ၾကားသိရသမွ်

လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တခါမှားရင်အကြင်မယားဖြစ်သော်လည်း ယနေ့ခေတ် အကြိမ်ကြိမ်မှားရင်တောင်

နှစ်သုံးဆယ်က တခါမှားရင်အကြင်မယားဖြစ်သော်လည်း အကြိမ်ကြိမ်မှားရင်တောင်

လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘော်လီနဲ့အတွင်းခံအပြင်ထုတ်ထားရင် ကျက်သရေမရှိဘူး ၊

နှစ်သုံးဆယ်ကြာတော့ ဘော်လီနဲ့အတွင်းခံကို ဆိုင်ကြီးတွေမှာ တင်ထားရင် ခေတ်မီတယ် ။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က အင်ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာပေါ်ရင် ဆင်းရဲလို့ ၊

နှစ်သုံးဆယ်ကြာတော့ အင်ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာကို ပိုက်ဆံနဲ့ဝယ်တာ ချမ်းသာလို့ ။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘဏ်မှာငွေချေးရဖို့သင်ကအနူးအညွတ်တောင်းပန်ရတယ် ၊

နှစ်သုံးဆယ်ကြာတော့ ဘဏ်က သင်ငွေလာချေးဖို့ အနူးအညွတ်လာတောင်းပန်တယ်။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်လုပ်ရင် တစ်မိသားစုလုံးစားရတယ် ၊

နှစ်သုံးဆယ်ကြာတော့ လူနှစ်ယောက်လုပ်တောင် ကလေးတစ်ယောက်မွေးဖို့ အနိုင်နိုင်စဉ်းစားရတယ် ။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က တက္ကသိုလ်ဖြေဆိုအောင်နိုင်ဖို့ အင်မတန်မှခက်ခဲတယ်၊

နှစ်သုံးဆယ်ကြာတော့ တက္ကသိုလ်ဖြေဆို မအောင်ဖို့တောင်အင်မတန်မှခက်ခဲတယ်။

(ကိုယ့်ခေတ်က အောင်ချက်နဲ့ ကိုယ့်မိဘခေတ်က အောင်ချက် နှိုင်းယှဉ်ပြီးမှလာပြန်ပြောပါ)

လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်နဲ့ မှားအိပ်မိပြီဆို သူက တစ်သက်လုံး သင့်လူပဲ ၊

နှစ်သုံးဆယ်ကြာတော့ အကြိမ်ကြိမ်အိပ်ပြီးရင်တာင် လူက သင့်ဟာဟုတ်မဟုတ် မသေချာသေးဘူး ။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က အိမ်မှာ လူအိုတစ်ယောက်ရှိရင် မင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတယ်၊

နှစ်သုံးဆယ်ကြာတော့ အိမ်မှာ လူအိုတစ်ယောက်ရှိရင် အကုန်လုံးထွက်ပြေးချင်တယ် ။

အချိန်က ပြောင်းလဲတတ်သလို လူတွေကလည်း ပြောင်းလဲလာတယ်၊

အချို့အရာတွေက ကျနော်တို့ ဘယ်လောက်ကြိုးစား ကြိုးစား ၊ ပြန်သွားလို့ မရတာက မရတာပဲ ။

လူ့ဘဝ…အကောင်းဆုံး စိတ်အခြေအနေက ‘တည်ငြိမ်ခြင်း’ အကောင်းဆုံး ခံစားချက်က ‘လွတ်လပ်ခြင်း’

တစ်ခါတစ်လေ အရာရာကို ခပ်ပေါ့ပေါ့လေးတွေးခြင်းဟာ ပျော်ရွှင်မှုကိုရစေတယ် ၊

ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော ။

ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော ။

ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော ။

ကျနော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ…. မေ့နေပြီလား ။

ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ…

ဒီနေ့က ကုန်သွားမှာ ၊ မနက်ဖြန်က ရောက်လာမှာ ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ ၊

ခေတ်နဲ့ အချိန်က ကိုယ့်ကိုဆေးကြောသွားမှာ ၊ အသက်တို့က လျော့ပါးသွားမှာ…

ကျားတစ်ဗန်းမှာ ကျားစေ့ မ,တာနဲ့ ချတာ ကြားထဲမှာ စဉ်းစားတာ ပွဲပြီးတဲ့အချိန်ထိပဲ….

