မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်စီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီမနက်ဖြစ်ပွားခဲ့ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုရှိတဲ့အတွက် စစ်ကောင်စီဘက်က စစ်ကားတွေတစ်စီးပြီး တစ်စီးထပ်အားဖြည့်လာကို ဒေသခံတွေရဲ့ တိုက်ရိုက် Live လွှင့်မှုတွေမှာ တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေထဲ စနိုက်ပါတွေရော၊ အရပ်ဝတ်ဝတ်ပြီး လက်နက်ကိုင်ထားတဲ့သူတွေပါပါဝင်တယ်လို့ မြို့ခံတွေကပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က‘ဒီနေ့စတင်တိုက်ပါပြီ။ ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ’ လို့ သူတို့ရဲ့ လူမှုကွန်ရက်မှာကြေညာပါတယ်။
သူတို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့ပါ ထုတ်ပြန်ခဲ့ပါတယ်။
ထိထားသူရှိလို့ မန္တလေးအခြေစိုက်ပရဟိတအဖွဲ့တွေကို လူနာလာကောက်ပေးဖို့အကူညီတောင်းလို့ သွားကြည့်ပေမယ့် လမ်းကြားတွေထဲထိ ပစ်နေလို့ ကောက်မရဘူးလို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဘီဘီစီ မြန်မာပိုင်း
——————
မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ထဲက ၅၄ လမ္းက အိမ္တစ္အိမ္ကို စစ္ေကာင္စီ တပ္ေတြက ဝင္ေရာက္စီးနင္းရင္း အျပန္အလွန္ပစ္ခတ္မႈေတြ ဒီမနက္ျဖစ္ပြားခဲ့ပါတယ္။
အျပန္အလွန္ပစ္ခတ္မႈရွိတဲ့အတြက္ စစ္ေကာင္စီဘက္က စစ္ကားေတြတစ္စီးၿပီး တစ္စီးထပ္အားျဖည့္လာကို ေဒသခံေတြရဲ႕ တိုက္႐ိုက္ Live လႊင့္မႈေတြမွာ ေတြ႕ရပါတယ္။
စစ္ေကာင္စီတပ္ေတြထဲ စႏိုက္ပါေတြေရာ၊ အရပ္ဝတ္ဝတ္ၿပီး လက္နက္ကိုင္ထားတဲ့သူေတြပါပါဝင္တယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ မႏၲေလး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF) က‘ဒီေန႔စတင္တိုက္ပါၿပီ။ ကြၽန္ေတာ္တို႔ေစာင့္ေနတဲ့ေန႔ေရာက္ၿပီ’ လို႔ သူတို႔ရဲ႕ လူမႈကြန္ရက္မွာေၾကညာပါတယ္။
သူတို႔ရဲ႕ ေျပာက္က်ားတပ္ခြဲတစ္ခု ဝင္းစီးခံရၿပီး စစ္ေကာင္စီနဲ႔ အျပန္အလွန္တိုက္ခိုက္ေနတာလို႔ပါ ထုတ္ျပန္ခဲ့ပါတယ္။
ထိထားသူရွိလို႔ မႏၲေလးအေျခစိုက္ပရဟိတအဖြဲ႕ေတြကို လူနာလာေကာက္ေပးဖို႔အကူညီေတာင္းလို႔ သြားၾကည့္ေပမယ့္ လမ္းၾကားေတြထဲထိ ပစ္ေနလို႔ ေကာက္မရဘူးလို႔ သိရပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ေရးအဖြဲ႕ထံ ဘီဘီစီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။
ဘီဘီစီ ျမန္မာပိုင္း