အိမ်မှု့ကိစ္စ လုံးဝမလုုပ်တတ်တဲ့ ကျွန်တော်နဲ့သားလေးကို ထားသွားတဲ့ ကျွန်တော့်ဇနီး (မျက်ရည်လွယ်ရင် မဖတ်ပါနဲ့)
မျက်ရည်လွယ်ရင် မဖတ်ပါနဲ့….
ကျွန်တော်ဇနီး သွေးကင်ဆာဖြစ်ပြီး ကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ခုဆို (၃)နှစ် ကျော်နေပါပြီ။
ကျွန်တော်ပြန်စဉ်းစားမိတယ်အိမ်မှု့ကိစ္စလုံးဝမလုပ်တက်တဲ့ ကျွန်တော်နဲ့သားလေးကိုထားခဲ့ရတာ သူဘယ်လောက်ထိ ဝမ်းနည်းနေမလဲဆိုတာ။
ကျွန်တော်ကိုယ်တိုင်လည်း မိဘနှစ်ပါးစလုံးနေရာကနေကောင်းကောင်းမလုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်ခဲ့ရပါတယ်။
တစ်ရက်မှာ ကျွန်တော်အလုပ်ကိစ္စနဲ့ မနက်စောစောခရီးထွက်ဖို့ရှိတော့ ခလေးအတွက် ဘာမှမပြင်ဆင်ပေးရပဲအိမ်ကတန်းထွက်လာခဲ့တယ်။
မနေ့ညက ထမင်းကြမ်းနဲ့ ကြက်ဥကြော်ထားခဲ့ပေးပြီးအိပ်ရာကမနိုးသေးတဲ့ သားလေးကို ပြောပြီး ထွက်လာခဲ့တယ်။
သားလေးကို ကောင်းကောင်းမွန်မွန် လူတန်းစေ့ထားနိုင်ဖို့အတွက် ကျွန်တော်လည်းအလုပ်ကိုကြိုးစားလုပ်ကိုင်နေရတယ်လေ။
အိမ်ပြန်မိုးချူပ်တဲ့တစ်ညမှာ ကျွန်တော်က သားလေးကိုလိုရင်းတိုရှင်းပဲ နူတ်ဆက်လိုက်ပါတယ်။
အလုပ်က ပင်ပန်းလာတဲ့အတွက်အင်္ကျီချွတ်ပြီး ကုတင်ပေါ် အရှိန်နဲ့ လဲပစ်ချလိုက်တယ်။
အဲ့ဒီအချိန်မှာ ” ဗွန်းကနဲ “ဆိုသလို အနီရောင်ဟင်းရည်တွေခေါက်ဆွဲတွေက အိပ်ယာခင်းနဲ့စောင်တွေကိုတခဏအတွင်းမှာပဲ စွန်းပေကုန်တယ်။
လက်စသတ်တော့ ခေါက်ဆွဲပန်းကန်က စောင်အောက်ကိုရောက်နေတာကို။
ဒီကောင်တော့ တကယ်ပါပဲ……ပြောတာ နှေးတယ်…လုပ်တာ မြန်တယ်……ချက်ချင်းပဲ ကျွန်တော်အဝတ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားလိုက်တယ်။
အရုပ်တွေနဲ့ ထိုင်ကစားနေတဲ့ သားလေးရဲ့ တင်ပါးကိုဘာမှမေးမနေပဲ တန်းရိုတ်တော့တာပဲ။
ကျွန်တော် တော်တော်လေး စိတ်တိုနေတဲ့အတွက်သားကို အဆက်မပျက် ရိုက်ပစ်လိုက်တယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူငိုပြီး ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် ရပ်သွားတယ်။
“ထမင်းအိုးထဲက ထမင်းတွေ …မနက်တည်းက စားလို့ကုန်သွားပြီ်ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး…
အံဆွဲထဲမှာ ခေါက်ဆွဲပြုတ်အထုတ် ရှာတွေ့ခဲ့တယ်ဒါပေမယ့် ဖေဖေပြောထားတယ် မီးဖိုမထိရဘူးလို့
