ဗဟုသုတ

နေပူထဲထွက်လို့ မျက်နှာအသားအရည် နေလောင်တဲ့အခါ အထိရောက်ဆုံးကုသနည်း(၁၀)နည်း

နေပူထဲထွက်လို့ မျက်နှာအသားအရည် နေလောင်တဲ့အခါ အထိရောက်ဆုံးကုသနည်း(၁၀)နည်း

ဆောင်းတွင်းနဲ့ နွေရာသီမှာ ဘာအကာအကွယ်မှမပါပဲ နေပူထဲအကြာကြီးသွားရင် မျက်နှာအသားအရေထိခိုက်ပြီး

နေလောင်ခံရပါလိမ့်မယ်။ မျက်နှာအသားအရေက အရေးကြီးတဲ့အတွက် သေချာဂရုစိုက်ဖို့လိုပါတယ်။

တကယ်လို့ နေလောင်ခံထားရရင်လည်း အိမ်မှာပဲ ပြန်လည်ကုသလို့ရအောင် အကောင်းဆုံးနည်းလမ်းလေး‌‌ တွေမျှဝေပေးလိုက်တယ်နော်။

(၁)ရေများများသောက်ပါ

နေလောင်ခံထားရရင် အိမ်ပြန်ရောက်တာနဲ့ ရေများများသောက်ပါ။ ရေခဲရေမသောက်ပဲ ရိုးရိုးရေပဲသောက်ပါ။

(၂) သခြားသီး

သခွားသီး ကို မွှေစက်နှင့်ကြိတ်ပြီး ရလာတဲ့အနှစ်ကို နေလောင်ဒဏ်ရာရသည့် အရေပြားပေါ်တွင် ကပ်ပေးပါ။

မျက်နှာပေါ်မှာလည်း ကပ်နိုင်ပါတယ်။ သခွားသီးမှာ ပါတဲ့ အကိုက်အခဲပျောက်စေသည့် အစွမ်းနှင့်

အင်တီအောက်ဆီးဒင့်အစွမ်းကြောင့် နေလောင်ဒဏ်ရာများကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။

(၃) လက်ဖက်ခြောက်

ရေနွေးကြမ်းသောက်ပြီး ကျန်သော လက်ဖက်ခြောက်ကို သန့်ရှင်းသောအဝတ်စနှင့် ထုပ်ပြီး နေလောင်ထားသည့် အရေပြားတွင် ကပ်ပေးပါ။

လက်ဖက်ခြောက်တွင် ပါဝင်သည့် တန်းနစ်အက်ဆစ်က နေလောင်ဒဏ်ရာမှ အပူများကို စုပ်ယူနိုင်သော ဂုဏ်သတ္တိရှိပါတယ်။

(၄) ဗီတာမင္အီး

နေလောင်နေသော အရေပြားတွင် ဗီတာမင်အီးအဆီလိမ်းပေးပါက အရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

ဗီတာမင်အီးက အင်တီအောက်ဆီးဒင့် တစ်မျိုုးလည်းဖြစ်ပါတယ်။

(၅) နောက်တစ်ခုက နို့အေးပါ။

သူက အရေပြားနေလောင်ဒဏ်ရာကို ကုသပေးသည့်အရာဖြစ်တယ်။ နို့ထဲတွင်ပါတဲ့ ပရိုတင်းက

နေလောင်ဒဏ်ကြောင့် ဖြစ်သည့် အရေပြားဝေဒနာမှန်သမျှကို သက်သာစေနိုင်ပါတယ်။

(၆)ရေခဲရေနဲ့မျက်နှာသစ်ပါ

မျက်နှာသစ်တဲ့အခါမှာ ရေခဲရေနဲ့ သစ်ပေးပါ။ ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖြေးဖြေးချင်းစီ ဖိဖိပြီးသုတ်ပါ။

ပွတ်ပြီးသုတ်တာမျိုး မလုပ်ပါနဲ့။‌ ရေခဲတုံးကပ်ပေးလည်းရပါတယ်။ဒီလိုလုပ်ရာမှာ တခုသတိထားရမှာက နေပူထဲက ပြန်လာလာခြင်း မလုပ်ဖို့ပါ။

(၇) ရှားစောင်းလက်ပတ်အနှစ်လိမ်းပါ။

ရှားစောင်းအနှစ်က နေလောင်ခြင်းအတွက် အထိရောက်ဆုံးထဲကတစ်နည်းပါ။ရှားစောင်းလက်ပတ်မှာ

Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေ

များပြားစွာ ပါဝင်ပါတယ်။ဒီလိုဓါတ်တွေများပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာ

အရေပြားအနာတွေနဲ့ အပူလောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်တာ

အချို့ကိုလည်းသက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။ရှား‌စောင်းအနှစ်ကိုလိမ်းပြီး 15မိနစ်ခန့်ကြာရင်ရေဆေးချပါ။

