အသိပညာ

ငါ့အားနဲ့ ဖြစ်တဲ့ဆန် ထမင်း မင်းတို့ ဝမ်းတွင်း ငါ့အသားနဲ့ရော သွင်းတာ ချိုရဲ့လား သခင်

မင်းတို့ရဲ့သားချော ဆိုင်ကယ် စီးဖို့ ငါ့အသားကိုလှီး ငါ့အရည်ကိုလှန်ခဲ့တယ်။မင်းခြေဖဝါးကဆူးမင်းထွင်ပြီး ထုတ်နေချိန် ငါ့ခွာကြားကဆူး

ခွါသာထပ်ဖြစ်ခဲ့တယ်။လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံဟာဘာများကွာခြားသလဲမင်းလက်ကကြိမ်လုံးနဲ့ ငါ့ကျောကုန်းပေါ် တစ်သားထဲကျခဲ့ ငါလဲနာ

တတ်တယ်သခင်။

ငါ့နှာသီးဖျားထဲဝါးချွန်နဲ့ ထိုးသွင်းတုန်းကမင်း ကလဲအံတွေကြိတ် ငါလဲပဲမျက်လုံးကိုမှိတ် အံကိုကြိတ် မင်းကထုရတဲ့ “တူ” ငါကခံရတဲ့

“ပေ ”အသည်းလှိုက်အောင်နာကျင်နေလဲ ငါဘာများတတ်နိုင်မှာလဲသခင်။

မင်းတို့ကျွန်ဖြစ်တဲ့အဆုံးတော့ နွံနစ်တော့ လဲ ရုန်းရတာပဲမဟုတ်လား။ငါနေမကောင်းဖြစ်ချိန် ကြိမ်လုံးနဲ့ရိုက် နှာဖားကြိုးဆောင့်ဆွဲအမြှီး

ကို လိမ်ခေါက်မင်းတို့တုတ်တွေနဲ့ ငါ့ကိုရိုက်တယ်။

’မထ’တဲ့အဆုံးငါ့ကျောပေါ်ထမ်းရွက်ခြောက်တင်ပြီး မီးနဲ့ရှို့ဗိုက်ထဲကငါ့ကလေးတောင် မျက်ရည်ကျလောက်တယ်။သေချာတယ်မင်းတို့

သိပ်ကြောက်တဲ့ ငရဲဘုံဟာငါအတွက်တော့ မင်းနေနေတဲ့ ဒီလူ့ဘုံပဲသခင်။

ကျေးဇူးတရားဆိုတာ မင်းကပိုသိပါတယ်သခင်။ ငါ့ခန္ဓာကိုယ်ဟာမင်းတို့အတွက် မစင် ထိတိုင်အကျိုးရှိပါတယ်။နွေအခါမှာ လယ်ထဲမင်း

နဲ့ငါအတူတူ လယ်ထွန်တယ်။မင်းမောလို့သစ်ပင်အောက် ပြေးနားတဲ့အချိန် ငါ့အတွက်အရိပ်ဆိုတာ ငါ့ ပုခုံးပေါ်က ထန်းပိုးပဲရှိပါတယ်

သခင်။ဆောင်းအခါမှာ စောင်အထူကြီးတွေ နဲ့ မင်းတို့ နွေးနေချိန်ငါ့အရေပြားဟာ ငါ့ရဲ့စောင်ပါပဲနွေးမယ်လို့ထင်သလားသခင်။

အမဲသားလို့မခေါ်ပါနဲ့မင်းတို့အားအင်ချိနဲ့တဲ့အခါသောက်တဲ့ ငါ့နို့ရည်တွေ ဖြူစင်ပါတယ် သံသရာမှာချုချာတဲ့နွားမို့ တရံတခါမှာ ပူဆာတဲ့

သားအတွက် မင်းအိမ်ကဆင်းပါ့မယ် ဟိုသတ်ကွင်း ဘယ်လောက်ရက်စက်ပ့ ငါမငြင်းပါဘူး။

ငါ့အားနဲ့ဖြစ်တဲ့ ဆန်ထမင်း မင်းတို့ ဝမ်းထဲငါ့အသားနဲ့ရော သွင်းတာ ချိုသလားသခင်။မင်းရဲ့သားဆိုင်ကယ်စီးဖို့ သားသတ်ရုံမှာ ငါမရုန်း

တော့ဘဲ ငါ့အသားအလှီးခံပါ့မယ်။မူရင်းသို့လေးစားစွာဖြင့်

Zawgyi ဖြင့်ဖတ်ပါ

ငါ့အားနဲ႔ ျဖစ္တဲ့ဆန္ ထမင္း မင္းတို႔ ဝမ္းတြင္း ငါ့အသားနဲ႔ေရာ သြင္းတာ ခ်ိဳရဲ့လား သခင္