ဒါကြောင့် သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကိုဖွင့်ပြီး ရေနွေးနွေးနဲ့ ခေါက်ဆွဲစိမ်ထားခဲ့တယ်…
“တစ်ခုက သားစားဖို့ ……တစ်ခုက ဖေဖေ့ကိုစားစေချင်လို့ခေါက်ဆွဲတွေ အေးသွားမှာစိုးလို့ စောင်နဲ့အုပ်ထားပြီး
ဖေဖေအလုပ်က ပြန်လာတာကို သားကစောင့်နေတာပါ …သား အရုပ်တွေနဲ့ ကစားနေလို့ ……ဖေဖေ့ကို ပြောပြဖို့ မေ့သွားတာပါ ”
ကျွန်တော်မျက်ရည်တွေကို သားလေးကိုမမြင်စေချင်တဲ့အတွက် ရေချိုုးခန်းထဲ ပြေးဝင်သွားပြီးရေပိုက်ခေါင်းကိုဖွင့်ပြီး အားရပါးရ ငိုချလိုက်တယ်။
ခဏနေတော့ ကျွန်တော်အားတင်းပြီးသားလေးကိုပြန်ချော့ရင်း သူ့ရဲ့တင်ပါးလေးကိုဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။
ခေါက်ဆွဲဟင်းရည်ကြောင့် ပေကျန်သွားတဲ့ အိပ်ယာခင်းနဲ့စောင်တွေကို သိမ်းပြီး သားလေးရဲ့အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ရိူက်သံ သဲ့သဲ့ကိုလည်းကြားနေရသေးတယ်။
လက်ထဲမှာ သူ့အမေဓါတ်ပုံကို ကိုင်လို့ကျွန်တော် တံခါးရွတ်ကိုမှီလို့ ဒီမြင်ကွင်းကို အကြာကြီးရပ်ကြည့်နေခဲ့မိတယ်။
ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့သားလေးကို မိခင်တစ်ယောက်ရဲ့ ဇာတ်ကောင်နဲ့ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ သားလေးကိုအရင်ထက် ဂရုစိုက်ခဲ့ပါတယ်။
အခုဆို သားလေး (၈)နှစ်ပြည့်တော့မယ်။(၃)တန်းအောင်လို့ (၄)တန်း တက်ရတော့မယ်လေ။
ကံကောင်းတာက သားလေးက အရိပ်မည်းအောက်မှာရှိမနေပဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ခလေးကို နောက်တကြိမ်ထပ်ရိုက်မိပြန်တယ်။သူ့ကျောင်းက ဆရာမဖုန်းဆက်လာတယ်။သား……ကျောင်းမတက်ဘူးတဲ့။
ကျွန်တော် စိတ်မအေးနိုင်တော့ဘူး။ရပ်ကွက်ထဲ နေရာအနှံ့သူ့နာမည် အော်ခေါ်လို့လိုက်ရှာပေမယ့် ရှာလို့မတွေ့ခဲ့ဘူး။
နောက်ဆုံးတော့တစ်ဖတ်ရပ်ကွက်က ဂိ်မ်းဆိုင်ရှေ့မှာသူ့ကိုတွေ့လိုက်တယ်။ကျွန်တော် ဒေါသလည်းထွက် မောကလည်းမောဆိုတော့အဆက်မပျက်ပဲ ရိုက်ပစ်လိုက်တယ်။
သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးပဲ”သား .……တောင်းပန်ပါတယ် “လို့ တစ်ခွန်းတည်းပြန်ပြောခဲ့တယ်။
နောက်မှ သိလိုက်ရတယ် အဲ့ဒီနေ့ကကျောင်းက အမေများနေ့နှင့် စုံညီပွဲလုပ်ပေးတဲ့နေ့ဖြစ်နေပါတယ်။
