ဗဟုသုတ

သင့္လက္ေကာက္ဝတ္ေပၚမွာ ဘယ္ႏွစ္ေၾကာင္းပါလဲ ၿပီးရင္ ဘာေတြျဖစ္တတ္သလဲ

သင့်လက်ကောက်ဝတ်ပေါ်မှာ ဘယ်နှစ်ကြောင်းပါလဲ ပြီးရင် ဘာတွေဖြစ်တတ်သလဲ

လက်ဝါးပြင်က လမ်းကြောင်းတွေလိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေ ကနေလည်း သင့်ရဲ့ ကံကြမ္မာကို ကောင်းကောင်း သိနိုင်ပါတယ်။

လက္ခဏာပညာ တတ်စရာ မလိုဘဲ အလွယ်တကူနဲ့ လူတိုင်း ကြည့်ြ့ပီးတော့ နားလည်နိုင်တဲ့ နည်းလေးကို သုံးပြီးကံကြမ္မာ တစ်စိတ် တစ်ပိုင်းကို ကျွန်တော်တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။

ပုံမှန်ဆိုရင်တော့ သာမန်လူ တစ်ယောက်မှာ လက်ကောက်ဝတ်မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် လမ်းကြောင်း ၃ ကြောင်း ရှိတတ်ပါတယ်။

ထိုလမ်းကြောင်း တွေကတော့

လမ်းကြောင်း ၁

အပေါ်ဆုံး လမ်းကြောင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ပြပါတယ်။

လမ်းကြောင်း ထင်ရှားပြီး တစ်ဆက်တည်း ရှိမယ်ဆိုရင် ကျန်းမာရေး အရမ်း ကောင်းတယ် ဆိုတာကို ပြပါတယ်။

လမ်းကြောင်းက တကယ်လို့ မှိန်းဖျော့နေမယ်၊ အပြတ်တွေ များနေမယ် ဆိုရင်တော့

ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံကို ပြောင်းပြီးတော့ ကျန်းမာရေးကို အထူး ဂရုစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၂

ဒုတိယမြောက် လမ်းကြောင်းက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပြပါတယ်။

ပထမလမ်းကြောင်းလိုပဲ ဒီလမ်းကြောင်းကလည်း ထင်းပြီး ဖြောင့်တန်းနေမယ် ဆိုရင် အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ ရမယ်

စည်းစိမ်၊ ဥစ္စာတွေ ရမယ် ဆိုတာကို ပြပါတယ်။ တကယ်လို့ ဒီလမ်းကြောင်း ညံ့တယ် ဆိုရင် ငွေကြေး အခက်အခဲ အမြဲ ကြုံရတတ်တယ် ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၃

လူတိုင်း နီးပါးမှာ လမ်းကြောင်း ၂ ကြောင်း ပုံမှန် ရှိတတ်ပေမယ့် လမ်းကြောင်း ၃ကြောင်း ရှိတဲ့ သူတွေလည်း ရှိပါတယ်။

တတိယ လမ်းကြောင်း ရှိတဲ့ သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့ စိတ်ဓာတ် ရှိပြီး လူအများကတောင် ကြောက်ရွံံ့ရတဲ့ အစွမ်း ရှိပါတယ်။

တကယ်လို့ လမ်းကြောင်းက ထင်ရှားလေ ပိုပြီးတော့ အင်အားကောင်းလေပဲ ဖြစ်ပါတယ်။

လမ်းကြောင်း ၄

ဒီလမ်းကြောင်း ကတော့ အလွန်ကို တွေ့ရခဲ့တဲ့ လမ်းကြောင်း ဖြစ်ပြီး သက်တမ်းနဲ့လည်း ဆိုင်ပါတယ်။

ဒီလမ်းကြောင်းသာ တကယ်လို့ ရှားရှားပါးပါး ရှိပြီ ဆိုရင် အသက် အရမ်းရှည်ပြီး သားသမီးကံလည်း ကောင်းပါတယ်။

အားလုံးပဲ လိုရာဆန္ဒတွေ ပြည့်ကြပါစေ။ (လေးစားမှုဖြင့် ခရက်ဒစ်)

Zawgyi

သင့္လက္ေကာက္ဝတ္ေပၚမွာ ဘယ္ႏွစ္ေၾကာင္းပါလဲ ၿပီးရင္ ဘာေတြျဖစ္တတ္သလဲ

လက္ဝါးျပင္က လမ္းေၾကာင္းေတြလိုပဲ လက္ေကာက္ဝတ္က လမ္းေၾကာင္းေလးေတြ ကေနလည္း သင့္ရဲ႕ ကံၾကမၼာကို ေကာင္းေကာင္း သိႏိုင္ပါတယ္။

