ဗဟုသုတ

ဝိတ်ချခြင်းနဲ့ ပက်သက်ပြီးတော့ မှားနေတဲ့ အယူအဆလေးတွေ။

ဝိတ်ချခြင်းနဲ့ ပက်သက်ပြီးတော့ မှားနေတဲ့ အယူအဆလေးတွေ။

ခုခေတ်မှာ တော်တော်များများက ကိုယ်ခန္ဓါအချိုးကျလှပဖို့ အတွက် အာရုံစိုက် အချိန်ပေးလာကြပါတယ်။ ပိန်တဲ့သူတွေ ကိတ်အောင် ၊ ဝတဲ့သူတွေ ပိန်အောင် GYMတွေမှာ သွားကစားတာ။ အစားတွေလျှော့စားတာတွေ လုပ်လာကြပါတယ်။ ဝိတ်ချတဲ့နေရာမှာ မှန်ကန်တဲ့ အကြံပေးချက်တွေရှိသလို တစ်ချို့မှားနေတဲ့ အယူအဆ တွေလည်းရှိနေတာပါပဲ။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်လျှောက်မှသာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရောက်မှာလေ။ ခုပြောပြချင်တာက ဝိတ်ချတာနဲ့ ပက်သက်လို့ လူတွေအသိမှားနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဝိတ်ကျချင်ရင် လေ့ကျင့်ခန်းပဲ ပြင်းပြင်းထန်ထန်လုပ်ရင်ရပြီ။

ဝိတ်ကျဖို့ဆို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ချလို့မရပါဘူး။ အစားပါလိုက်မထိန်းရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ကိုယ်လိုချင်တဲ့ အလေးချိန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းမှန်မှန်လုပ်တာရော အစားအသောက်ထိန်းစားတာကရော နှစ်ခုလုံး အရေးကြီးပါတယ်။ အစားပဲလျှော့မယ် ။လေ့ကျင့်ခန်းမလုပ်ဘူးဆိုလည်း မဖြစ်ပြန်ဘူးနော်။

အစာငတ်ခံခြင်းကသာ အထိရောက်ဆုံးနည်းလမ်း။

တစ်နေ့လုံးနေမှ ပန်းသီးတစ်လုံးပဲစားတာ ၊ ထမင်းသုံးလုတ်လောက်ပဲစားတာတွေက သင့်ကို ဝိတ်ကျစေမှာ မဟုတ်ဘဲ အစာအိမ်ရောဂါ တောင် ပိုဖြစ်စေပါတယ်။ လူ့ခန္ဓါကိုယ်ရဲ့ သဘောအရ အစာအငတ်ခံတာကို ၅ရက်ထက်ပိုကြာကြာလုပ်လို့မရပါဘူး။ ၅ရက်ထက်ကြာလာရင် အစာကို တောင့်တစိတ် ပိုပြင်းပြလာပြီး ပြန်စားမိတဲ့အခါ အရင်စားနေကျထက် နှစ်ဆ လောက်ပိုစားဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဗိုက်တွေဆာနေတာကတစ်ကြောင်း၊ သွေးက အစာကို တောင့်တလွန်ုးနေတာက တစ်ကြောင်း၊ ကိုယ့်ကိုကိုယ်သနားနေတာက တစ်ကြောင်း အကြောင်းကြောင်းကြောင့် ပိုစားဖြစ်သွားရော။ အဲအခါကျ ဝိတ်လည်းမကျတဲ့အပြင် အစာအိမ်ရောဂါတောင် အဆစ်ဖြစ်လိုက်သေးတယ်။

ဇီဝကမ္မ ဖြစ်စဉ်ကို မြန်စေတဲ့ အစာတွေပဲ ရွေးစားတာ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓါ တစ်ခုအတွက် စားလိုက်တဲ့ အစာတွေကို ချေဖျက်ပေးပြီး ထွက်လာတဲ့ အာဟာရတွေကို လိုအပ်တဲ့ နေရာတွေကို ပို့ပေးရတာပဲဖြစ်ပါတယ်။ တစ်ချို့သော အစားအစာတွေက ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမြန်စေပြီး အဆီ တွေမြန်မြန်လောင်ကျွမ်းစေတယ်လို့ပြောကြပါတယ်။ အဲလိုအစားအစာတွေကိုပဲ များများစားရင် ဝိတ်မြန်မြန်ပိုကျတယ်လို့လည်းထင်နေတတ်ကြပါတယ်။ မှားပါတယ်။ သိပ္ပံနည်းကျလေ့လာထားချက်များလည်း မရှိသေးသလို စားလိုက်တဲ့ အစားတွေမြန်မြန်ကုန်သွားတော့ ဗိုက်လည်းမြန်မြန်ပြန်ဆာ အဲတော့ ထပ်စားဖြစ်ပြန်ရော။ ဝိတ်လည်းမကျ ပိုလည်းစားဖြစ်နေမယ်နော်။

