ၾကားသိရသမွ်

သူ့ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာ ဆုတောင်းပေးခဲ့ကြသူတွေကို အထူးကျေးဇူးတင်တဲ့အကြောင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာ ဆုတောင်းပေးခဲ့ကြသူတွေကို အထူးကျေးဇူးတင်တဲ့အကြောင်း ပြောလာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး ပုဒ်မတပ်စွပ်စွဲခံထားရတဲ့အမှုတွေထဲက ၃ မှုအတွက် ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ပြုလုပ်တဲ့ နေပြည်တော်က ရုံးချိန်းမှာ ရှေ့နေအဖွဲ့နဲ့တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က အခုလို သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

ဒါ့ပြင် ပြည်သူတွေအတွက်ဆုတောင်းမေတ္တာပို့သတယ်ဆိုတဲ့စကားလည်း ပါးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဇွန်လ ၁၉ ရက်တုန်းကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေး

နေ့အပြင် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကိုပါ ဂုဏ်ပြုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်လှုပ်ရှားမှုကို ပြည်တွင်းရော၊ ပြည်ပမှာပါ လူထုက ပြုလုပ်ခဲ့ကြပါတယ်။

——————————

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ၇၆ ႏွစ္ျပည့္ ေမြးေန႔မွာ ဆုေတာင္းေပးခဲ့ၾကသူေတြကို အထူးေက်းဇူးတင္တဲ့အေၾကာင္း ေျပာလာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးထိန္းသိမ္းခံရၿပီး ပုဒ္မတပ္စြပ္စြဲခံထားရတဲ့အမႈေတြထဲက ၃ မႈအတြက္ ဒီေန႔ ဇြန္လ ၂၁ ရက္မွာ ျပဳလုပ္တဲ့ ေနျပည္ေတာ္က ႐ုံးခ်ိန္းမွာ ေရွ႕ေနအဖြဲ႕နဲ႔ေတြ႕ဆုံခ်ိန္ ေဒၚေအာင္ဆန္းစုၾကည္က အခုလို သတင္းစကားပါးလိုက္တာျဖစ္ပါတယ္။

ဒါ့ျပင္ ျပည္သူေတြအတြက္ဆုေတာင္းေမတၱာပို႔သတယ္ဆိုတဲ့စကားလည္း ပါးလိုက္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနအဖြဲ႕က ႐ုံးခ်ိန္းအၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဇြန္လ ၁၉ ရက္တုန္းကေတာ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔အျပင္ ဖမ္းဆီးထိန္းသိမ္းခံေနရသူေတြကိုပါ ဂုဏ္ျပဳတဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး ပန္းသပိတ္လႈပ္ရွားမႈကို ျပည္တြင္းေရာ၊ ျပည္ပမွာပါ လူထုက ျပဳလုပ္ခဲ့ၾကပါတယ္။