ၾကားသိရသမွ်

လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက် ချမှတ်

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တနလာၤနေ့က ချမှတ်ခဲ့ပါတယ်။ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အဓိက တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု အရေးကိုတော့ ထည့်သွင်း မထားပါဘူး။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုပြုချက် မူကြမ်းကို မဲမခွဲဘဲ ချမှတ်လိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ သဘာပတိက ကြေညာခဲ့တာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုသလမဂ္ဂ ဌာနချုပ်မှာ တနလာၤနေ့က ကျင်းပတဲ့ အစည်းအဝေး အတွင်း OIC -အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုယ်စား ဂျီနီဗာ ကုလသမဂ္ဂ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Khalil Ur Rahman Hashmi က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို တင်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အတွက် တရားမျှတမှု ရရှိရေး အတွက် လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး နဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်သူတွေကို အပြစ်ပေးနိုင်ရေး အရေးကြီးတဲ့ အကြောင်းကို ဆုံးဖြတ်ချက်မှာ အထူးတလည် ထည့်သွင်းထားကြောင်း သံအမတ်ကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေ အပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်ရေး အတွက် ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရေး ယန္တရားတွေ၊ နောက် ဥပဒေကြောင်း အရ ဆောင်ရွက်နိုင်သမျှ အားလုံး အသုံးပြု ဆောင်ရွက်ဖို့လည်း အခု ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ပြသနာ အရင်းအမြစ်တွေကို ဖြေရှင်းဖို့ လိုအပ်ချက်နဲ့ နောက်ထပ် ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာမျိုး မဖြစ်ရလေအောင် စစ်တပ်တွေ သုံးတာကိုလည်း ချက်ချင်း ရပ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ချက်မှာ ဖော်ပြပါတယ်။

ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီး Mustafizur Rahman က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အစည်းအဝေးမှာ ပြောပါတယ်။

“ဘင်္ဂလားဒေရှ့်ကို အတင်းအကြပ် မောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန်နိုင်ရေး အတွက် မြန်မာဘက်က စတင် ဆောင်ရွက်ရပါမယ်။ ဌာနေပြန်ရေးကို မကြာခင်မှာ မစတင်နိုင်ဘူးဆိုရင် လက်ရှီ ရိုဟင်ဂျာ အများအပြား လက်ခံထားတဲ့ ကောဇ်ဘဇားမှာ အခြေအနေ တခုလုံး ယိုယွင်း ဆိုးရွားသွားပါလိမ့်မယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ ဒေသတွင်း ပြင်ပထိ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ခြေ ပိုပြီး များလာစေပါတယ်။”အရင် မြန်မာ အရပ်သား အစိုးရ လက်ထက်မှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့်လည်း ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေး အတွက် ရခိုင်အကြံပေး ကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာပါ။

အဲဒီက ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေ အတိုင်း ဆောင်ရွက်ဖို့လည်း ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။မြန်မာ့ စစ်အာဏာသိမ်းမှုကို ရည်ညွှန်းပြီး မြန်မာ့ ပြည်တွင်း နိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရိုဟင်ဂျာ အရေးကနေ အာရုံပြောင်းမသွားကြဖို့လည်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီး Mustafizur Rahman က တိုက်တွန်းပါတယ်။

အခု မြန်မာဆိုင်ရာ ဆုံးဖြတ်ချက်မှာ လက်ရှိ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတာ မပါတဲ့ အချက်ကို ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ သြစတီးယား သံအမတ်ကြီး Elisabeth Tichy-Fisslberge က အစည်းအဝေးမှာ ပြောပါတယ်။

“အခု ဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု၊ အမျိုးသမီးနဲ့ ကလေးတွေ၊ လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံတွင်း လူတွေ သေဆုံး ဒုက္ခရောက်ရတဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဖော်ပြ ရှုတ်ချမှု မပါတဲ့ အတွက်တော့ ကျမတို့ အနေနဲ့ အတော်လေး စိတ်မသက်မသာ ဖြစ်ရပါတယ်။

ဒီအဖြစ်မှန်တွေကို ထင်ဟပ် ဖော်ပြခြင်း မပြုတာဟာ သူတို့ရဲ့ ဒီမိုကရေစီကို ကာကွယ်နေကြတဲ့ ရဲရင့်တဲ့ မြန်မာ ပြည်သူတွေ အပေါ် အတော်လေး မတရားမှု ဖြစ်စေပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ သဘောတူထားတဲ့ အတိုင်း သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကနေ တဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်ရောက်လာမှသာ ရိုဟင်ဂျာ ပြသနာလည်း ပြေလည်သွားနိုင်မှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေ တိုးတက်ကောင်းမွန်ရေး အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ ကြိုးစားမှုတွေကို ဂျပန်က ကြိုဆိုကြောင်း ဂျီနီဗာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန် သံအတ်ကြီး Ken Okaniwa က ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်တာတွေ ရပ်ဖို့ မြန်မာ စစ်တပ်ကို တောင်းဆိုသွားပါတယ်။

