ၾကားသိရသမွ်

တရုပ်ဟာ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်လို့ ဘယ်သူတွေက ဖျက်ဖျက် မပျက်ဘူး လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

တရုတ်ဟာ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်လို့ ဘယ်သူတွေက ဖျက်ဖျက် မပျက်ဘူး လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

ရန်ကုန်၊စက်တင်ဘာ၂၂ရက်

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အတွက် ဘယ်သူတွေ၊ ဘယ်အခြေအနေတွေက ဖျက်ဖျက် မပျက်ပါဘူးလို့ စကစရဲ့တပ်မတော်သတင်းမှန်ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ရဲ့ဆက်ဆံမှုက ပိုမိုခိုင်မာနက်ရှိုင်းပါတယ်လို့လည်း ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက အာရှပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့ စစ်အင် အားကြီးထွားမှုကို ထိန်းချုပ်ဖို့အတွက် သြစတေးလျ၊ အမေရိကန်၊ ဗြိတိန်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အောကတ်စ် (Aukcus) စာချုပ် ချုပ်ခဲ့တာမှာ နစကရဲ့သဘောထားကို သတင်းဌာနတစ်ခုက မေးမြန်းတဲ့အပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့တာလို့ သိရပါတယ်။

အောကတ်စ် (Aukcus) အဖွဲ့ ဖွဲ့စည်းလိုက်တာဟာ ဒေသတွင်း အုပ်စုဖွဲ့မှုတွေနဲ့ ဒီအုပ်စုကြား ပြိုင်ဆိုင်မှုအား ကြီးမား လာတာဟာ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့

လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လိုလည်း ဌင်းက ဆိုပါတယ်။

ဒေသတွင်း အုပ်စုဖွဲ့မှု၊ စစ်ရေးချဲ့ထွင်လာမှု၊ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ စီးပွားရေးပြိုင်ဆိုင်မှုနဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေဟာ ဒေသတွင်း ပဋိပက္ခကို ကြီးထွားလာနိုင်ကြောင်း၊

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအနေနဲ့ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် လိုအပ်သလို ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရှိကြောင်းနဲ့

အင်အားပြ ခြိမ်းခြောက်မှုတွေနဲ့ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ထိပါးမယ့် အပြုအမူတွေကို ရှောင်ရှားရမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ သဘောထားအများစုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းဖို့ဆိုတာထက် သူတို့ထိန်းချုပ်နိုင်တဲ့အစိုးရတက်လာဖို့၊ အာဏာရဖို့ပါပဲ။ အဲ့ဒီအတွက် အကြမ်းဖက် NUG, CRPH တို့ကို တိုက်ရိုက်၊ သွယ်ဝိုက် ထောက်ခံလျက်ရှိပါတယ်။

အကြမ်းဖက် လုပ်ရပ်တွေအတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ ပူပန်နေစရာ မလိုပါဘူး။ မိတ်ဆွေနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ယင်းအပြင်ကိုဗစ်တတိယလှိုင်းဖြစ်စဉ်မှာ မြန်မာပြည်သူတွေကို တကယ်ထိထိရောက်ရောက် အကူအညီပေးခဲ့တာ ဘယ်နိုင်ငံလဲဆိုတာ ပြည်သူတစ်ရပ်လုံး သိကြပါတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကဖြေကြားခဲ့တယ် လို့ သိရပါတယ်။

Source: C8News

——-

တ႐ုတ္ဟာ မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံျဖစ္လို႔ ဘယ္သူေတြက ဖ်က္ဖ်က္ မပ်က္ဘူး လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ေျပာ

