရြာျဖစ္ၿပီး အဲ့ဒီျမစ္ထဲမွာနစ္ျမဳပ္ခဲ့တာျဖစ္တဲ့အတြက္

စက္ေလွကိုကမ္းကပ္နိုင္လိုက္တာေၾကာင့္ လူေသဆုံးမႈေတြမရွိခဲ့ဘဲ ခရီးသည္ေတြကိုေတာ့ေက်ာက္ျဖဴဘက္ကို ကယ္ဆယ္ေရးလုပ္တဲ့ေလွေတြနဲ႔ ျပန္ေခၚသြားခဲ့ၾကတယ္လို႔ သိရပါတယ္

ေက်ာက္ျဖဴနဲ႔ ေျမပုံအၾကား ေနာင္ေတာ္ႀကီး ေနာင္ေတာ္ေခ်ေရျပင္မွာ ငါးဖမ္းေနၾကတဲ့ စက္ေလွေတြအမ်ားအျပားနစ္ျမဳပ္ခဲ့တာေၾကာင့္ အဆက္အသြယ္မရဘဲျဖစ္ေနတဲ့ေလွေတြကိုေက်းရြာသားေတြက လိုက္လံရွာေဖြမႈေတြျပဳလုပ္ေနၾကရၿပီး အစိုးရအစီစဥ္နဲ႔ ရွာေဖြမႈေတြျပဳလုပ္တာမရွိေသးဘူးလို႔ အခုညမွာ ေဒသခံေတြက ေျပာဆိုၾကပါတယ္

ရခိုင္ျပည္နယ္အတြင္း ကမ္းရိုးတန္းၿမိဳ႕နယ္ေတြျဖစ္တဲ့ သံတြဲ၊ ေက်ာက္ျဖဴ၊ ေျမပုံ၊ စစ္ေတြစတဲ့ၿမိဳ႕နယ္ေတြမွာ ငါးဖမ္းလုပ္ငန္းကို အဓိကသက္ေမြးဝမ္းေက်ာင္းျပဳၾကရၿပီး

အခုလို မုန္တိုင္းတိုက္ခတ္နိုင္တဲ့အေၾကာင္းကို အစိုးရက ႀကိဳတင္အသိေပးထားတာမရွိတဲ့အတြက္ ငါးဖမ္းေလွေတြအားလုံးနီးပါးဟာ ပင္လယ္ျပင္ထဲေရာက္ရွိေနၾကတာျဖစ္တယ္လို႔ ေဒၚခိုင္သန္းစိန္က ေျပာဆိုပါတယ္

မိုးေလ၀သနဲ႔ဇလေဗဒဦးစီးဌာနကေတာ့ ကုန္းတြင္းမုန္တိုင္းငယ္ အားေပ်ာ့သြားၿပီျဖစ္ၿပီး ထိုင္းနိုင္ငံေျမာက္ပိုင္းကိုေရာက္ကာ အားေကာင္းေသာ ေလဖိအားနည္းရပ္ဝန္းအျဖစ္ အားေလ်ာ့သြားခဲ့ၿပီလို႔

မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ဒီေန႔ေမ ၂၁ ရက္မနက္ပိုင္းမွာ သတင္းထုတ္ျပန္ထားပါတယ္။ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ ‌မေကြးတိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ေနရာက်ဲက်ဲနဲ႔ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ မႏၲေလးတိုင္းနဲ႔ ရခိုင္ျပည္နယ္တို႔မွာေတာ့ ေနရာစိပ္စိပ္မိုးရြာနိုင္တယ္လို႔ မိုးဇလရဲ့အဲဒီထုတ္ျပန္ခ်က္မွာပါရွိပါတယ္

ဒါေပမဲ့ခုလိုထိခိုက္မႈေတြရွိခဲ့တဲ့ ရခိုင္မွာေတာ့ ယခင္က ဒီလို ေလျပင္းတိုက္ခတ္နိုင္တဲ့အေျခအေနမ်ိဳးကို ပုံမွန္ဆိုရင္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္တဲ့ ေနရာေတြမွာ ေက်းရြာအုပ္ခ်ဳပ္ေရးကေနတစ္ဆင့္ စာထုတ္ၿပီး ပင္လယ္ျပင္ကို မြက္ၾကဖို႔ တားျမစ္အသိေပးတာေတြလုပ္ေလ့ရွိေပမယ့္ အခုတစ္ႀကိမ္မွာ အဲဒီလိုႀကိဳတင္သတိေပးတာမလုပ္ဘူးလို႔ ေဒသခံေတြကေျပာပါတယ္ Crd- ဘီဘီစီ

လေပြင်းကျလို့ ရခိုင်မှာ ခရီးသည်တင်နဲ့ငါးဖမ်းစက်လှေတွေ နစ်မြုပ်၊ ပျောက်ဆုံးနေသူတွေလည်းရှိ ကယ်ဆယ်ရရှိသူတွေထဲ အများစု ဒဏ်ရာတွေရပြီးသတိလစ်နေဆဲလို့ ဆို

ကုန်တွင်းမုန်တိုင်းအားပျေ့ာသွားပြီလို့ မိုးဇလ မနက်ပိုင်းထုတ်ပြန်အပြီး မွန်းလွဲပိုင်းမှာ ရခိုင်မှာ ယခုဖြစ်စဉ်ဖြစ်ပွား ရခိုင်ပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့လယ်ပိုင်းက လေပြင်းကျလို့ ခရီးသည်ပို့ဆောင်ရေးစက်လှေတွေအပါအဝင် ငါးဖမ်းစက်လှေတွေ နစ်မြုပ်ခဲ့တယ်လို့ ‌ သိရပါတယ်