“မြန်မာ စစ်တပ် အနေနဲ့ အရပ်သားတွေကို အကြမ်းဖက်နေတာတွေ ချက်ချင်း ရပ်တန့်ဖို့၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်လည် ကျင့်သုံးဖို့ ဂျပန်က အခိုင်အမာ တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံတွင်းက လူနည်းစုတွေ အပါအဝင် မြန်မာပြည်သူတွေကြား ဆွေးနွေး ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့်လည်း လက်ရှိ အခြေအနေကြောင့် ဒီလို ဆွေးနွေးလို့ မရတာဟာလည်း ဝမ်းနည်းဖွယ် ဖြစ်တယ်လို့လည်း ဂျပန် သံအမတ်ကြီးက ပြောပါတယ်။

တရုတ် ကိုယ်စားလှယ်ဘက်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ တနလာၤနေ့ ဆွေးနွေးပွဲမှာ တစုံတရာ ဆွေးနွေးတာ မရှိပေမယ့်လည်း ဒီ မြန်မာဆိုင်ရာ ဆုံးဖြတ်ချက် အတည်ပြုတာမှာ တရုတ် မပါဝင်ကြောင်း မှတ်တမ်း အနေနဲ့ ပြောဆိုသွားပါတယ်။

———————–

ျမန္မာႏိုင္ငံတြင္းက ရိုဟင္ဂ်ာ မူဆလင္ေတြနဲ႔ တျခား လူနည္းစုမ်ားရဲ႕ လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ ဆံုးျဖတ္ခ်က္ကို ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ တနလာၤေန႔က ခ်မွတ္ခဲ႔ပါတယ္။ လူ႔အခြင့္အေရး ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္မႈမွာ တာ၀န္ရွိသူေတြကို တရားဥပေဒေၾကာင္းအရ အျပစ္ေပး အေရးယူႏိုင္ေရးနဲ႔ ႐ိုဟင္ဂ်ာေတြ ဌာေနျပန္ေရးကို အဓိက တိုက္တြန္းထားတဲ႔ ဆံုးျဖတ္ခ်က္မွာ စစ္အာဏာသိမ္းမႈ အေရးကိုေတာ့ ထည့္သြင္း မထားပါဘူး။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးမွာပါ။

ျမန္မာႏိုင္ငံတြင္းက ရိုဟင္ဂ်ာ မူဆလင္ေတြနဲ႔ တျခား လူနည္းစုမ်ားရဲ႕ လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ အဆိုျပဳခ်က္ မူၾကမ္းကို မဲမခြဲဘဲ ခ်မွတ္လိုက္ေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ သဘာပတိက ေၾကညာခဲ႔တာပါ။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာ ကုသလမဂၢ ဌာနခ်ဳပ္မွာ တနလာၤေန႔က က်င္းပတဲ႔ အစည္းအေ၀း အတြင္း OIC -အစၥလာမၼစ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔ ကိုယ္စား ဂ်ီနီဗာ ကုလသမဂၢ ဆိုင္ရာ ပါကစၥတန္ သံအမတ္ႀကီး Khalil Ur Rahman Hashmi က ျမန္မာႏိုင္ငံတြင္းက ႐ိုဟင္ဂ်ာေတြနဲ႔ တျခား လူနည္းစုေတြရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ဆံုးျဖတ္ခ်က္ မူၾကမ္းကို တင္ျပခဲ႔ပါတယ္။

႐ိုဟင္ဂ်ာေတြ အတြက္ တရားမွ်တမႈ ရရွိေရး အတြက္ လြတ္လပ္ ပြင့္လင္းတဲ႔ ႏိုင္ငံတကာ စံုစမ္းစစ္ေဆးေရး နဲ႔ လူ႔အခြင့္အေရး အႀကီးအက်ယ္ ခ်ိဳးေဖာက္သူေတြကို အျပစ္ေပးႏိုင္ေရး အေရးႀကီးတဲ႔ အေၾကာင္းကို ဆံုးျဖတ္ခ်က္မွာ အထူးတလည္ ထည့္သြင္းထားေၾကာင္း သံအမတ္ႀကီးက ေျပာပါတယ္။