ရန္ကုန္၊စက္တင္ဘာ၂၂ရက္

တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံဟာ မဟာဗ်ဴဟာ မိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ အတြက္ ဘယ္သူေတြ၊ ဘယ္အေျခအေနေတြက ဖ်က္ဖ်က္ မပ်က္ပါဘူးလို႔ စကစရဲ႕တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္တို႔ရဲ႕ဆက္ဆံမႈက ပိုမိုခိုင္မာနက္ရႈိင္းပါတယ္လို႔လည္း ဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းက အာရွပစိဖိတ္ေဒသအတြင္း တ႐ုတ္ရဲ႕ စစ္အင္ အားႀကီးထြားမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ၾသစေတးလ်၊ အေမရိကန္၊ ၿဗိတိန္တို႔ ပူးေပါင္းဖြဲ႕စည္းထားတဲ့ ေအာကတ္စ္ (Aukcus) စာခ်ဳပ္ ခ်ဳပ္ခဲ့တာမွာ နစကရဲ႕သေဘာထားကို သတင္းဌာနတစ္ခုက ေမးျမန္းတဲ့အေပၚ ယင္းကဲ့သို႔ ေျဖၾကားခဲ့တာလို႔ သိရပါတယ္။

ေအာကတ္စ္ (Aukcus) အဖြဲ႕ ဖြဲ႕စည္းလိုက္တာဟာ ေဒသတြင္း အုပ္စုဖြဲ႕မႈေတြနဲ႔ ဒီအုပ္စုၾကား ၿပိဳင္ဆိုင္မႈအား ႀကီးမား လာတာဟာ သမား႐ိုးက်နဲ႔ သမား႐ိုးက်မဟုတ္တဲ့

လုံၿခဳံေရးဆိုင္ရာ ၿခိမ္းေျခာက္မႈေတြ ျဖစ္ေပၚေနၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္တယ္လိုလည္း ဌင္းက ဆိုပါတယ္။

ေဒသတြင္း အုပ္စုဖြဲ႕မႈ၊ စစ္ေရးခ်ဲ႕ထြင္လာမႈ၊ အင္အားႀကီးႏိုင္ငံေတြရဲ႕ မဟာဗ်ဴဟာ၊ စီးပြားေရးၿပိဳင္ဆိုင္မႈနဲ႔ လက္နက္အၿပိဳင္အဆိုင္ တပ္ဆင္မႈေတြဟာ ေဒသတြင္း ပဋိပကၡကို ႀကီးထြားလာႏိုင္ေၾကာင္း၊

ကမာၻေပၚရွိ ႏိုင္ငံအားလုံးအေနနဲ႔ မိမိတို႔ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ အတြက္ လိုအပ္သလို ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္တဲ့ အခြင့္အေရးရွိေၾကာင္းနဲ႔

အင္အားျပ ၿခိမ္းေျခာက္မႈေတြနဲ႔ အျခားႏိုင္ငံေတြရဲ႕ အခ်ဳပ္အျခာ အာဏာ ပိုင္ဆိုင္မႈကို ထိပါးမယ့္ အျပဳအမူေတြကို ေရွာင္ရွားရမွာျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

အေနာက္ႏိုင္ငံေတြရဲ႕ သေဘာထားအမ်ားစုက ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျဖစ္ထြန္းဖို႔ဆိုတာထက္ သူတို႔ထိန္းခ်ဳပ္ႏိုင္တဲ့အစိုးရတက္လာဖို႔၊ အာဏာရဖို႔ပါပဲ။ အဲ့ဒီအတြက္ အၾကမ္းဖက္ NUG, CRPH တို႔ကို တိုက္႐ိုက္၊ သြယ္ဝိုက္ ေထာက္ခံလ်က္ရွိပါတယ္။

အၾကမ္းဖက္ လုပ္ရပ္ေတြအတြက္ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ပူပန္ေနစရာ မလိုပါဘူး။ မိတ္ေဆြႏိုင္ငံေတြ၊ အိမ္နီးခ်င္းႏိုင္ငံေတြ၊ အာဆီယံအဖြဲ႕တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့ပါတယ္။

ယင္းအျပင္ကိုဗစ္တတိယလႈိင္းျဖစ္စဥ္မွာ ျမန္မာျပည္သူေတြကို တကယ္ထိထိေရာက္ေရာက္ အကူအညီေပးခဲ့တာ ဘယ္ႏိုင္ငံလဲဆိုတာ ျပည္သူတစ္ရပ္လုံး သိၾကပါတယ္လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ကေျဖၾကားခဲ့တယ္ လို႔ သိရပါတယ္။

Source: C8News