(၈) သဘောင်္သီးမှည့်နဲ့ ပျားရည် ရောစပ်ပြီးလိမ်းပါ။

သဘောင်္သီးမှည့်ကို ချေပြီး ပျားရည်အသင့်တင့်ရောကာ နေလောင်ပျက်စီးနေတဲ့ အသားအရေတွေပေါ်ကို လိမ်းပေးပါ။

ပြီးရင် ၁၅မိနစ်လောက်ထားပြီးနောက် ရေသန့်နဲ့ဆေးချပေးပါ။ ရေခဲသေတ္တာထဲထည့်

အအေးခံပြီးမှ လိမ်းရင် အေးအေးလေးလည်း လိမ်းရပြီး ပိုလည်းထိရောက်နိုင်ပါတယ်။

(၉) အာလူးကပ္ပါ။

အာလူးကို ခပ်ပါးပါးလှီးထားတဲ့ အာလူးပြားတွေနဲ့ နေလောင်ထားတဲ့ အသားအရေ နေရာပေါ်ကို ၁၅ မိနစ်ခန့် ကပ်ထားပေးပါ။

ပြီးရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း တနေ့ ၂ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့

နေလောင်ခြင်းကို သိသိသာသာ ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

(၁၀) ဒိန်ချဉ်

ဒိန်ချဉ်ဟာ နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းလာစေနိုင်တဲ့အပြင် နေလောင်ခြင်းကြောင့် အသားအရေ

နီမြန်းရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်ကို နေလောင်ထားတဲ့ အသားအရေပေါ်

သုတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်ထားပေးပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။

Crd

ေနပူထဲထြက္လို႔ မ်က္ႏွာအသားအရည္ ေနေလာင္တဲ့အခါ အထိေရာက္ဆုံးကုသနည္း(၁၀)နည္း

ေဆာင္းတြင္းနဲ႔ ေႏြရာသီမွာ ဘာအကာအကြယ္မွမပါပဲ ေနပူထဲအၾကာႀကီးသြားရင္ မ်က္ႏွာအသားအေရထိခိုက္ၿပီး

ေနေလာင္ခံရပါလိမ့္မယ္။ မ်က္ႏွာအသားအေရက အေရးႀကီးတဲ့အတြက္ ေသခ်ာဂ႐ုစိုက္ဖို႔လိုပါတယ္။

တကယ္လို႔ ေနေလာင္ခံထားရရင္လည္း အိမ္မွာပဲ ျပန္လည္ကုသလို႔ရေအာင္ အေကာင္းဆုံးနည္းလမ္းေလး‌‌ ေတြမၽွေဝေပးလိုက္တယ္ေနာ္။

(၁)ေရမ်ားမ်ားေသာက္ပါ

ေနေလာင္ခံထားရရင္ အိမ္ျပန္ေရာက္တာနဲ႔ ေရမ်ားမ်ားေသာက္ပါ။ ေရခဲေရမေသာက္ပဲ ရိုးရိုးေရပဲေသာက္ပါ။

(၂) သျခားသီး

သခြားသီး ကို ေမႊစက္ႏွင့္ႀကိတ္ၿပီး ရလာတဲ့အႏွစ္ကို ေနေလာင္ဒဏ္ရာရသည့္ အေရျပားေပၚတြင္ ကပ္ေပးပါ။

မ်က္ႏွာေပၚမွာလည္း ကပ္နိုင္ပါတယ္။ သခြားသီးမွာ ပါတဲ့ အကိုက္အခဲေပ်ာက္ေစသည့္ အစြမ္းႏွင့္

အင္တီေအာက္ဆီးဒင့္အစြမ္းေၾကာင့္ ေနေလာင္ဒဏ္ရာမ်ားကို ယူပစ္သလို ေပ်ာက္ကင္းနိုင္ပါတယ္။

(၃) လက္ဖက္ေျခာက္

ေရေႏြးၾကမ္းေသာက္ၿပီး က်န္ေသာ လက္ဖက္ေျခာက္ကို သန႔္ရွင္းေသာအဝတ္စႏွင့္ ထုပ္ၿပီး ေနေလာင္ထားသည့္ အေရျပားတြင္ ကပ္ေပးပါ။

လက္ဖက္ေျခာက္တြင္ ပါဝင္သည့္ တန္းနစ္အက္ဆစ္က ေနေလာင္ဒဏ္ရာမွ အပူမ်ားကို စုပ္ယူနိုင္ေသာ ဂုဏ္သတၱိရွိပါတယ္။

(၄) ဗီတာမင္အီး

ေနေလာင္ေနေသာ အေရျပားတြင္ ဗီတာမင္အီးအဆီလိမ္းေပးပါက အေရျပားေရာင္ရမ္းမႈကို ေလၽွာ့ခ်ေပးနိုင္ပါတယ္။

ဗီတာမင္အီးက အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳုးလည္းျဖစ္ပါတယ္။