“ျမန္မာႏိုင္ငံတြင္းက ႐ိုဟင္ဂ်ာ မူဆလင္ေတြနဲ႔ လူနည္းစု တိုင္းရင္းသားေတြ အေပၚ ဆိုးဆိုးရြားရြား လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို စံုစမ္း စစ္ေဆးႏိုင္ေရး အတြက္ ျပည္တြင္း၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ တရားေရး ယႏၲရားေတြ၊ ေနာက္ ဥပေဒေၾကာင္း အရ ေဆာင္ရြက္ႏိုင္သမွ် အားလံုး အသံုးျပဳ ေဆာင္ရြက္ဖို႔လည္း အခု ဆံုးျဖတ္ခ်က္မွာ ေတာင္းဆိုထားပါတယ္။”

ရခိုင္ျပည္နယ္တြင္းက ျပသနာ အရင္းအျမစ္ေတြကို ေျဖရွင္းဖို႔ လိုအပ္ခ်က္နဲ႔ ေနာက္ထပ္ ႐ိုဟင္ဂ်ာေတြနဲ႔ တျခား လူနည္းစုေတြ ေနရပ္စြန္႔ခြာ ထြက္ေျပးရတာမ်ိဳး မျဖစ္ရေလေအာင္ စစ္တပ္ေတြ သံုးတာကိုလည္း ခ်က္ခ်င္း ရပ္ဖို႔ လိုအပ္ေၾကာင္း ဆံုးျဖတ္ခ်က္မွာ ေဖာ္ျပပါတယ္။

ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ဘဂၤလားေဒရွ္႕ သံအမတ္ႀကီး Mustafizur Rahman က ႐ိုဟင္ဂ်ာေတြ ဌာေနျပန္ႏိုင္ေရးကို အေလးထား ေဆာင္ရြက္ဖို႔ လိုအပ္ေနေၾကာင္း အစည္းအေ၀းမွာ ေျပာပါတယ္။

“ဘဂၤလားေဒရွ္႕ကို အတင္းအၾကပ္ ေမာင္းထုတ္ခံရတဲ႔ ႐ိုဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံ ျပန္ႏိုင္ေရး အတြက္ ျမန္မာဘက္က စတင္ ေဆာင္ရြက္ရပါမယ္။ ဌာေနျပန္ေရးကို မၾကာခင္မွာ မစတင္ႏိုင္ဘူးဆိုရင္ လက္ရွီ ႐ိုဟင္ဂ်ာ အမ်ားအျပား လက္ခံထားတဲ႔ ေကာဇ္ဘဇားမွာ အေျခအေန တခုလံုး ယိုယြင္း ဆိုးရြားသြားပါလိမ့္မယ္။

ဒါ႔အျပင္ ေဒသတြင္းနဲ႔ ေဒသတြင္း ျပင္ပထိ မတည္ၿငိမ္မႈေတြ ျဖစ္လာႏိုင္ေျခ ပိုၿပီး မ်ားလာေစပါတယ္။”အရင္ ျမန္မာ အရပ္သား အစိုးရ လက္ထက္မွာ ႐ိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံေပမယ့္လည္း ႐ိုဟင္ဂ်ာ ျပသနာ ေျဖရွင္းေရး အတြက္ ရခိုင္အၾကံေပး ေကာ္မရွင္ကို ဖြဲ႔စည္းေဆာင္ရြက္ခဲ႔တာပါ။

အဲဒီက ထြက္ေပၚလာတဲ႔ အၾကံျပဳခ်က္ေတြ အတိုင္း ေဆာင္ရြက္ဖို႔လည္း ဘဂၤလားေဒရွ္႕ သံအမတ္ႀကီးက တိုက္တြန္းသြားပါတယ္။ျမန္မာ့ စစ္အာဏာသိမ္းမႈကို ရည္ၫႊန္းၿပီး ျမန္မာ့ ျပည္တြင္း ႏိုင္ငံေရး အေျခအေနေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔ ႐ိုဟင္ဂ်ာ အေရးကေန အာရံုေျပာင္းမသြားၾကဖို႔လည္း ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ဘဂၤလားေဒရွ္႕ သံအမတ္ႀကီး Mustafizur Rahman က တိုက္တြန္းပါတယ္။

အခု ျမန္မာဆိုင္ရာ ဆံုးျဖတ္ခ်က္မွာ လက္ရွိ စစ္အာဏာသိမ္းမႈကို ရႈတ္ခ်ထားတာ မပါတဲ႔ အခ်က္ကို ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ ၾသစတီးယား သံအမတ္ႀကီး Elisabeth Tichy-Fisslberge က အစည္းအေ၀းမွာ ေျပာပါတယ္။