ဒီလိုကိစ္စ ဖြစ်ပြီးနောက်ပြီး နောက်ပိုင်းသားလေးအိမ်ပြန်ရောက်ပြီး ပြောပြတယ်။သူ……ကျောင်းမှာစာရေးနည်း သင်ခဲ့တယ်တဲ့။
ဒီနောက်ပိုင်းတော့ သူအရင်လို မဆော့တော့ပဲအခန်းထဲအောင်းပြီး စာတွေပဲ ထိုင်ရေးနေခဲ့တာကျွန်တော် သတိထားမိခဲ့ပါတယ်။
သားလေးကို ဒီလိုလေး မြင်ရတော့လည်းဆုံးသွားတဲ့ ဇနီး သူ့အမေ ဒီမြင်ကွင်းလေးသာ မြင်ရရင်ပြုံးနေမိမှာပဲ ဆိုတာကို တွေးမိပြီးမျက်ရည်ကို ထိန်းမရခဲ့ပြန်ဘူး။
အချိန်တွေ ……ကုန်ဆုံးတာ အရမ်းမြန်လွန်းတယ်။နောက်တနှစ်မိုးကုန်လို့ သီတင်းကျွတ်လရာသီကိုရောက်ခဲ့ပြီ။
သားလေးက နောက်ထပ်ပြသာနာ တစ်ခု ရှာပြန်ပါပြီ။
စာတိုက်က ဖုန်းဆက်လာတယ်။လိပ်စာမပါတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့။
ဒီလိုရာသီ အလုပ်အရူတ်ဆုံး အချိန်မှာ ကိုယ့်သားသမီးကိုကောင်းကောင်းထိန်းသိမ်းပါလို့ ပြောလာတယ်။
သားကို မရိုက်တော့ဘူးလို့ ထိန်းထားပေမယ့်စာတိုက်ကလူတွေ ပြောတာကို ရှက်တဲ့စိတ်နဲ့ရိုက်လိုက်မိတယ်။
သားလေးက ဒီတကြိမ်မှာတော့ သူမှားပါတယ်လို့ပြောလာတယ်။တခြား ဘာဖြေရှင်းချက်မှာ သူမပေးဘူး
ကျွန်တော်လည်း သူစာတိုက်မှာ လက်သွားဆော့တဲ့စာအထုတ်ကို သူ့မျက်စိရှေ့ မှာပဲ ပစ်ချလိုက်ပြီးပြောလိုက်တယ်……
“ဘာဖြစ်လို့ ……ဒီလိုစာတိုက်မှာ သွားဆော့ရတာလဲ “သားလေးက ငိုပြီး ပြန်ဖြေတယ်……
“ဒီ ……ဒီစာတွေက …မေမေ့ဆီကို ပို့ပေးဖို့ပါ ”
အဲ့ဒီအချိန်မှာ ကျွန်တော် မျက်လုံးတွေ နီရဲသွားခဲ့ပါတယ် စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့
ဒါပေမယ့်သားလေးရှေ့မှာ ဆိုတော့ တက်နိုင်သလောက်ဖုံးဖိထားခဲ့ပါတယ်။ဆက်ပြီးတော့ မေးလိုက်တယ်………
” ဒါဆို ……ဘာလို့ တခါတည်း ဒီလောက်အများကြီးပို့ရတာလဲ” ???
သားလေးက ပြန်ဖြေတယ်…
“ဟို အရင်ကတည်းက ပေးဖို့ ရေးထားတဲ့စာကို သားက အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်မရဘူးလေအခုတခေါက် သားလာကြည့််တဲ့အခါ
အရပ်က မှီနေပြီ ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကိုတခါတည်း ……ထည့်လိုက်ချင်တာပါ ”
ကျွန်တော် သူပြောတာကို နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားတယ် သားကို ဘာပြန်ပြောရမလဲကို မသိတော့တာ!!!!
