ၾကားသိရသမွ်

ကူးစက်မှုတွေ မြင့်မားလာနေလို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ

မနေ့က ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂ဝ၇ဝ စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါဟာ ကိုဗစ်တတိယလှိုင်း ကာလအတွင်း ပိုးတွေ့လူနာအများဆုံးနဲ့ ပိုးတွေ့နှုန်း အများဆုံး စံချိန်တင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာပေါင်း ၁၅၉ ၃၄၇ ယောက်ရှိသွားပါပြီ။

မနေ့က သေဆုံးသူ ၁၃ ယောက် ထပ်ပြီးတိုးလာလို့ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း မြန်မာနိုင်ငံမှာ ၃၃၄၇ ယောက် ရှိသွားပါပြီ။ ကူးစက်မှုပိုမြန်ပြီး ပိုပြင်းထန်တဲ့ ကိုဗစ်ဗီဇပြောင်း ပိုးသစ်တွေ မြန်မာနိုင်ငံမှာ ရှိနေပြီလို့ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။ သေဆုံးသူနဲ့ ကူးစက်သူအရေအတွက်ဟာလည်း ပြီးခဲ့တဲ့လကစပြီး သိသိသာသာ မြင့်တက်လာခဲ့တာပါ။

ကျန်းမာရေးဌာနရဲ့ မနေ့က နောက်ဆုံး ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ်တွေအများဆုံး တွေ့တဲ့ဒေသတွေဟာ ပဲခူးတိုင်းမှာ ၃၄၇ ဦး၊ စစ်ကိုင်းတိုင်းမှာ ၃၂ဝဦး၊ ရှမ်းပြည်နယ်မှာ ၂၂၁ ဦး၊ ရန်ကုန်တိုင်းမှာ ၂၂ဝ ဦး၊ မန္တလေးတိုင်းမှာ ၁၅၉ ဦးနဲ့ ဧရာဝတီတိုင်းမှာ ၁၅၃ ဦး တို့ဖြစ်ပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ မြင့်မားလာနေလို့ ပဲခူးတိုင်းက မြို့နယ်နှစ်ခုနဲ့ မန္တလေးတိုင်းက မြို့နယ် ခုနှစ်ခုကို နေအိမ်မှာပဲ နေထိုင်ကြဖို့ မနေ့ကပဲ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ပဲခူးတိုင်းက သာယာဝတီနဲ့ မင်းလှမြို့နယ်၊ မန္တလေးတိုင်းက ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်တွေကို အိမ်မှာပဲနေထိုင်ဖို့ ကန့်သတ်လိုက်တာပါ။

—————————

မေန႔က ၂၄ နာရီအတြင္း ကိုဗစ္အတည္ျပဳလူနာသစ္ ၂ဝ၇ဝ စစ္ေဆးေတြ႕ရွိတယ္လို႔ စစ္ေကာင္စီရဲ႕က်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာပါတယ္။

ဒါဟာ ကိုဗစ္တတိယလႈိင္း ကာလအတြင္း ပိုးေတြ႕လူနာအမ်ားဆုံးနဲ႔ ပိုးေတြ႕ႏႈန္း အမ်ားဆုံး စံခ်ိန္တင္ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳ လူနာေပါင္း ၁၅၉ ၃၄၇ ေယာက္ရွိသြားပါၿပီ။

မေန႔က ေသဆုံးသူ ၁၃ ေယာက္ ထပ္ၿပီးတိုးလာလို႔ ကိုဗစ္ေၾကာင့္ ေသဆုံးသူေပါင္း ျမန္မာႏိုင္ငံမွာ ၃၃၄၇ ေယာက္ ရွိသြားပါၿပီ။ ကူးစက္မႈပိုျမန္ၿပီး ပိုျပင္းထန္တဲ့ ကိုဗစ္ဗီဇေျပာင္း ပိုးသစ္ေတြ ျမန္မာႏိုင္ငံမွာ ရွိေနၿပီလို႔ က်န္းမာေရးဌာနက ၿပီးခဲ့တဲ့လအတြင္း ေၾကညာခဲ့ပါတယ္။ ေသဆုံးသူနဲ႔ ကူးစက္သူအေရအတြက္ဟာလည္း ၿပီးခဲ့တဲ့လကစၿပီး သိသိသာသာ ျမင့္တက္လာခဲ့တာပါ။

က်န္းမာေရးဌာနရဲ႕ မေန႔က ေနာက္ဆုံး ထုတ္ျပန္ခ်က္အရ ပိုးေတြ႕လူနာသစ္ေတြအမ်ားဆုံး ေတြ႕တဲ့ေဒသေတြဟာ ပဲခူးတိုင္းမွာ ၃၄၇ ဦး၊ စစ္ကိုင္းတိုင္းမွာ ၃၂ဝဦး၊ ရွမ္းျပည္နယ္မွာ ၂၂၁ ဦး၊ ရန္ကုန္တိုင္းမွာ ၂၂ဝ ဦး၊ မႏၲေလးတိုင္းမွာ ၁၅၉ ဦးနဲ႔ ဧရာဝတီတိုင္းမွာ ၁၅၃ ဦး တို႔ျဖစ္ပါတယ္။

ကပ္ေရာဂါကူးစက္မႈေတြ ျမင့္မားလာေနလို႔ ပဲခူးတိုင္းက ၿမိဳ႕နယ္ႏွစ္ခုနဲ႔ မႏၲေလးတိုင္းက ၿမိဳ႕နယ္ ခုႏွစ္ခုကို ေနအိမ္မွာပဲ ေနထိုင္ၾကဖို႔ မေန႔ကပဲ စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။

ပဲခူးတိုင္းက သာယာဝတီနဲ႔ မင္းလွၿမိဳ႕နယ္၊ မႏၲေလးတိုင္းက ခ်မ္းျမသာစည္၊ ခ်မ္းေအးသာစံ၊ ျပည္ႀကီးတံခြန္၊ မဟာေအာင္ေျမ၊ ေအာင္ေျမသာစံ၊ ပုသိမ္ႀကီးနဲ႔ အမရပူရၿမိဳ႕နယ္ေတြကို အိမ္မွာပဲေနထိုင္ဖို႔ ကန႔္သတ္လိုက္တာပါ။