“အခု ဆံုးျဖတ္ခ်က္မွာ စစ္အာဏာသိမ္းမႈ၊ အမ်ိဳးသမီးနဲ႔ ကေလးေတြ၊ လူနည္းစုေတြ အပါအ၀င္ ျမန္မာႏိုင္ငံတြင္း လူေတြ ေသဆံုး ဒုကၡေရာက္ရတဲ႔ စစ္တပ္ရဲ႕ ရက္စက္ ၾကမ္းၾကဳတ္တဲ႔ လုပ္ရပ္ေတြကို ေဖာ္ျပ ရႈတ္ခ်မႈ မပါတဲ႔ အတြက္ေတာ့ က်မတို႔ အေနနဲ႔ အေတာ္ေလး စိတ္မသက္မသာ ျဖစ္ရပါတယ္။

ဒီအျဖစ္မွန္ေတြကို ထင္ဟပ္ ေဖာ္ျပျခင္း မျပဳတာဟာ သူတို႔ရဲ႕ ဒီမိုကေရစီကို ကာကြယ္ေနၾကတဲ႔ ရဲရင့္တဲ႔ ျမန္မာ ျပည္သူေတြ အေပၚ အေတာ္ေလး မတရားမႈ ျဖစ္ေစပါတယ္။ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ခ်က္မွာ သေဘာတူထားတဲ႔ အတိုင္း သက္ဆိုင္သူ အားလံုးပါ၀င္တဲ႔ ေဆြးေႏြးမႈေတြကေန တဆင့္ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ လမ္းေၾကာင္းေပၚကို ျမန္မာႏိုင္ငံ ျပန္ေရာက္လာမွသာ ႐ိုဟင္ဂ်ာ ျပသနာလည္း ေျပလည္သြားႏိုင္မွာ ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးနဲ႔ လူသားခ်င္း စာနာေထာက္ကူမႈ ဆိုင္ရာ အေျခအေနေတြ တိုးတက္ေကာင္းမြန္ေရး အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း အာဆီယံရဲ႕ ႀကိဳးစားမႈေတြကို ဂ်ပန္က ႀကိဳဆိုေၾကာင္း ဂ်ီနီဗာ ကုလသမဂၢ ဆိုင္ရာ ဂ်ပန္ သံအတ္ႀကီး Ken Okaniwa က ေျပာပါတယ္။ ဒါ႔အျပင္ အၾကမ္းဖက္တာေတြ ရပ္ဖို႔ ျမန္မာ စစ္တပ္ကို ေတာင္းဆိုသြားပါတယ္။

“ျမန္မာ စစ္တပ္ အေနနဲ႔ အရပ္သားေတြကို အၾကမ္းဖက္ေနတာေတြ ခ်က္ခ်င္း ရပ္တန္႔ဖို႔၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ဖမ္းဆီးထားသူ အားလံုးကို ျပန္လႊတ္ေပးၿပီး ဒီမိုကေရစီ ႏိုင္ငံေရး စနစ္ကို အျမန္ဆံုး ျပန္လည္ က်င့္သံုးဖို႔ ဂ်ပန္က အခိုင္အမာ တိုက္တြန္းပါတယ္။”

ျမန္မာႏိုင္ငံတြင္းက ႐ိုဟင္ဂ်ာ မူဆလင္ေတြနဲ႔ တျခား လူနည္းစုေတြရဲ႕ လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ ဆံုးျဖတ္ခ်က္ကို ျမန္မာႏိုင္ငံတြင္းက လူနညး္စုေတြ အပါအ၀င္ ျမန္မာျပည္သူေတြၾကား ေဆြးေႏြး ဆံုးျဖတ္ရမွာ ျဖစ္ေပမယ့္လည္း လက္ရွိ အေျခအေနေၾကာင့္ ဒီလို ေဆြးေႏြးလို႔ မရတာဟာလည္း ၀မ္းနည္းဖြယ္ ျဖစ္တယ္လို႔လည္း ဂ်ပန္ သံအမတ္ႀကီးက ေျပာပါတယ္။

တ႐ုတ္ ကိုယ္စားလွယ္ဘက္ကေတာ့ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီရဲ႕ တနလာၤေန႔ ေဆြးေႏြးပြဲမွာ တစံုတရာ ေဆြးေႏြးတာ မရွိေပမယ့္လည္း ဒီ ျမန္မာဆိုင္ရာ ဆံုးျဖတ္ခ်က္ အတည္ျပဳတာမွာ တ႐ုတ္ မပါ၀င္ေၾကာင္း မွတ္တမ္း အေနနဲ႔ ေျပာဆိုသြားပါတယ္။