အဆီချဆေးတွေပဲသောက်တာ။

အဆီချဆေး။ ဆေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပို အစွမ်းထက်တယ်။ အစားမလျှော့ လေ့ကျုင့်ခန်းမလုပ်လည်း အဆီချဆေးသောက်တာနဲ့တင် ဝိတ်ကျနိုင်တယ်။ တကယ်ကို မှားနေတာပါ။ ဈေးကွက်မှာ စိတ်ချရတဲ့ အဆီကျဆေးတွေ ရှိနေသလို ကျန်းမားရေးကို ပါထိခိုက်စေနိုင်တဲ့ အဆီချဆေးတွေလည်း အများကြီးရှိနေပါတယ်။ ပိန်ချင်ရင်တော့ ဆေးကိုပဲ အားကိုးနေလို့မရပါဘူး။ ကိုယ်ကိုတိုင်ကလည်း လေ့ကျင့်ခန်းလုပ်၊ အစားလည်းထိန်းပေးမယ်ဆို ပိုမှန်ကန်တဲ့ နည်းလမ်းဖြစ်မှာပါ။ တန်ဆေးလွန်ဘေးဆိုတာကလည်း ရှိသေးတယ်လေ။

အဆီများများရင် အဆီပိုတက်တယ်။

အဆီပါတဲ့ အစားအစာများများ စားလိုက်တာနဲ့ အဆီတက်တော့မှာပဲဆိုတာ တွေးကြည့်တော့ မှန်သလိုလိုပဲ။ ခန္ဓါကိုယ်မှာ အဆီစုတယ်ဆိုတာ တကယ်တော့ စားလိုက်လို့ ပိုနေတဲ့ အရာတွေကို အဆီအဖြစ် သိမ်းထားလိုက်ခြင်းပဲဖြစ်ပါတယ်။ အဆီစားလိုက်တိုင်း အဆီတက်တာ မဟုတ်ပါဘူး။ အစားတွေထဲပါတဲ့ အဆီတွေက နှလုံးသွေးကြောကို အဓိက ဒုက္ခပေးပြီး ကစီဓါတ်ပါတဲ့ အစားအစာ( ထမင်း၊ အာလူး။၊ ဂျုံနဲ့လုပ်ထားတဲ့အစားအစာ) တွေကသာ ဝိတ်တက်စေတာဖြစ်ပါတယ်။

အဖတ်မစားဘူး အရည်ပဲသောက်မယ်။

ထမင်း အသားတွေစားရင် ကယ်လိုရီ တွေပိုတက်လို့ အချိုအရည်တွေပဲသောက်တော့မယ်လို့ သင်ဆုံးဖြတ်ထားရင် ချက်ချင်းပြင်လိုက်ပါ။ သင်ပြောနေတဲ့ အချိုရည်ထဲမှာပါတဲ့ သကြားဓါတ်ရဲ့ ကယ်လိုရီက သင်ထမင်းစားလိုက်လို့ရနိုင်တဲ့ ကယ်လိုရီထက်တောင် ပိုများနေပါဦးမယ်။ အရည်ကြီးပဲ သောက်နေရင် ဗိုက်ကခဏပဲ ပြည့်တာပဲဖြစ်ပြီး ပြန်ပြန်ဆာဆာနေဦးမှာပါ။

ဝိတ်ကျပြီး သွယ်လျလှပချင်ရင် မှန်ကန်တဲ့ လမ်းကြောင်း အတွင်းကပဲသွားပါ။ အစွန်းရောက်တယ်ဆိုတာ ဘယ်မှာမှ မကောင်းပါဘူး။ လေကျင့်ခန်းလေးလည်းမှန်မှန်လုပ် ၊ အစားတွေလည်းထိန်းစားမယ်ဆို ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မှာပါ။

Credit

ဝိတ္ခ်ျခင္းနဲ႔ ပက္သက္ၿပီးေတာ့ မွားေနတဲ့ အယူအဆေလးေတြ။

ခုေခတ္မွာ ေတာ္ေတာ္မ်ားမ်ားက ကိုယ္ခႏၶါအခ်ိဳးက်လွပဖို႔ အတြက္ အာ႐ုံစိုက္ အခ်ိန္ေပးလာၾကပါတယ္။ ပိန္တဲ့သူေတြ ကိတ္ေအာင္ ၊ ဝတဲ့သူေတြ ပိန္ေအာင္ GYMေတြမွာ သြားကစားတာ။ အစားေတြေလၽွာ့စားတာေတြ လုပ္လာၾကပါတယ္။ ဝိတ္ခ်တဲ့ေနရာမွာ မွန္ကန္တဲ့ အႀကံေပးခ်က္ေတြရွိသလို တစ္ခ်ိဳ႕မွားေနတဲ့ အယူအဆ ေတြလည္းရွိေနတာပါပဲ။ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚေလၽွာက္မွသာ ကိုယ္ေရာက္ခ်င္တဲ့ ပန္းတိုင္ကို ျမန္ျမန္ ေရာက္မွာေလ။ ခုေျပာျပခ်င္တာက ဝိတ္ခ်တာနဲ႔ ပက္သက္လို႔ လူေတြအသိမွားေနတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။