လကၡဏာပညာ တတ္စရာ မလိုဘဲ အလြယ္တကူနဲ႔ လူတိုင္း ၾကည့္ျ့ပီးေတာ့ နားလည္ႏိုင္တဲ့ နည္းေလးကို သုံးၿပီးကံၾကမၼာ တစ္စိတ္ တစ္ပိုင္းကို ကြၽန္ေတာ္တို႔ေတြ အခုပဲ ၾကည့္လိုက္ရေအာင္။

ပုံမွန္ဆိုရင္ေတာ့ သာမန္လူ တစ္ေယာက္မွာ လက္ေကာက္ဝတ္မွာ လမ္းေၾကာင္း ၂ ေၾကာင္း သို႔မဟုတ္ လမ္းေၾကာင္း ၃ ေၾကာင္း ရွိတတ္ပါတယ္။

ထိုလမ္းေၾကာင္း ေတြကေတာ့

လမ္းေၾကာင္း ၁

အေပၚဆုံး လမ္းေၾကာင္းက လူတစ္ေယာက္ရဲ႕ က်န္းမာေရးကို ျပပါတယ္။

လမ္းေၾကာင္း ထင္ရွားၿပီး တစ္ဆက္တည္း ရွိမယ္ဆိုရင္ က်န္းမာေရး အရမ္း ေကာင္းတယ္ ဆိုတာကို ျပပါတယ္။

လမ္းေၾကာင္းက တကယ္လို႔ မွိန္းေဖ်ာ့ေနမယ္၊ အျပတ္ေတြ မ်ားေနမယ္ ဆိုရင္ေတာ့

ကိုယ့္ရဲ႕ ေနထိုင္ စားေသာက္မႈ ပုံစံကို ေျပာင္းၿပီးေတာ့ က်န္းမာေရးကို အထူး ဂ႐ုစိုက္ဖို႔ လိုအပ္တယ္ ဆိုတာကို ျပပါတယ္။

လမ္းေၾကာင္း ၂

ဒုတိယေျမာက္ လမ္းေၾကာင္းက ေပ်ာ္႐ႊင္မႈနဲ႔ ေအာင္ျမင္မႈကို ျပပါတယ္။

ပထမလမ္းေၾကာင္းလိုပဲ ဒီလမ္းေၾကာင္းကလည္း ထင္းၿပီး ေျဖာင့္တန္းေနမယ္ ဆိုရင္ ေအာင္ျမင္မႈေတြ ေပ်ာ္႐ႊင္မႈေတြ ရမယ္

စည္းစိမ္၊ ဥစၥာေတြ ရမယ္ ဆိုတာကို ျပပါတယ္။ တကယ္လို႔ ဒီလမ္းေၾကာင္း ညံ့တယ္ ဆိုရင္ ေငြေၾကး အခက္အခဲ အၿမဲ ႀကဳံရတတ္တယ္ ဆိုတာကို ျပပါတယ္။

လမ္းေၾကာင္း ၃

လူတိုင္း နီးပါးမွာ လမ္းေၾကာင္း ၂ ေၾကာင္း ပုံမွန္ ရွိတတ္ေပမယ့္ လမ္းေၾကာင္း ၃ေၾကာင္း ရွိတဲ့ သူေတြလည္း ရွိပါတယ္။

တတိယ လမ္းေၾကာင္း ရွိတဲ့ သူေတြက အရမ္းခိုင္မာ အားေကာင္းတဲ့ စိတ္ဓာတ္ ရွိၿပီး လူအမ်ားကေတာင္ ေၾကာက္႐ြံံ့ရတဲ့ အစြမ္း ရွိပါတယ္။

တကယ္လို႔ လမ္းေၾကာင္းက ထင္ရွားေလ ပိုၿပီးေတာ့ အင္အားေကာင္းေလပဲ ျဖစ္ပါတယ္။

လမ္းေၾကာင္း ၄

ဒီလမ္းေၾကာင္း ကေတာ့ အလြန္ကို ေတြ႕ရခဲ့တဲ့ လမ္းေၾကာင္း ျဖစ္ၿပီး သက္တမ္းနဲ႔လည္း ဆိုင္ပါတယ္။

ဒီလမ္းေၾကာင္းသာ တကယ္လို႔ ရွားရွားပါးပါး ရွိၿပီ ဆိုရင္ အသက္ အရမ္းရွည္ၿပီး သားသမီးကံလည္း ေကာင္းပါတယ္။

အားလုံးပဲ လိုရာဆႏၵေတြ ျပည့္ၾကပါေစ။ (ေလးစားမႈျဖင့္ ခရက္ဒစ္)