(၅) ေနာက္တစ္ခုက နို႔ေအးပါ။

သူက အေရျပားေနေလာင္ဒဏ္ရာကို ကုသေပးသည့္အရာျဖစ္တယ္။ နို႔ထဲတြင္ပါတဲ့ ပရိုတင္းက

ေနေလာင္ဒဏ္ေၾကာင့္ ျဖစ္သည့္ အေရျပားေဝဒနာမွန္သမၽွကို သက္သာေစနိုင္ပါတယ္။

(၆)ေရခဲေရနဲ႔မ်က္ႏွာသစ္ပါ

မ်က္ႏွာသစ္တဲ့အခါမွာ ေရခဲေရနဲ႔ သစ္ေပးပါ။ ၿပီးရင္ မ်က္ႏွာသုတ္ပုဝါနဲ႔ ေျဖးေျဖးခ်င္းစီ ဖိဖိၿပီးသုတ္ပါ။

ပြတ္ၿပီးသုတ္တာမ်ိဳး မလုပ္ပါနဲ႔။‌ ေရခဲတုံးကပ္ေပးလည္းရပါတယ္။ဒီလိုလုပ္ရာမွာ တခုသတိထားရမွာက ေနပူထဲက ျပန္လာလာျခင္း မလုပ္ဖို႔ပါ။

(၇) ရွားေစာင္းလက္ပတ္အႏွစ္လိမ္းပါ။

ရွားေစာင္းအႏွစ္က ေနေလာင္ျခင္းအတြက္ အထိေရာက္ဆုံးထဲကတစ္နည္းပါ။ရွားေစာင္းလက္ပတ္မွာ

Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ္ေတြနဲ႔ ဗီတာမင္ဓါတ္ေတြ

မ်ားျပားစြာ ပါဝင္ပါတယ္။ဒီလိုဓါတ္ေတြမ်ားျပားစြာပါတဲ့အတြက္ ရွားေစာင္းလက္ပတ္ဟာ

အေရျပားအနာေတြနဲ႔ အပူေလာင္ျခင္းေတြကို သက္သာ ေပ်ာက္ကင္းေစနိုင္ၿပီး အေရျပားပိုးဝင္တာ

အခ်ိဳ႕ကိုလည္းသက္သာေစနိုင္တယ္လို႔ ေလ့လာေတြ႕ရွိခဲ့ၾကတယ္။ရွား‌ေစာင္းအႏွစ္ကိုလိမ္းၿပီး 15မိနစ္ခန႔္ၾကာရင္ေရေဆးခ်ပါ။

(၈) သေဘာသႌးမွည့္နဲ႔ ပ်ားရည္ ေရာစပ္ၿပီးလိမ္းပါ။

သေဘာသႌးမွည့္ကို ေခ်ၿပီး ပ်ားရည္အသင့္တင့္ေရာကာ ေနေလာင္ပ်က္စီးေနတဲ့ အသားအေရေတြေပၚကို လိမ္းေပးပါ။

ၿပီးရင္ ၁၅မိနစ္ေလာက္ထားၿပီးေနာက္ ေရသန႔္နဲ႔ေဆးခ်ေပးပါ။ ေရခဲေသတၱာထဲထည့္

အေအးခံၿပီးမွ လိမ္းရင္ ေအးေအးေလးလည္း လိမ္းရၿပီး ပိုလည္းထိေရာက္နိုင္ပါတယ္။

(၉) အာလူးကပၸါ။

အာလူးကို ခပ္ပါးပါးလွီးထားတဲ့ အာလူးျပားေတြနဲ႔ ေနေလာင္ထားတဲ့ အသားအေရ ေနရာေပၚကို ၁၅ မိနစ္ခန႔္ ကပ္ထားေပးပါ။

ၿပီးရင္ေတာ့ ေရနဲ႔ျပန္လည္ ေဆးေၾကာေပးပါ။ ဒီနည္းလမ္းအတိုင္း တေန႔ ၂ ႀကိမ္ခန႔္ ျပဳလုပ္ေပး႐ုံနဲ႔

ေနေလာင္ျခင္းကို သိသိသာသာ ေပ်ာက္ကင္းေစနိုင္မွာ ျဖစ္ပါတယ္။

(၁၀) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဟာ ေနေလာင္ထားတဲ့ အသားအေရကို ျပန္လည္ျဖဴဝင္းလာေစနိုင္တဲ့အျပင္ ေနေလာင္ျခင္းေၾကာင့္ အသားအေရ

နီျမန္းေရာင္ရမ္းျခင္းကိုပါ သက္သာေစနိုင္ပါတယ္။ ဒိန္ခ်ဥ္ကို ေနေလာင္ထားတဲ့ အသားအေရေပၚ

သုတ္လိမ္းေပးၿပီး ၁၅ မိနစ္ခန႔္ထားေပးၿပီးမွ ေရနဲ႔ျပန္လည္ ေဆးေၾကာေပးရမွာပဲ ျဖစ္ပါတယ္။

Crd