ၾကားသိရသမွ်

ပြောင်းဖူးပြုတ်ဆက်မရောင်းတော့ဘဲ လူထုလှုပ်ရှားမှုနောက်ကို စက်ဘီးလေးနဲ့တောက်လျှောက်လိုက်လာပြီးပါဝင်အားဖြည့်လိုက်တဲ့ ကလေးတစ်ဦးရဲ့ (ဗီဒီယို)

ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ကလေးလေးတွေကအစ အလိုက်သိစွာနဲ့ နိုင်သလောက်ဝန်ကို မျှထမ်းပေးနေကြတာဖြစ်ပါတယ်။

တချို့ဖရဲသီးရောင်းတဲ့ကလေးတွေ၊မုန့်ဖက်ထုတ်ရောင်းတဲ့ကလေးတွေကလည်း လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို စေတနာအပြည့်နဲ့လိုက်ဝေပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ကလေးတစ်ယောက်က စက်ဘီးပေါ်မှာခြင်းတောင်းလေးတင်ပြီး ပြောင်းဖူးရောင်းနေရင်း ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အားပါဝင်လိုက်သေးတာဖြစ်ပါတယ်။

မန္တလေးမှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကိုဆိုရင် တချို့ပြည်သူတွေက ဆိုင်ကယ်တွေနဲ့သွားလာကြတာဖြစ်ပါတယ်။စက်ဘီးလေးနဲ့ပြောင်းဖူးပြုတ်ရောင်းတဲ့ကလေးကတော့ သူ့ရဲ့ပြောင်းဖူးတွေကို ဆက်မရောင်းတော့ဘဲဆိုင်ကယ်တွေသွားတဲ့နောက်ကနေ တောက်လျှောက်လိုက်လာတာဖြစ်ပါတယ်။

Gen Alpha လေးရဲ့ ရဲစွမ်းသတ္တိကိုဘေးကလူတွေကလည်း လေးစားလွန်းလို့ ချီးကျူးမဆုံးဖြစ်နေကြတာ ဖြစ်ပါတယ်။ကလေးလေးရောင်းတဲ့ပြောင်းဖူးပြုတ်တွေကိုလည်း ပြည်သူတချို့က ဝယ်ယူအားပေးလိုက်ကြသေးတာဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုပြီးလို့ ပြန်ခါနီးအချိန်မှာ ကလေးလေးက သူ့ရဲ့ပြောင်းဖူးပြုတ်တွေကို အလကားတွေလိုက်ဝေပေးနေတာကြောင့် ပြည်သူတချို့ဆိုရင် မျက်ရည်တောင်ကျမိတဲ့အထိ ပီတိဖြစ်သွားရတာဖြစ်ပါတယ်။

ပြောင်းဖူးပြုတ်ရောင်းတဲ့ကလေးလေးက ကျောင်းတက်နေတဲ့အရွယ်လည်းဖြစ်လို့ ပြည်သူတစ်ယောက်ဆိုရင် ကလေးလေးကိုကျောင်းထားပေးဖို့အတွက် လိုက်ရှာနေတာဖြစ်ပါတယ်။

အသက်သာငယ်ပေမယ့် စိတ်ထားလေးပြည့်ဝပြီး အများအကျိုးကိုသယ်ပိုးဆောင်ရွက်တတ်တဲ့ ပြောင်းဖူးသည်ကလေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Video Credit: Original Uploder

unicode version

ယခုျဖစ္ေပၚေနတဲ့အေျခအေနေတြမွာဆိုရင္ အသက္ငယ္ငယ္ေလးပဲရွိေသးတဲ့ကေလးေလးေတြကအစ အလိုက္သိစြာနဲ႔ နိုင္သေလာက္ဝန္ကို မၽွထမ္းေပးေနၾကတာျဖစ္ပါတယ္။

တခ်ိဳ႕ဖရဲသီးေရာင္းတဲ့ကေလးေတြ၊မုန႔္ဖက္ထုတ္ေရာင္းတဲ့ကေလးေတြကလည္း လမ္းေပၚမွာလႈပ္ရွားေနၾကတဲ့ ျပည္သူေတြကို ေစတနာအျပည့္နဲ႔လိုက္ေဝေပးေနၾကတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ကေလးတစ္ေယာက္က စက္ဘီးေပၚမွာျခင္းေတာင္းေလးတင္ၿပီး ေျပာင္းဖူးေရာင္းေနရင္း ျပည္သူေတြနဲ႔အတူ တစ္တပ္တစ္အားပါဝင္လိုက္ေသးတာျဖစ္ပါတယ္။

မႏၲေလးမွာျပဳလုပ္ၾကတဲ့ လူထုလႈပ္ရွားမႈေတြကိုဆိုရင္ တခ်ိဳ႕ျပည္သူေတြက ဆိုင္ကယ္ေတြနဲ႔သြားလာၾကတာျဖစ္ပါတယ္။စက္ဘီးေလးနဲ႔ေျပာင္းဖူးျပဳတ္ေရာင္းတဲ့ကေလးကေတာ့ သူ႔ရဲ့ေျပာင္းဖူးေတြကို ဆက္မေရာင္းေတာ့ဘဲဆိုင္ကယ္ေတြသြားတဲ့ေနာက္ကေန ေတာက္ေလၽွာက္လိုက္လာတာျဖစ္ပါတယ္။

Gen Alpha ေလးရဲ့ ရဲစြမ္းသတၱိကိုေဘးကလူေတြကလည္း ေလးစားလြန္းလို႔ ခ်ီးက်ဴးမဆုံးျဖစ္ေနၾကတာ ျဖစ္ပါတယ္။ကေလးေလးေရာင္းတဲ့ေျပာင္းဖူးျပဳတ္ေတြကိုလည္း ျပည္သူတခ်ိဳ႕က ဝယ္ယူအားေပးလိုက္ၾကေသးတာျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈၿပီးလို႔ ျပန္ခါနီးအခ်ိန္မွာ ကေလးေလးက သူ႔ရဲ့ေျပာင္းဖူးျပဳတ္ေတြကို အလကားေတြလိုက္ေဝေပးေနတာေၾကာင့္ ျပည္သူတခ်ိဳ႕ဆိုရင္ မ်က္ရည္ေတာင္က်မိတဲ့အထိ ပီတိျဖစ္သြားရတာျဖစ္ပါတယ္။

ေျပာင္းဖူးျပဳတ္ေရာင္းတဲ့ကေလးေလးက ေက်ာင္းတက္ေနတဲ့အရြယ္လည္းျဖစ္လို႔ ျပည္သူတစ္ေယာက္ဆိုရင္ ကေလးေလးကိုေက်ာင္းထားေပးဖို႔အတြက္ လိုက္ရွာေနတာျဖစ္ပါတယ္။

အသက္သာငယ္ေပမယ့္ စိတ္ထားေလးျပည့္ဝၿပီး အမ်ားအက်ိဳးကိုသယ္ပိုးေဆာင္ရြက္တတ္တဲ့ ေျပာင္းဖူးသည္ကေလးရဲ့ဗီဒီယိုေလးကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

Video Credit: Original Uploder