ထိုင်းနိုင်ငံနခွန်ဖနုမ်ခရိုင် ဖုန်းစဝမ်မြို့နယ် ဆေးရုံမှာ ကျမ္မာရေးမကောင်းလို့တက်ရောက်ကုသနေတဲ့ နုံချာလှတဲ့အဖိုးအိုနဲ့အဖွားအိုတို့လည်း ယနေ့ထိုင်းထီ ပထမဆုကြီး ဘတ် ၆ သန်းဆုကို ဆွတ်ခူးလိုက်တယ်ဆိုတာသိရလို့ ကုတင်ပေါ်ကလူမမာရဲ့အပြုံးကရောဂါတစ်ဝက်ကိုသက်သာသွားစေပါပြီ
ဆရာဝန်တွေရော နာစ်တွေပါပျော်နေကြတယ်
ဘာဘဲပြောပြောကွဲကွာနေတဲ့သားသမီးမြေးတစ်သုမကြားမီ အဖိုးတို့အဖွားတို့နားကိုပြုစုဘို့ရောင်လာကြတော့မယ်ထင်ပါတယ်..
နံပါတ်တူထီနှစ်စောင်ထဲက တစ်စောင်သာကံစမ်းခဲ့ပေမယ့် ယခုလိုကျမ္မာရေးချို့တဲ့နေချိန် ထီထပေါက်တာဟာ ကံထူးတယ်လို့ပြောရမှာပေါ့
ထိုင်းထီကတစ်ခုကောင်းတယ် အက္ခရာစဉ်မပါဘူး ၊ ဘတ် ၆ သန်းဆုကစပြီး ကျန်တဲ့ဆုတွေအားလုံး နံပါတ်တူတွေအများကြီးရှိတဲ့အတွက် ပထမဆုကြီးကိုမျှဝေပေါက်ကြတဲ့သူတွေလည်းရှိပါတယ် ၊ တတ်နိုင်လို့ နံပါတ်တူ ၁၀ စောင်တွဲထိုးနိုင်ရင်လည်း ဘတ်သန်း ၆၀ ပေါက်ခွင့်ရှိပါတယ်..
မြန်မာထီဆုကြီးကိုလည်း သိန်းပေါင်း ၁ သောင်းခွဲကို ၅ ထောင်ဆုကြီးအဖြစ် အက္ခရာဖြုတ်ပြီး နံပါတ်တူတွေများများရိုက်နှိပ်ရောင်းသင့်တယ်.
ဒါဆိုရင် ပေါက်တဲ့သူများတော့ ပိုကောင်းတာပေါ့နော်.. အခုကအက္ခရာတူမှပေါက်ဘို့ကံကလည်းမလွယ်ရေးချမလွယ်ပါ..လား ( စဉ်းစားမိတာပါ )
Photo Crd #Sirirat Somjee
#SiThuMaung