ဒီကနေ့ မွန်းလွဲပိုင်း တစ်နာရီလောက်ကစပြီး ရခိုင်ပြည်နယ်နေရာအနှံ့ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး လေနဲ့အတူ မိုးသည်းထန်စွာရွာသွန်းသလို အပျက်အစီးတချို့လည်း ရှိခဲ့တယ်လို့သိရပါတယ်

ယင်းအပြင် မြေပုံမြို့နယ် င/ပသုန်တိုက်နယ်နဲ့ ကျောက်ဖြူမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးမော်တော်တစ်စီး အပါအဝင် ငါးဖမ်းစက်လှေအများအပြား နှစ်မြုပ်ခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်နေကြရတယ်လို့ င/ပသုန်ကျေးရွာဒေသခံ ဒေါ်ခိုင်သန်းစိန်က ပြောပါတယ်

စက်လှေတွေကတော့ တော်တော်များများနစ်မြုပ်ကြပါတယ် လိုင်းဘုတ် ခရီးသည်ယာဉ် ကတော့ ကျက်တောပြင်နားမှာ လေတိုက်လိုက်တော့ ကျောက်ဆောင်နဲ့တိုက်ပြီး နစ်မြုပ်ခဲ့တယ်

လူတွေတော့ အသေအပျောက်မရှိဘူး ပင်လယ်ထဲမှာမြုပ် တဲ့ ငါးဖမ်းလှေတွေမှာတော့ အခုထိရှာမတွေ့တဲ့သူတွေ အများကြီးပဲလို့သိရတယ်။ တွေ့တဲ့သူတချို့ကတော့ ဆေးရုံရောက် နေကြပြီ လို့ ဒေါ်ခိုင်သန်းစိန်က ပြောပါတယ်

ရှာဖွေတွေ့ရှိခဲ့သူများမှာလည်း လှေနစ်မြုပ်မှုကြောင့် ကျောက်ဆောင်တွေနဲ့တိုက်မိခြင်း၊ စက်လှေပန်ကာတွေနဲ့ခုတ်ခံရခြင်း စတဲ့မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာတွေရရှိထားကြပြီး ငပသုန်ဆေးရုံကိုရောက်ရှိနေသူအများစုမှာ သတိလစ်နေတဲ့အခြေအနေကို တွေ့နေရတယ်လို့ ဆိုပါတယ်

ကျက်တောပြင်ကျေးရွာဟာ ကျောက်ဖြူမြို့ကနေ မြေပုံမြို့ဘက်ကိုအလာ တစ်နာရီခန့်ခရီးမှာ င/ပသုန်ဘက်ကိုဝင်တဲ့ မြစ်ကြောင်းမှာရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမြစ်ထဲမှာနစ်မြုပ်ခဲ့တာဖြစ်တဲ့အတွက်

စက်လှေကိုကမ်းကပ်နိုင်လိုက်တာကြောင့် လူသေဆုံးမှုတွေမရှိခဲ့ဘဲ ခရီးသည်တွေကိုတော့ကျောက်ဖြူဘက်ကို ကယ်ဆယ်ရေးလုပ်တဲ့လှေတွေနဲ့ ပြန်ခေါ်သွားခဲ့ကြတယ်လို့ သိရပါတယ်

ကျောက်ဖြူနဲ့ မြေပုံအကြား နောင်တော်ကြီး နောင်တော်ချေရေပြင်မှာ ငါးဖမ်းနေကြတဲ့ စက်လှေတွေအများအပြားနစ်မြုပ်ခဲ့တာကြောင့် အဆက်အသွယ်မရဘဲဖြစ်နေတဲ့လှေတွေကိုကျေးရွာသားတွေက လိုက်လံရှာဖွေမှုတွေပြုလုပ်နေကြရပြီး အစိုးရအစီစဉ်နဲ့ ရှာဖွေမှုတွေပြုလုပ်တာမရှိသေးဘူးလို့ အခုညမှာ ဒေသခံတွေက ပြောဆိုကြပါတယ်

ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေစတဲ့မြို့နယ်တွေမှာ ငါးဖမ်းလုပ်ငန်းကို အဓိကသက်မွေးဝမ်းကျောင်းပြုကြရပြီး

အခုလို မုန်တိုင်းတိုက်ခတ်နိုင်တဲ့အကြောင်းကို အစိုးရက ကြိုတင်အသိပေးထားတာမရှိတဲ့အတွက် ငါးဖမ်းလှေတွေအားလုံးနီးပါးဟာ ပင်လယ်ပြင်ထဲရောက်ရှိနေကြတာဖြစ်တယ်လို့ ဒေါ်ခိုင်သန်းစိန်က ပြောဆိုပါတယ်

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကတော့ ကုန်းတွင်းမုန်တိုင်းငယ် အားပျော့သွားပြီဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီလို့

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မေ ၂၁ ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ‌မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ မိုးဇလရဲ့အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်

ဒါပေမဲ့ခုလိုထိခိုက်မှုတွေရှိခဲ့တဲ့ ရခိုင်မှာတော့ ယခင်က ဒီလို လေပြင်းတိုက်ခတ်နိုင်တဲ့အခြေအနေမျိုးကို ပုံမှန်ဆိုရင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေမှာ ကျေးရွာအုပ်ချုပ်ရေးကနေတစ်ဆင့် စာထုတ်ပြီး ပင်လယ်ပြင်ကို မွက်ကြဖို့ တားမြစ်အသိပေးတာတွေလုပ်လေ့ရှိပေမယ့် အခုတစ်ကြိမ်မှာ အဲဒီလိုကြိုတင်သတိပေးတာမလုပ်ဘူးလို့ ဒေသခံတွေကပြောပါတယ် Crd- ဘီဘီစီ