မင္းတို႔ရဲ့သားေခ်ာ ဆိုင္ကယ္ စီးဖို႔ ငါ့အသားကိုလွီး ငါ့အရည္ကိုလွန္ခဲ့တယ္။မင္းေျခဖဝါးကဆူးမင္းထြင္ၿပီး ထုတ္ေနခ်ိန္ ငါ့ခြာၾ

ကားကဆူးခြါသာထပ္ျဖစ္ခဲ့တယ္။လူ႔ဘုံနဲ႔ တိရစ္ဆာန္ဘုံဟာဘာမ်ားကြာျခားသလဲမင္းလက္ကႀကိမ္လုံးနဲ႔ ငါ့ေက်ာကုန္းေပၚ တစ္

သားထဲက်ခဲ့ ငါလဲနာတတ္တယ္သခင္။

ငါ့ႏွာသီးဖ်ားထဲဝါးခၽြန္နဲ႔ ထိုးသြင္းတုန္းကမင္း ကလဲအံေတြႀကိတ္ ငါလဲပဲမ်က္လုံးကိုမွိတ္ အံကိုႀကိတ္ မင္းကထုရတဲ့ တူ ငါ

ကခံရတဲ့ ေပ အသည္းလွိုက္ေအာင္နာက်င္ေနလဲ ငါဘာမ်ားတတ္နိုင္မွာလဲသခင္။

မင္းတို႔ကၽြန္ျဖစ္တဲ့အဆုံးေတာ့ ႏြံနစ္ေတာ့ လဲ ႐ုန္းရတာပဲမဟုတ္လား။ငါေနမေကာင္းျဖစ္ခ်ိန္ ႀကိမ္လုံးနဲ႔ရိုက္ ႏွာဖားႀ

ကိဳးေဆာင့္ဆြဲအျမႇီးကို လိမ္ေခါက္မင္းတို႔တုတ္ေတြနဲ႔ ငါ့ကိုရိုက္တယ္။မထတဲ့အဆုံးငါ့ေက်ာေပၚထမ္းရြက္ေျခာက္တင္ၿပီး မီး

နဲ႔ရွို႔ဗိုက္ထဲကငါ့ကေလးေတာင္ မ်က္ရည္က်ေလာက္တယ္။ေသခ်ာတယ္မင္းတို႔ သိပ္ေၾကာက္တဲ့ ငရဲဘုံဟာငါအတြက္ေတာ့ မင္းေနေ

နတဲ့ ဒီလူ႔ဘုံပဲသခင္။

ေက်းဇူးတရားဆိုတာ မင္းကပိုသိပါတယ္သခင္။ ငါ့ခႏၶာကိုယ္ဟာမင္းတို႔အတြက္ မစင္ ထိတိုင္အက်ိဳးရွိပါတယ္။ႏြေအခါမွာ လယ္ထဲမင္း

နဲ႔ငါအတူတူ လယ္ထြန္တယ္။မင္းေမာလို႔သစ္ပင္ေအာက္ ေျပးနားတဲ့အခ်ိန္ ငါ့အတြက္အရိပ္ဆိုတာ ငါ့ ပုခုံးေပၚက ထန္းပိုးပဲရွိပါတယ္သ

ခင္။ေဆာင္းအခါမွာ ေစာင္အထူႀကီးေတြ နဲ႔ မင္းတို႔ ေႏြးေနခ်ိန္ငါ့အေရျပားဟာ ငါ့ရဲ့ေစာင္ပါပဲေႏြးမယ္လို႔ထင္သလားသခင္။

အမဲသားလို႔မေခၚပါနဲ႔မင္းတို႔အားအင္ခ်ိနဲ႔တဲ့အခါေသာက္တဲ့ ငါ့နို႔ရည္ေတြ ျဖဴစင္ပါတယ္ သံသရာမွာခ်ဳခ်ာတဲ့ႏြားမို႔ တရံတခါ

မွာ ပူဆာတဲ့သားအတြက္ မင္းအိမ္ကဆင္းပါ့မယ္ ဟိုသတ္ကြင္း ဘယ္ေလာက္ရက္စက္ပ့ ငါမျငင္းပါဘူး။

ငါ့အားနဲ႔ျဖစ္တဲ့ ဆန္ထမင္း မင္းတို႔ ဝမ္းထဲငါ့အသားနဲ႔ေရာ သြင္းတာ ခ်ိဳသလားသခင္။မင္းရဲ့သားဆိုင္ကယ္စီးဖို႔ သားသတ္႐ုံမွာ ငါမ႐ု

န္းေတာ့ဘဲ ငါ့အသားအလွီးခံပါ့မယ္။မူရင္းသို႔ေလးစားစြာျဖင့္