ခဏနေတော့ သားလေးကို ပြန်ပြောလိုက်တယ်။
“အခု ……သား မေမေက ကောင်းကင်ပေါ်မှာ ရှိတယ်နောက်သား .……သတိရလို့ စာရေးပြီးရင် မီးရိူးလိုက်ဒါဆို သားမေမေဆီရောက်ပြီ ”
သားလေးအခု အိပ်ပျော်သွားပါပြီ အိမ်ရှေ့ ထွက်ပြီး သူ့စာလေးတွေ မီးရိူးပေးလိုက်တယ်။သားလေး ဘာတွေများ ရေးထားသလဲ ဆိုတာကိုစိတ်ဝင်စားပြီး
အဲ့ဒီထဲက စာတချို့ကိုဖောက်ဖတ်လိုက်မိပါတယ်။စာတစ်စောင်က ကျွန်တော်ရင်ကို နက်နက်ရိူုင်းရှိုင်းထိနာသွားစေတယ်ဗျာ…
စာထဲမှာ သားသား ရေးထားတာက…
ချစ်ခင်ရပါစေ မေမေ…
သား…… မေမေ့ကို အရမ်းသတိရတယ် ဒီနေ့ ကျောင်းမှာ …မေမေတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ် သားမှာ မေမေမရှိတော့ မသွားဘူး
ဖေဖေ့ကိုလည်း သားမပြောပြဘူး ဖေဖေလည်း မေမေ့ကို သတိရနေမှာ စိုးလို့ အဲ့ဒီနေ့က ဖေဖေ သားကိုလိုက်ရှာတယ်
သားပျော်နေတာကိုပဲ ဖေဖေ့ကို မြင်စေချင်လို့သားဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ် ဖေဖေသားကို ဆူပြီး ရိုက်ပေမယ့် သားအကြောင်းရင်း မရှင်းပြတော့ဘူး။
မေမေ ……ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်း တွေ့တယ် ဖေဖေလည်း သားလိုပဲ နေမှာ မေမေ့ကို
အရမ်း……အရမ်းသတိရတယ်။ဒါပေမယ့်မေမေ သားအခုအချိန်မှာ မေမေ့မျက်နှာကိုသားသေချာမမှတ်မိတော့ပါဘူး
မေမေ …သားရဲ့ အိမ်မက်ထဲကို လာပါလား ဟင် မေမေ့မျက်နှာကို သားနောက်တခေါက် မြင်ချင်လို့ပါ။သတိရတဲ့
သူရဲ့ ဓါတ်ပုံကို ရင်ထဲမှာပိုက်ပြီးအိပ်ရင်အဲ့ဒီလူကို အိမ်မက်မက်တက်တယ်လို့ သူများတွေပြောတာသားကြားဖူးတယ်။မေမေက ဘာလို့ သားရဲ့ အိမ်မက်ထဲကိုမလာတာလဲ…
စာလည်းဆုံးရော ကျွန်တော်ရှိူက်ကြီးတငင် ငိုချပစ်လိုက်တယ်ဘယ်သော အချိန်မှာမှ ဇနီးရဲ့ နေရာလွတ်လေးကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ…။
Credit : Thi Ha
အိမ္မႈ႔ကိစၥ လုံးဝမလုုပ္တတ္တဲ့ ကၽြန္ေတာ္နဲ႔သားေလးကို ထားသြားတဲ့ ကၽြန္ေတာ့္ဇနီး (မ်က္ရည္လြယ္ရင္ မဖတ္ပါနဲ႔)
မ်က္ရည္လြယ္ရင္ မဖတ္ပါနဲ႔….