လူ့တစ်ဘဝမှာ ရယူလိုခြင်း နဲ့ စွန့်လွှတ်ခြင်း ကြားထဲမှာ စိတ်တွေ သောကရောက်ကြတာ သေတဲ့ အချိန်အထိပဲ…

သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့…။

အသက်ကိုတစ်ချက် ပြင်းပြင်းရှူကြည့်ပါ၊အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်မှာနေထိုင်ပါ…။

တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ…။

ဘယ်သူနဲ့နေရတာပျော်လဲ?ထိုသူ့ဘေးမှာပဲ တစ်သက်လုံးနေထိုင်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ…။

Credit: ဖိုးသူတော်

ႏွစ္သုံးဆယ္က တခါမွားရင္အၾကင္မယားျဖစ္ေသာ္လည္း အႀကိမ္ႀကိမ္မွားရင္ေတာင္

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က ေဘာ္လီနဲ႔အတြင္းခံအျပင္ထုတ္ထားရင္ က်က္သေရမရွိဘူး ၊

ႏွစ္သုံးဆယ္ၾကာေတာ့ ေဘာ္လီနဲ႔အတြင္းခံကို ဆိုင္ႀကီးေတြမွာ တင္ထားရင္ ေခတ္မီတယ္ ။

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က အင္က်ီနဲ႔ေဘာင္းဘီမွာ အေပါက္နဲ႔ ဖာရာေပၚရင္ ဆင္းရဲလို႔ ၊

ႏွစ္သုံးဆယ္ၾကာေတာ့ အင္က်ီနဲ႔ေဘာင္းဘီမွာ အေပါက္နဲ႔ ဖာရာကို ပိုက္ဆံနဲ႔ဝယ္တာ ခ်မ္းသာလို႔ ။

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က ဘဏ္မွာေငြေခ်းရဖို႔သင္ကအႏူးအၫြတ္ေတာင္းပန္ရတယ္ ၊

ႏွစ္သုံးဆယ္ၾကာေတာ့ ဘဏ္က သင္ေငြလာေခ်းဖို႔ အႏူးအၫြတ္လာေတာင္းပန္တယ္။

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က လူတစ္ေယာက္လုပ္ရင္ တစ္မိသားစုလုံးစားရတယ္ ၊

ႏွစ္သုံးဆယ္ၾကာေတာ့ လူႏွစ္ေယာက္လုပ္ေတာင္ ကေလးတစ္ေယာက္ေမြးဖို႔ အႏိုင္ႏိုင္စဥ္းစားရတယ္ ။

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က တကၠသိုလ္ေျဖဆိုေအာင္ႏိုင္ဖို႔ အင္မတန္မွခက္ခဲတယ္၊

ႏွစ္သုံးဆယ္ၾကာေတာ့ တကၠသိုလ္ေျဖဆို မေအာင္ဖို႔ေတာင္အင္မတန္မွခက္ခဲတယ္။

(ကိုယ့္ေခတ္က ေအာင္ခ်က္နဲ႔ ကိုယ့္မိဘေခတ္က ေအာင္ခ်က္ ႏႈိင္းယွဥ္ၿပီးမွလာျပန္ေျပာပါ)

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က လူတစ္ေယာက္နဲ႔ မွားအိပ္မိၿပီဆို သူက တစ္သက္လုံး သင့္လူပဲ ၊