ဝိတ္က်ခ်င္ရင္ ေလ့က်င့္ခန္းပဲ ျပင္းျပင္းထန္ထန္လုပ္ရင္ရၿပီ။

ဝိတ္က်ဖို႔ဆို ေလ့က်င့္ခန္းတစ္ခုတည္းနဲ႔ ခ်လို႔မရပါဘူး။ အစားပါလိုက္မထိန္းရင္ ပလိုင္းေပါက္နဲ႔ ဖားေကာက္ေနသလိုပဲ ဘယ္ေလာက္ပဲ ေလ့က်င့္ခန္းလုပ္လုပ္ ကိုယ္လိုခ်င္တဲ့ အေလးခ်ိန္ကို ဘယ္ေတာ့မွ ေရာက္မွာ မဟုတ္ပါဘူး။ မွန္ကန္တဲ့ ဝိတ္ခ်ျခင္းမွာ ေလ့က်င့္ခန္းမွန္မွန္လုပ္တာေရာ အစားအေသာက္ထိန္းစားတာကေရာ ႏွစ္ခုလုံး အေရးႀကီးပါတယ္။ အစားပဲေလၽွာ့မယ္ ။ေလ့က်င့္ခန္းမလုပ္ဘူးဆိုလည္း မျဖစ္ျပန္ဘူးေနာ္။

အစာငတ္ခံျခင္းကသာ အထိေရာက္ဆုံးနည္းလမ္း။

တစ္ေန႔လုံးေနမွ ပန္းသီးတစ္လုံးပဲစားတာ ၊ ထမင္းသုံးလုတ္ေလာက္ပဲစားတာေတြက သင့္ကို ဝိတ္က်ေစမွာ မဟုတ္ဘဲ အစာအိမ္ေရာဂါ ေတာင္ ပိုျဖစ္ေစပါတယ္။ လူ႔ခႏၶါကိုယ္ရဲ့ သေဘာအရ အစာအငတ္ခံတာကို ၅ရက္ထက္ပိုၾကာၾကာလုပ္လို႔မရပါဘူး။ ၅ရက္ထက္ၾကာလာရင္ အစာကို ေတာင့္တစိတ္ ပိုျပင္းျပလာၿပီး ျပန္စားမိတဲ့အခါ အရင္စားေနက်ထက္ ႏွစ္ဆ ေလာက္ပိုစားျဖစ္သြားပါတယ္။ ဘာလို႔လဲဆိုေတာ့ ဗိုက္ေတြဆာေနတာကတစ္ေၾကာင္း၊ ေသြးက အစာကို ေတာင့္တလြန္ုးေနတာက တစ္ေၾကာင္း၊ ကိုယ့္ကိုကိုယ္သနားေနတာက တစ္ေၾကာင္း အေၾကာင္းေၾကာင္းေၾကာင့္ ပိုစားျဖစ္သြားေရာ။ အဲအခါက် ဝိတ္လည္းမက်တဲ့အျပင္ အစာအိမ္ေရာဂါေတာင္ အဆစ္ျဖစ္လိုက္ေသးတယ္။

ဇီဝကမၼ ျဖစ္စဥ္ကို ျမန္ေစတဲ့ အစာေတြပဲ ေရြးစားတာ။

ဇီဝကမၼျဖစ္စဥ္ဆိုတာ ကိုယ္ခႏၶါ တစ္ခုအတြက္ စားလိုက္တဲ့ အစာေတြကို ေခ်ဖ်က္ေပးၿပီး ထြက္လာတဲ့ အာဟာရေတြကို လိုအပ္တဲ့ ေနရာေတြကို ပို႔ေပးရတာပဲျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာ အစားအစာေတြက ဇီဝကမၼျဖစ္စဥ္ေတြကို ပိုျမန္ေစၿပီး အဆီ ေတြျမန္ျမန္ေလာင္ကၽြမ္းေစတယ္လို႔ေျပာၾကပါတယ္။ အဲလိုအစားအစာေတြကိုပဲ မ်ားမ်ားစားရင္ ဝိတ္ျမန္ျမန္ပိုက်တယ္လို႔လည္းထင္ေနတတ္ၾကပါတယ္။ မွားပါတယ္။ သိပၸံနည္းက်ေလ့လာထားခ်က္မ်ားလည္း မရွိေသးသလို စားလိုက္တဲ့ အစားေတြျမန္ျမန္ကုန္သြားေတာ့ ဗိုက္လည္းျမန္ျမန္ျပန္ဆာ အဲေတာ့ ထပ္စားျဖစ္ျပန္ေရာ။ ဝိတ္လည္းမက် ပိုလည္းစားျဖစ္ေနမယ္ေနာ္။

