အကြမ်းအိုးထဲ က လက်ဖက်ခြောက်ဖတ် တွေ မလွှင့်ပစ် ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ ပြောပြချင်ပါတယ်
ဈေးက ဝယ်လာတဲ့ ငါးက တော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့ အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။ ငါးညှီနံ လုံးဝ ပျောက်သွား စေပါလိမ့်မယ်။
လက်ဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ ရောပြီး မှန်ပြတင်းပေါက် အိမ်သုံး ပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေ ကိုဆေးကြော ပွတ်တိုက်လိုက်ပါ။
ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတော့ တောက်ပြောင် သွားပါလိမ့်မယ်
လဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေ ကိုလောင်းပေးနိုင်ရင်
သဘာဝ မြေသြဇာ ကို ရရှိစေပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေမှာပါ။
လဖက်ခြောက်ဖတ်တွေ ကို အခြောက် လှမ်းပြီး ကြက်ဥနဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ်
လဖက်ခြောက်ဖတ် ကို အခြောက် လှမ်းပြီး မီးရိူ့ရင် အနံ့အသက် ဆိုး တွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။
ခြင်ဆေးခွေ အစားထိုး လည်း အသုံးပြု နိုင် ပါတယ်။
လဖက်ခြောက်ဖတ် တွေကို နေလှန်းပြီ းခေါင်းအုံးထဲထည့် ခေါင်းအုံး အိပ်ရင် ပျော့ပြောင်းစွာ အိပ်စက်ရရုံ တင် မက
အပူကိုပါ ကျစေပါတယ်
လဖက်ခြောက်ဖတ်ကို မျက်နှာပေါ် ပွတ်တိုက် ပေးခြင်းဖြင့်လည်း မျက်နှာပေါ် ရှိ အမဲစက် တင်းတိတ် များ ပျောက်ကင်း စေပါတယ်
ပြစ်ရတော့မယ့် လဖက်ခြောက် တွေကို အကျိုးရှိရှိ သုံးဖြစ် စေရန် ရည်ရွယ်ရင်း မျှဝေလိုက် ပါတယ်ရှင်။
ခရက်ဒစ်
Zawgyi
လဖက်ခြောက်ဖတ် ကို အခြောက် လှမ်းပြီး မီးရို့ရင် အနံ့အသက် ဆိုး တွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။
အပူကိုပါ ကျစေပါတယ်
ခရက်ဒစ်



