ၾကားသိရသမွ်

“ကိုဗစ်မျိုးကွဲ အိုမီခရွန်အတွက် ဘာတွေပြင်ဆင်ထားရမလဲ “

“ကိုဗစ်မျိုးကွဲ အိုမီခရွန်အတွက် ဘာတွေပြင်ဆင်ထားရမလဲ ”

ပြောဖို့စောသေးတယ်ဆိုပေမယ့် Omicron က အရင်ကဖြစ်ခဲ့တဲ့ ကိုဗစ်တွေနဲ့ယှဉ်ရင် ကူးစက်နှုန်းမြင့်တာကလွဲပြီး ကျန်တာတွေကတော့ ပြောပလောက်အောင် ဓါတ်မရှိပါဘူး။

ကာကွယ်ဆေးထိုးနှုန်းမြင့်နိုင်ငံတွေဖြစ်တဲ့ပြင်သစ်မှာ အင်္ဂါနေ့တရက်တည်း ၁၈၀ ၀၀၀အင်္ဂလန်မှာ အင်္ဂါနေ့တရက်တည်း ၁၃၀ ၀၀၀ နဲ့Omicron ကေ့စ်အသစ်တွေ တွေ့နေပေမယ့် သေဆုံးနှုန်းကတော့ သတိထားမိလောက်စရာ မရှိပါဘူး။

India ဘက်ကို စောင့်ကြည့်ပြန်တော့လည်း ညဘက်မထွက်ရ ကာဖြူးထုတ်လိုက်တာကလွဲရင် ပိုးတွေ့နှုန်းလည်း ခုချိန်ထိ စုစုပေါင်းမှ ၆၀၀ ဝန်းကျင်ပဲ ရှိနေသေးတယ်။

ထူးခြားတာကတော့ Omicron သေချာရင် အရင်ကိုဗစ်တွေလို ၁၀ ရက်တွေ ၂ ပတ်တွေ မဟုတ်တော့ပဲ ၅ ရက်ဆို ပုံမှန်အတိုင်း အလုပ်ပြန်ဝင်လို့ရနေပြီ။

ဘာတွေပြင်ဆင်ထားရမလဲမေးရင် ဘာမှ ထူးထူးခြားခြား ပြင်ဆင်စရာ မလိုပါဘူး။ ကိုယ်တွေထက် အများကြီးပြင်ဆင်နိုင်တဲ့နိုင်ငံတောင်မှာတောင် တနေ့ကို ၂ သိန်းနီးပါးကူးစက်နေတာ၊ ကြီးကြီးကျယ်ကျယ်တွေ ကြိုပြင်ဆင်မယ်ဆိုရင်တော့ ရီစရာပဲဖြစ်နေမှာ။

လုပ်စရာက တခုပဲရှိတယ်၊ ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ရအောင်ထိုးရမယ်။ တချို့နိုင်ငံတွေမှာတော့ 3rd dose ကနေ 4 th dose ကို သွားနေကြပြီ၊ ကျွန်တော်တို့မှာ ၂ ကြိမ်လောက်ရထားရင်တောင် အခြေအနေကောင်းနိုင်မယ်။

Remdesivir တွေ၊ Dexa တွေ၊ အောက်ဆီဂျင်တွေ ကြိုစုနေတာထက် ကာကွယ်ဆေးထိုးခြင်းရဲ့ Role က အများကြီးပိုများတယ်။ ကာကွယ်ဆေးကိုပဲ ဖိထိုးကြရဦးမှာပါ။

ဒေါက်တာသက်ကျော်စိုး

#36myanmarchannelchannel

unicode










#36myanmarchannelchannel