အဆီခ်ေဆးေတြပဲေသာက္တာ။

အဆီခ်ေဆး။ ေဆးဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ပို အစြမ္းထက္တယ္။ အစားမေလၽွာ့ ေလ့က်ဳင့္ခန္းမလုပ္လည္း အဆီခ်ေဆးေသာက္တာနဲ႔တင္ ဝိတ္က်နိုင္တယ္။ တကယ္ကို မွားေနတာပါ။ ေဈးကြက္မွာ စိတ္ခ်ရတဲ့ အဆီက်ေဆးေတြ ရွိေနသလို က်န္းမားေရးကို ပါထိခိုက္ေစနိုင္တဲ့ အဆီခ်ေဆးေတြလည္း အမ်ားႀကီးရွိေနပါတယ္။ ပိန္ခ်င္ရင္ေတာ့ ေဆးကိုပဲ အားကိုးေနလို႔မရပါဘူး။ ကိုယ္ကိုတိုင္ကလည္း ေလ့က်င့္ခန္းလုပ္၊ အစားလည္းထိန္းေပးမယ္ဆို ပိုမွန္ကန္တဲ့ နည္းလမ္းျဖစ္မွာပါ။ တန္ေဆးလြန္ေဘးဆိုတာကလည္း ရွိေသးတယ္ေလ။

အဆီမ်ားမ်ားရင္ အဆီပိုတက္တယ္။

အဆီပါတဲ့ အစားအစာမ်ားမ်ား စားလိုက္တာနဲ႔ အဆီတက္ေတာ့မွာပဲဆိုတာ ေတြးၾကည့္ေတာ့ မွန္သလိုလိုပဲ။ ခႏၶါကိုယ္မွာ အဆီစုတယ္ဆိုတာ တကယ္ေတာ့ စားလိုက္လို႔ ပိုေနတဲ့ အရာေတြကို အဆီအျဖစ္ သိမ္းထားလိုက္ျခင္းပဲျဖစ္ပါတယ္။ အဆီစားလိုက္တိုင္း အဆီတက္တာ မဟုတ္ပါဘူး။ အစားေတြထဲပါတဲ့ အဆီေတြက ႏွလုံးေသြးေၾကာကို အဓိက ဒုကၡေပးၿပီး ကစီဓါတ္ပါတဲ့ အစားအစာ( ထမင္း၊ အာလူး။၊ ဂ်ဳံနဲ႔လုပ္ထားတဲ့အစားအစာ) ေတြကသာ ဝိတ္တက္ေစတာျဖစ္ပါတယ္။

အဖတ္မစားဘူး အရည္ပဲေသာက္မယ္။

ထမင္း အသားေတြစားရင္ ကယ္လိုရီ ေတြပိုတက္လို႔ အခ်ိဳအရည္ေတြပဲေသာက္ေတာ့မယ္လို႔ သင္ဆုံးျဖတ္ထားရင္ ခ်က္ခ်င္းျပင္လိုက္ပါ။ သင္ေျပာေနတဲ့ အခ်ိဳရည္ထဲမွာပါတဲ့ သၾကားဓါတ္ရဲ့ ကယ္လိုရီက သင္ထမင္းစားလိုက္လို႔ရနိုင္တဲ့ ကယ္လိုရီထက္ေတာင္ ပိုမ်ားေနပါဦးမယ္။ အရည္ႀကီးပဲ ေသာက္ေနရင္ ဗိုက္ကခဏပဲ ျပည့္တာပဲျဖစ္ၿပီး ျပန္ျပန္ဆာဆာေနဦးမွာပါ။

ဝိတ္က်ၿပီး သြယ္လ်လွပခ်င္ရင္ မွန္ကန္တဲ့ လမ္းေၾကာင္း အတြင္းကပဲသြားပါ။ အစြန္းေရာက္တယ္ဆိုတာ ဘယ္မွာမွ မေကာင္းပါဘူး။ ေလက်င့္ခန္းေလးလည္းမွန္မွန္လုပ္ ၊ အစားေတြလည္းထိန္းစားမယ္ဆို ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို ျမန္ျမန္ေရာက္မွာပါ။

Credit