ၾကားသိရသမွ်

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့အတွက် ဝမ်းနည်းနေတဲ့ ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေး

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့အတွက် ဝမ်းနည်းနေတဲ့ ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေး

ပရိသတ်ကြီးရေ မနေ့က ပြန်လွတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ပိုင်တံခွန်ပါလာမယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာခဲ့ပါဘူးနော်။ ဒီသတင်းဟာ သူ့ကိုစောင့်မျှော်နေသူတွေအတွက်ဝမ်းနည်းစရာပါပဲနော်။ ပိုင်တံခွန်တို့ တစ်မိသားစုလုံးကလည်း သူပြန်လွတ်လာမယ်အထင်နဲ့ ပျော်နေကြတာပါနော်။

ပိုင်တံခွန်ရဲ့ ကောင်မလေးဆိုရင်လည်း သူ့ကောင်လေး အမြန်လွတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေခဲ့တာပါနော်။

ထောင်ထဲထိရောက်အောင် ထောင်ဝင်စာတွေ ပို့ပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ချစ်သူလေးဟာ ဒီတစ်ခါမှာတော့ အတော်ကိုစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်နော်။

မနေ့က သူ့ကောင်လေးပြန်လွတ်မယ်လို့ ထင်ခဲ့ပေမယ့် မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာပါနော်။

” ကိုယ့်မိသားစုလေး မပျော်ခဲ့ရပေမယ့်ဒီနေ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေကိုမြင်ရတော့ မျက်ရည်ကြားက ပီတိဖြစ်ရပြန်တယ်။ ❤️ငါတို့ကို surprise လုပ်ချင်လို့များ မနက်က မထွက်လာတာလားဆိုပြီးအရူးတစ်ယောက်လို ငါတွေးနေခဲ့သေးတာ မဲလုံးရာဒီအချိန်ထိဆိုမှတော့… 💔မနက်က ပြုံးပျော်နေတဲ့ ဒို့မေက အခုငိုနေတယ်။

တစ်မနက်လုံး အလုပ်ရှုပ်ပြီး ဆူညံနေတဲ့အိမ်ကခုတော့ တိတ်ဆိတ်လို့။ နင့်သူငယ်ချင်း ဖူးလေး လွတ်ပြီး နင်မပါတော့စိတ်မကောင်းဖြစ်နေမလား၊အားငယ်နေမလားဆိုပြီး ငါ့မှာ တွေးပူရပြန်တယ်။

ဘာမှမဖြစ်သလို ဟန်ဆောင်ပြနေရတာငါလည်း ပင်ပန်းလှပြီ… 😔” လို့ ပိုင်တံခွန်ရဲ့ အစ်မကိုယ်တိုင်ခံစားချက်တွေ ရေးထားပါတယ်နော်။

Credit

Zawgyi









Credit