ၾကားသိရသမွ်

အမည်းစက်ပေါ်ကမျက်ရည်

ဘဝပေးကုသိုလ်ကံကြောင့် တစ်ချို့ဟာအမှားနဲ့ မကင်းတဲ့လုပ်ရပ်တွေ လုပ်ဖြစ်တက်ကြတယ်။ ဆာလောင်နေသူတစ်ယောက်ရဲ့ခံစားချက်ကို စစ်ဘေးသင့်နေတဲ့ကလေးတစ်ယောက်က နားလည်သလိုမျိုး

လမ်းဘေးကတောင်းယမ်းနေတဲ့ ကလေးတစ်ယောက်ရဲ့ခံစားချက်ကို ပိုက်ဆံထည့်သွားတဲ့ ကလေးတစ်ယောက်ကနားလည်သလိုမျိုး၊ ပန်းခေါင်းအညွှန့်ချိုးခံရတဲ့ ကလေးတစ်ယောက်ရဲ့ခံစားချက်ကို ကလေးမွေးဖူးတဲ့မိခင်တွေသာ နားလည်သလိုမျိုး

အမှားဖက်မှာရှင်သန်နေတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်သူခိုးပါလို့ဆိုင်းဘုတ်တပ့်ပြီး လူအများရဲ့ရှေ့မှာ သူ့ဘဝကိုထက်ပြီး သက်ဖို့ကြိုးစားတာဟာ လူတစ်ယောက်ရဲ့ကျင့်ဝတ်နဲ့မညီမျှသလို လူတစ်ယောက်ဆုံးရုံးလိုက်ရတဲ့ငွေကြေးနဲ့ လဲလိုက်ရတဲ့ဘဝတွေနဲ့လည်း လုံးဝမတန်ပါဘူး။

အမည်းစက်တွေပေါ်မှာ မျည်ရည်ကြဖူးတဲ့ ကလေးတွေများစွာရှိခဲ့ဖူးပါတယ်။ ကော်ကောက်နေတဲ့ကလေးတိုင်းဟာ သူခိုးမဖြစ်နိုင်သလို စားပွဲထိုးနေရတဲ့ကလေးတစ်ယောက်ဟာလည်း သူခိုးမဖြစ်နိင်ပါဘူး။

အရာရာကွဲလွဲနေတဲ့ လူ့ပတ်ဝန်းကျင်မှာ အနာဂတ်မရှိတဲ့လူတစ်ချို့ကြောင့် ပျက်စီးခဲ့ရတဲ့ကလေးသူငယ်တွေ ထောင်နဲ့ချီပြီးရှိခဲ့ရတယ်။ တစ်နေ့လုံးအဆဲအဆိုခံပြီးမှ ထမင်းတစ်နပ်စားရတဲ့ သံရည်ပူလိုဘဝမျိုးတွေ အသပြာနဲ့ပေါက်ပြီး ငွေနောက်လိုက်ခဲ့ရတဲ့ ပြည့်တန်ဆာကလေးတွေ

ဒါတွေကိုကြည့်ရင် ကျုပ်နေတဲ့နိုင်ငံမှာ လူမဖြစ်ချင်တော့ဘူး။ သယံဇာတတွေပေါများကြောင်း သင်ခဲ့ရတဲ့သမိုင်းတွေဟာ တကယ်လား၊အိမ်မက်လား။ တိုးတက်နေတဲ့အရင်းရှင်ရဲ့လက်အောက်မှာ ခေါင်းငုံနေရတဲ့လခစားဝန်ထမ်းတွေ၊

နေ့စားသမားတွေ၊ သူတို့မွေးဖွားလာတဲ့ ကလေးတွေဟာလည်း ဒီလက်အောက်မှာပဲ ခေါင်းမဖော်နိင်အောင်ဖြစ်ခဲ့ရတယ်။ နှိုင်းယှဉ်ကြည့်ရင်ဒီကလေးဟာ သူဆာလို့ခိုးစားလိုက်တဲ့မုန့်တစ်ထုပ်ဖိုးပဲ အပြစ်ရှိခဲ့တာ။

ကျွန်တော်တို့အားလုံးဆီကခိုးသွားတဲ့ တရားခံကတော့ ကျုပ်တို့အသိပညာတွေ၊ အားအင်တွေ၊အနာဂတ်တွေ၊ ဖွံ့ဖြိုးမူ့တွေ။ ဒါတွေကိုစားသုံးပြီး အမြဲလွတ်မြောက်နေခဲ့တယ်။

Credit

Zawgyi