ႏွစ္သုံးဆယ္ၾကာေတာ့ အႀကိမ္ႀကိမ္အိပ္ၿပီးရင္တာင္ လူက သင့္ဟာဟုတ္မဟုတ္ မေသခ်ာေသးဘူး ။

လြန္ခဲ့တဲ့ႏွစ္သုံးဆယ္က အိမ္မွာ လူအိုတစ္ေယာက္ရွိရင္ မဂၤလာအျဖာျဖာနဲ႔ျပည့္စုံတယ္၊

ႏွစ္သုံးဆယ္ၾကာေတာ့ အိမ္မွာ လူအိုတစ္ေယာက္ရွိရင္ အကုန္လုံးထြက္ေျပးခ်င္တယ္ ။

အခ်ိန္က ေျပာင္းလဲတတ္သလို လူေတြကလည္း ေျပာင္းလဲလာတယ္၊

အခ်ိဳ႕အရာေတြက က်ေနာ္တို႔ ဘယ္ေလာက္ႀကိဳးစား ႀကိဳးစား ၊ ျပန္သြားလို႔ မရတာက မရတာပဲ ။

လူ႔ဘဝ…အေကာင္းဆုံး စိတ္အေျခအေနက ‘တည္ၿငိမ္ျခင္း’ အေကာင္းဆုံး ခံစားခ်က္က ‘လြတ္လပ္ျခင္း’

တစ္ခါတစ္ေလ အရာရာကို ခပ္ေပါ့ေပါ့ေလးေတြးျခင္းဟာ ေပ်ာ္႐ႊင္မႈကိုရေစတယ္ ၊

ဒီေန႔ ဘယ္ေလာက္ပင္ႀကီးမားတဲ့ ကိစၥျဖစ္ေနပါေစ ၊ မနက္ျဖန္ေရာက္ရင္ ကိစၥေလးျဖစ္သြားေကာ ။

ဒီႏွစ္ ဘယ္ေလာက္ပင္ႀကီးမားတဲ့ ကိစၥျဖစ္ေနပါေစ၊ ေနာက္ႏွစ္ေရာက္ရင္ ပုံျပင္ေလးျဖစ္သြားေကာ ။

ဒီဘဝ ဘယ္ေလာက္ပင္ႀကီးမားတဲ့ ကိစၥျဖစ္ေနပါေစ၊ ေနာင္ဘဝေရာက္ရင္ ယုံတမ္းစကားျဖစ္သြားေကာ ။

က်ေနာ္တို႔ေတြက ယုံတမ္း ပုံျပင္ေတြကို ဖန္တီးေနတဲ့သူေတြေလ…. ေမ့ေနၿပီလား ။

ဘဝမွာ အလုပ္မွာ အဆင္မေျပမႈႀကဳံတိုင္း ကိုယ့္ကိုျပန္သတိေပးပါ…

ဒီေန႔က ကုန္သြားမွာ ၊ မနက္ျဖန္က ေရာက္လာမွာ ၊ ေန႔ရက္အသစ္နဲ႔ ကိုယ္က ျပန္စတင္ရမွာ ၊

ေခတ္နဲ႔ အခ်ိန္က ကိုယ့္ကိုေဆးေၾကာသြားမွာ ၊ အသက္တို႔က ေလ်ာ့ပါးသြားမွာ…

က်ားတစ္ဗန္းမွာ က်ားေစ့ မ,တာနဲ႔ ခ်တာ ၾကားထဲမွာ စဥ္းစားတာ ပြဲၿပီးတဲ့အခ်ိန္ထိပဲ….

လူ႔တစ္ဘဝမွာ ရယူလိုျခင္း နဲ႔ စြန႔္လႊတ္ျခင္း ၾကားထဲမွာ စိတ္ေတြ ေသာကေရာက္ၾကတာ ေသတဲ့ အခ်ိန္အထိပဲ…

သင့္ရဲ႕စိတ္ကို အရႈပ္ထုပ္ေတြနဲ႔ မခ်ည္ေႏွာင္ထားပါနဲ႔…။

အသက္ကိုတစ္ခ်က္ ျပင္းျပင္းရႉၾကည့္ပါ၊အတိတ္ကို လႊတ္ခ်ၿပီး ပစၥဳပၸန္မွာေနထိုင္ပါ…။

တစ္ခ်ိဳ႕ မျမင္ရတဲ့အရာေတြကို ႏွလုံးသားနဲ႔ နားလည္ၾကည့္ပါ…။

ဘယ္သူနဲ႔ေနရတာေပ်ာ္လဲ?ထိုသူ႔ေဘးမွာပဲ တစ္သက္လုံးေနထိုင္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းပါ…။

Credit: ဖိုးသူေတာ္