ကၽြန္ေတာ္ဇနီး ေသြးကင္ဆာျဖစ္ၿပီး ကၽြန္ေတာ္တို႔ဆီကေန ထြက္ခြာသြားတာ ခုဆို (၃)ႏွစ္ ေက်ာ္ေနပါၿပီ။
ကၽြန္ေတာ္ျပန္စဥ္းစားမိတယ္အိမ္မႈ႔ကိစၥလုံးဝမလုပ္တက္တဲ့ ကၽြန္ေတာ္နဲ႔သားေလးကိုထားခဲ့ရတာ သူဘယ္ေလာက္ထိ ဝမ္းနည္းေနမလဲဆိုတာ။
ကၽြန္ေတာ္ကိုယ္တိုင္လည္း မိဘႏွစ္ပါးစလုံးေနရာကေနေကာင္းေကာင္းမလုပ္နိုင္တဲ့အတြက္ ကိုယ့္ကိုယ္ကိုအားမလို အားမရျဖစ္ခဲ့ရပါတယ္။
တစ္ရက္မွာ ကၽြန္ေတာ္အလုပ္ကိစၥနဲ႔ မနက္ေစာေစာခရီးထြက္ဖို႔ရွိေတာ့ ခေလးအတြက္ ဘာမွမျပင္ဆင္ေပးရပဲအိမ္ကတန္းထြက္လာခဲ့တယ္။
မေန႔ညက ထမင္းၾကမ္းနဲ႔ ၾကက္ဥေၾကာ္ထားခဲ့ေပးၿပီးအိပ္ရာကမနိုးေသးတဲ့ သားေလးကို ေျပာၿပီး ထြက္လာခဲ့တယ္။
သားေလးကို ေကာင္းေကာင္းမြန္မြန္ လူတန္းေစ့ထားနိုင္ဖို႔အတြက္ ကၽြန္ေတာ္လည္းအလုပ္ကိုႀကိဳးစားလုပ္ကိုင္ေနရတယ္ေလ။
အိမ္ျပန္မိုးခ်ဴပ္တဲ့တစ္ညမွာ ကၽြန္ေတာ္က သားေလးကိုလိုရင္းတိုရွင္းပဲ ႏူတ္ဆက္လိုက္ပါတယ္။
အလုပ္က ပင္ပန္းလာတဲ့အတြက္အကၤ်ီခၽြတ္ၿပီး ကုတင္ေပၚ အရွိန္နဲ႔ လဲပစ္ခ်လိုက္တယ္။
အဲ့ဒီအခ်ိန္မွာ ” ဗြန္းကနဲ “ဆိုသလို အနီေရာင္ဟင္းရည္ေတြေခါက္ဆြဲေတြက အိပ္ယာခင္းနဲ႔ေစာင္ေတြကိုတခဏအတြင္းမွာပဲ စြန္းေပကုန္တယ္။
လက္စသတ္ေတာ့ ေခါက္ဆြဲပန္းကန္က ေစာင္ေအာက္ကိုေရာက္ေနတာကို။
ဒီေကာင္ေတာ့ တကယ္ပါပဲ……ေျပာတာ ေႏွးတယ္…လုပ္တာ ျမန္တယ္……ခ်က္ခ်င္းပဲ ကၽြန္ေတာ္အဝတ္ခ်ိတ္တစ္ခုယူၿပီး ေျပးထြက္သြားလိုက္တယ္။
အ႐ုပ္ေတြနဲ႔ ထိုင္ကစားေနတဲ့ သားေလးရဲ့ တင္ပါးကိုဘာမွေမးမေနပဲ တန္းရိုတ္ေတာ့တာပဲ။
ကၽြန္ေတာ္ ေတာ္ေတာ္ေလး စိတ္တိုေနတဲ့အတြက္သားကို အဆက္မပ်က္ ရိုက္ပစ္လိုက္တယ္။
ဒါေပမယ့္ အဲ့ဒီအခ်ိန္မွာပဲ သူငိုၿပီး ေျပာလိုက္တဲ့စကားေၾကာင့္ ကၽြန္ေတာ္ ရပ္သြားတယ္။
“ထမင္းအိုးထဲက ထမင္းေတြ …မနက္တည္းက စားလို႔ကုန္သြားၿပီ္ညေရာက္ေတာ့ ေဖေဖက ျပန္မလာေသးဘူး…
အံဆြဲထဲမွာ ေခါက္ဆြဲျပဳတ္အထုတ္ ရွာေတြ႕ခဲ့တယ္ဒါေပမယ့္ ေဖေဖေျပာထားတယ္ မီးဖိုမထိရဘူးလို႔
ဒါေၾကာင့္ သားက ေရခ်ိဳးတဲ့ ေရေႏြးပိုက္ေခါင္းကိုဖြင့္ၿပီး ေရေႏြးေႏြးနဲ႔ ေခါက္ဆြဲစိမ္ထားခဲ့တယ္…
