လျှပ်စစ်မီတာကောက်ခံခြင်းနှင့်ပက်သက်၍ သတိပေးထုတ်ပြန်ချက်
၁။ ပြည်သူ့အစိုးရလက်ထက် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလမှာ လျှပ်စစ်မီတာခကောက်ခံရာတွင် ပြည်သူကို အမျိုးမျိုးငဲ့ညှာပြီး ကောက်ခံခဲ့ပါသည်။ ပြည်သူဆောင်လိုက်သော အခွန်မှာလည်း ပြည်သူထံသို့ အကျိုးရှိရှိ ပြန်လည်စီးဆင်းစေခဲ့ပါသည်။ ပြည်သူပိုင်သည့် လျှပ်စစ်မီးဟာ ပြည်သူ့အတွက်သာ ဖြစ်သည်။
၂။ အကြမ်းဖက်စစ်တပ်သည် ပြည်သူအသိအမှတ်မပြု၊ ကမ္ဘာကအသိအမှတ်မပြုသည့် လက်နက်ကိုင် အကြမ်းဖက် အုပ်စုသာဖြစ်သည်။ ပြည်သူ့အခွန်ဖြင့် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျသည့် အကြမ်းဖက်စစ်တပ်သည် အစိုးရမဟုတ်သလို၊ ပြည်သူများအနေဖြင့် အခွန်ပေးဆောင်စရာလည်း မလိုအပ်ပါ။
၃။ ပြည်သူလူထုအနေဖြင့် တရားမဝင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ကျွန်ုပ်တို့မှ အထူးတိုက်တွန်းလိုပါသည်။ ပြည်သူကိုအကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့်် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့ မနက်ဖြန်တွေ ရောက်လာလိမ့်မယ်ဆိုတာ ပြည်သူတွေ လက်တွေ့ ပြသဖို့ လိုပါတယ်။
၄။ မန္တလေး လျှပ်စစ်ဌာန အကြီးအကဲများနှင့် ဝန်ထမ်းများသည် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အကြောင်းအမျိုးအမျိုးပြ၍ မီတာခ ကောက်ခံခြင်းမပြုလုပ်ဖို့ ကျွန်ုပ်တို့မှ လေးနက်စွာ အထူးတောင်းဆိုအပ်ပါသည်။အတင်းအဓမ္မစေခိုင်း၍ လုပ်ရသော်လဲ ပြည်သူလူထုနှင့်တစ်သားတည်း ဖြစ်ကြောင်းပြသပြီးမှ သွားလာပေးပါရန် အထူးသတိပေး မေတ္တာရပ်ခံအပ်ပါသည်။
၅။ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး နည်းအမျိုးမျိုးဖြင့် လျှပ်စစ်မီတာခ ကောက်ခံပါက ကျွန်ုပ်တို့ Mandalay Special Task Force -MSTF ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်၍ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု အထူးသတိပေးထုတ်ပြန်လိုက်ပါသည်။
Mandalay Special Task Forc
လၽွပ္စစ္မီတာေကာက္ခံျခင္းႏွင့္ပက္သက္၍ သတိေပးထုတ္ျပန္ခ်က္
၁။ ျပည္သူ႔အစိုးရလက္ထက္ ကိုဗစ္ ကမၻာ့ကပ္ေရာဂါ ကာလမွာ လၽွပ္စစ္မီတာခေကာက္ခံရာတြင္ ျပည္သူကို အမ်ိဳးမ်ိဳးငဲ့ညႇာၿပီး ေကာက္ခံခဲ့ပါသည္။ ျပည္သူေဆာင္လိုက္ေသာ အခြန္မွာလည္း ျပည္သူထံသို႔ အက်ိဳးရွိရွိ ျပန္လည္စီးဆင္းေစခဲ့ပါသည္။ ျပည္သူပိုင္သည့္ လၽွပ္စစ္မီးဟာ ျပည္သူ႔အတြက္သာ ျဖစ္သည္။
၂။ အၾကမ္းဖက္စစ္တပ္သည္ ျပည္သူအသိအမွတ္မျပဳ၊ ကမၻာကအသိအမွတ္မျပဳသည့္ လက္နက္ကိုင္ အၾကမ္းဖက္ အုပ္စုသာျဖစ္သည္။ ျပည္သူ႔အခြန္ျဖင့္ ျပည္သူကို အနိုင္က်င့္ဗိုလ္က်သည့္ အၾကမ္းဖက္စစ္တပ္သည္ အစိုးရမဟုတ္သလို၊ ျပည္သူမ်ားအေနျဖင့္ အခြန္ေပးေဆာင္စရာလည္း မလိုအပ္ပါ။
၃။ ျပည္သူလူထုအေနျဖင့္ တရားမဝင္ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းမျပဳဖို႔ ကၽြန္ုပ္တို႔မွ အထူးတိုက္တြန္းလိုပါသည္။ ျပည္သူကိုအၾကမ္းဖက္သည့္ လက္နက္ကိုင္ စစ္သူပုန္ေတြအတြက္ က်ည္ဖိုး၊ လက္နက္ဖိုး ျဖစ္ေစမည့္္ အခြန္မွန္သမၽွကို ျပည္သူမ်ား မထမ္းေဆာင္သင့္ပါ။ တစ္ခဏတာ အေမွာင္ေတြကို ေတာင့္ခံထားနိုင္ရင္ လင္းလက္တဲ့ မနက္ျဖန္ေတြ ေရာက္လာလိမ့္မယ္ဆိုတာ ျပည္သူေတြ လက္ေတြ႕ ျပသဖို႔ လိုပါတယ္။
၄။ မႏၲေလး လၽွပ္စစ္ဌာန အႀကီးအကဲမ်ားႏွင့္ ဝန္ထမ္းမ်ားသည္ အၾကမ္းဖက္စစ္တပ္ႏွင့္ ပူးေပါင္းၿပီး ျပည္သူလူထုကို အေၾကာင္းအမ်ိဳးအမ်ိဳးျပ၍ မီတာခ ေကာက္ခံျခင္းမျပဳလုပ္ဖို႔ ကၽြန္ုပ္တို႔မွ ေလးနက္စြာ အထူးေတာင္းဆိုအပ္ပါသည္။အတင္းအဓမၼေစခိုင္း၍ လုပ္ရေသာ္လဲ ျပည္သူလူထုႏွင့္တစ္သားတည္း ျဖစ္ေၾကာင္းျပသၿပီးမွ သြားလာေပးပါရန္ အထူးသတိေပး ေမတၱာရပ္ခံအပ္ပါသည္။
၅။ ျပည္သူလူထုကို ၿခိမ္းေျခာက္ၿပီး နည္းအမ်ိဳးမ်ိဳးျဖင့္ လၽွပ္စစ္မီတာခ ေကာက္ခံပါက ကၽြန္ုပ္တို႔ Mandalay Special Task Force -MSTF ျပည္သူ႔ကာကြယ္ေရးတပ္အေနျဖင့္ အေျခအေန အရပ္ရပ္ကို သုံးသပ္၍ လိုအပ္သလို ကိုင္တြယ္ေဆာင္ရြက္သြားမည္ဟု အထူးသတိေပးထုတ္ျပန္လိုက္ပါသည္။
Mandalay Special Task Forc