“တစ္ခုက သားစားဖို႔ ……တစ္ခုက ေဖေဖ့ကိုစားေစခ်င္လို႔ေခါက္ဆြဲေတြ ေအးသြားမွာစိုးလို႔ ေစာင္နဲ႔အုပ္ထားၿပီး
ေဖေဖအလုပ္က ျပန္လာတာကို သားကေစာင့္ေနတာပါ …သား အ႐ုပ္ေတြနဲ႔ ကစားေနလို႔ ……ေဖေဖ့ကို ေျပာျပဖို႔ ေမ့သြားတာပါ ”
ကၽြန္ေတာ္မ်က္ရည္ေတြကို သားေလးကိုမျမင္ေစခ်င္တဲ့အတြက္ ေရခ်ိဳုးခန္းထဲ ေျပးဝင္သြားၿပီးေရပိုက္ေခါင္းကိုဖြင့္ၿပီး အားရပါးရ ငိုခ်လိုက္တယ္။
ခဏေနေတာ့ ကၽြန္ေတာ္အားတင္းၿပီးသားေလးကိုျပန္ေခ်ာ့ရင္း သူ႔ရဲ့တင္ပါးေလးကိုေဆးလိမ္းေပးၿပီး ေခ်ာ့သိပ္လိုက္တယ္။
ေခါက္ဆြဲဟင္းရည္ေၾကာင့္ ေပက်န္သြားတဲ့ အိပ္ယာခင္းနဲ႔ေစာင္ေတြကို သိမ္းၿပီး သားေလးရဲ့အခန္းကိုဖြင့္လိုက္ေတာ့ သူေလးရဲ့ ရိူက္သံ သဲ့သဲ့ကိုလည္းၾကားေနရေသးတယ္။
လက္ထဲမွာ သူ႔အေမဓါတ္ပုံကို ကိုင္လို႔ကၽြန္ေတာ္ တံခါးရြတ္ကိုမွီလို႔ ဒီျမင္ကြင္းကို အၾကာႀကီးရပ္ၾကည့္ေနခဲ့မိတယ္။
ဒီကိစၥၿပီးတဲ့ ေနာက္ႏွစ္ေတြမွာေတာ့သားေလးကို မိခင္တစ္ေယာက္ရဲ့ ဇာတ္ေကာင္နဲ႔ေကာင္းေကာင္းလုပ္ေဆာင္နိုင္ဖို႔ သားေလးကိုအရင္ထက္ ဂ႐ုစိုက္ခဲ့ပါတယ္။
အခုဆို သားေလး (၈)ႏွစ္ျပည့္ေတာ့မယ္။(၃)တန္းေအာင္လို႔ (၄)တန္း တက္ရေတာ့မယ္ေလ။
ကံေကာင္းတာက သားေလးက အရိပ္မည္းေအာက္မွာရွိမေနပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႀကီးျပင္းလာခဲ့တယ္။
သိပ္မၾကာခင္မွာပဲ ခေလးကို ေနာက္တႀကိမ္ထပ္ရိုက္မိျပန္တယ္။သူ႔ေက်ာင္းက ဆရာမဖုန္းဆက္လာတယ္။သား……ေက်ာင္းမတက္ဘူးတဲ့။
ကၽြန္ေတာ္ စိတ္မေအးနိုင္ေတာ့ဘူး။ရပ္ကြက္ထဲ ေနရာအႏွံ့သူ႔နာမည္ ေအာ္ေခၚလို႔လိုက္ရွာေပမယ့္ ရွာလို႔မေတြ႕ခဲ့ဘူး။
ေနာက္ဆုံးေတာ့တစ္ဖတ္ရပ္ကြက္က ဂိ္မ္းဆိုင္ေရွ႕မွာသူ႔ကိုေတြ႕လိုက္တယ္။ကၽြန္ေတာ္ ေဒါသလည္းထြက္ ေမာကလည္းေမာဆိုေတာ့အဆက္မပ်က္ပဲ ရိုက္ပစ္လိုက္တယ္။
သားေလးကေတာ့ ဘာေျဖရွင္းခ်က္မွ မေပးပဲ”သား .……ေတာင္းပန္ပါတယ္ “လို႔ တစ္ခြန္းတည္းျပန္ေျပာခဲ့တယ္။
ေနာက္မွ သိလိုက္ရတယ္ အဲ့ဒီေန႔ကေက်ာင္းက အေမမ်ားေန႔ႏွင့္ စုံညီပြဲလုပ္ေပးတဲ့ေန႔ျဖစ္ေနပါတယ္။
ဒီလိုကိစၥ ျဖစ္ၿပီးေနာက္ၿပီး ေနာက္ပိုင္းသားေလးအိမ္ျပန္ေရာက္ၿပီး ေျပာျပတယ္။သူ……ေက်ာင္းမွာစာေရးနည္း သင္ခဲ့တယ္တဲ့။
ဒီေနာက္ပိုင္းေတာ့ သူအရင္လို မေဆာ့ေတာ့ပဲအခန္းထဲေအာင္းၿပီး စာေတြပဲ ထိုင္ေရးေနခဲ့တာကၽြန္ေတာ္ သတိထားမိခဲ့ပါတယ္။
သားေလးကို ဒီလိုေလး ျမင္ရေတာ့လည္းဆုံးသြားတဲ့ ဇနီး သူ႔အေမ ဒီျမင္ကြင္းေလးသာ ျမင္ရရင္ျပဳံးေနမိမွာပဲ ဆိုတာကို ေတြးမိၿပီးမ်က္ရည္ကို ထိန္းမရခဲ့ျပန္ဘူး။
အခ်ိန္ေတြ ……ကုန္ဆုံးတာ အရမ္းျမန္လြန္းတယ္။ေနာက္တႏွစ္မိုးကုန္လို႔ သီတင္းကၽြတ္လရာသီကိုေရာက္ခဲ့ၿပီ။
သားေလးက ေနာက္ထပ္ျပသာနာ တစ္ခု ရွာျပန္ပါၿပီ။
စာတိုက္က ဖုန္းဆက္လာတယ္။လိပ္စာမပါတဲ့ စာအထုတ္လိုက္ကို အတင္းပို႔ခိုင္းေနလို႔တဲ့။
ဒီလိုရာသီ အလုပ္အ႐ူတ္ဆုံး အခ်ိန္မွာ ကိုယ့္သားသမီးကိုေကာင္းေကာင္းထိန္းသိမ္းပါလို႔ ေျပာလာတယ္။
သားကို မရိုက္ေတာ့ဘူးလို႔ ထိန္းထားေပမယ့္စာတိုက္ကလူေတြ ေျပာတာကို ရွက္တဲ့စိတ္နဲ႔ရိုက္လိုက္မိတယ္။
သားေလးက ဒီတႀကိမ္မွာေတာ့ သူမွားပါတယ္လို႔ေျပာလာတယ္။တျခား ဘာေျဖရွင္းခ်က္မွာ သူမေပးဘူး
ကၽြန္ေတာ္လည္း သူစာတိုက္မွာ လက္သြားေဆာ့တဲ့စာအထုတ္ကို သူ႔မ်က္စိေရွ႕ မွာပဲ ပစ္ခ်လိုက္ၿပီးေျပာလိုက္တယ္……
“ဘာျဖစ္လို႔ ……ဒီလိုစာတိုက္မွာ သြားေဆာ့ရတာလဲ “သားေလးက ငိုၿပီး ျပန္ေျဖတယ္……
“ဒီ ……ဒီစာေတြက …ေမေမ့ဆီကို ပို႔ေပးဖို႔ပါ ”
အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ္ မ်က္လုံးေတြ နီရဲသြားခဲ့ပါတယ္ စိတ္ထဲမွာေတာ့ ေဘာင္ဘင္ခတ္လို႔
ဒါေပမယ့္သားေလးေရွ႕မွာ ဆိုေတာ့ တက္နိုင္သေလာက္ဖုံးဖိထားခဲ့ပါတယ္။ဆက္ၿပီးေတာ့ ေမးလိုက္တယ္………
” ဒါဆို ……ဘာလို႔ တခါတည္း ဒီေလာက္အမ်ားႀကီးပို႔ရတာလဲ” ???
သားေလးက ျပန္ေျဖတယ္…
“ဟို အရင္ကတည္းက ေပးဖို႔ ေရးထားတဲ့စာကို သားက အရပ္ပုေတာ့ စာတိုက္ပုံးထဲ ထည့္မရဘူးေလအခုတေခါက္ သားလာၾကည့္္တဲ့အခါ
အရပ္က မွီေနၿပီ ဒါေၾကာင့္ အရင္ကတည္းက မထည့္ရေသးတဲ့ စာေတြကိုတခါတည္း ……ထည့္လိုက္ခ်င္တာပါ ”
ကၽြန္ေတာ္ သူေျပာတာကို နားေထာင္ၿပီး စိတ္ထဲမွာ လမ္းစေပ်ာက္သြားတယ္ သားကို ဘာျပန္ေျပာရမလဲကို မသိေတာ့တာ!!!!
ခဏေနေတာ့ သားေလးကို ျပန္ေျပာလိုက္တယ္။
“အခု ……သား ေမေမက ေကာင္းကင္ေပၚမွာ ရွိတယ္ေနာက္သား .……သတိရလို႔ စာေရးၿပီးရင္ မီးရိူးလိုက္ဒါဆို သားေမေမဆီေရာက္ၿပီ ”
သားေလးအခု အိပ္ေပ်ာ္သြားပါၿပီ အိမ္ေရွ႕ ထြက္ၿပီး သူ႔စာေလးေတြ မီးရိူးေပးလိုက္တယ္။သားေလး ဘာေတြမ်ား ေရးထားသလဲ ဆိုတာကိုစိတ္ဝင္စားၿပီး
အဲ့ဒီထဲက စာတခ်ိဳ႕ကိုေဖာက္ဖတ္လိုက္မိပါတယ္။စာတစ္ေစာင္က ကၽြန္ေတာ္ရင္ကို နက္နက္ရိူုင္းရွိုင္းထိနာသြားေစတယ္ဗ်ာ…
စာထဲမွာ သားသား ေရးထားတာက…
ခ်စ္ခင္ရပါေစ ေမေမ…
သား…… ေမေမ့ကို အရမ္းသတိရတယ္ ဒီေန႔ ေက်ာင္းမွာ …ေမေမေတြနဲ႔ ေပ်ာ္ပြဲရႊင္ပြဲ လုပ္ေပးတယ္ သားမွာ ေမေမမရွိေတာ့ မသြားဘူး
ေဖေဖ့ကိုလည္း သားမေျပာျပဘူး ေဖေဖလည္း ေမေမ့ကို သတိရေနမွာ စိုးလို႔ အဲ့ဒီေန႔က ေဖေဖ သားကိုလိုက္ရွာတယ္
သားေပ်ာ္ေနတာကိုပဲ ေဖေဖ့ကို ျမင္ေစခ်င္လို႔သားဂိမ္းဆိုင္ေရွ႕မွာ ထိုင္ေနလိုက္တယ္ ေဖေဖသားကို ဆူၿပီး ရိုက္ေပမယ့္ သားအေၾကာင္းရင္း မရွင္းျပေတာ့ဘူး။
ေမေမ ……ေဖေဖက ေမေမ့ကို သတိရလို႔ငိုေနတာကို သားေန႔တိုင္း ေတြ႕တယ္ ေဖေဖလည္း သားလိုပဲ ေနမွာ ေမေမ့ကို
အရမ္း……အရမ္းသတိရတယ္။ဒါေပမယ့္ေမေမ သားအခုအခ်ိန္မွာ ေမေမ့မ်က္ႏွာကိုသားေသခ်ာမမွတ္မိေတာ့ပါဘူး
ေမေမ …သားရဲ့ အိမ္မက္ထဲကို လာပါလား ဟင္ ေမေမ့မ်က္ႏွာကို သားေနာက္တေခါက္ ျမင္ခ်င္လို႔ပါ။သတိရတဲ့
သူရဲ့ ဓါတ္ပုံကို ရင္ထဲမွာပိုက္ၿပီးအိပ္ရင္အဲ့ဒီလူကို အိမ္မက္မက္တက္တယ္လို႔ သူမ်ားေတြေျပာတာသားၾကားဖူးတယ္။ေမေမက ဘာလို႔ သားရဲ့ အိမ္မက္ထဲကိုမလာတာလဲ…
စာလည္းဆုံးေရာ ကၽြန္ေတာ္ရွိူက္ႀကီးတငင္ ငိုခ်ပစ္လိုက္တယ္ဘယ္ေသာ အခ်ိန္မွာမွ ဇနီးရဲ့ ေနရာလြတ္ေလးကို ကၽြန္ေတာ္ျဖည့္ဆည္းေပးနိုင္မွာလဲဗ်ာ…။
Credit : Thi Ha