ကလေးရဲ့ အမေ ရေးခဲ့တဲ့ စာလေး ဖတ်ရင်း ရင်ထဲမှာ မကောင်းဖြစ်မိတယ် ဒီ ကလေးအရွယ်က မင်းတို့ကို ဘယ်လောက် ဒုက္ခပေးနိုင်မှာမို့ အဲ့လောက် ရက်ရက်စက်စက် လုပ်ခဲ့ရတာလဲကွာ
သူ့မိခင်ကို ဓားနဲ့ထောက် ပိုက်ဆံအိတ်လုတော့ သူ့အမေကို ဓါးနဲ့ထိုးတယ်ထင်ပြီး အသက် ၁၅နှစ်သာရှိသေးတဲ့ ငါ့သားလေးက သူ့လက်ကလေးနဲ့ ရှိတဲ့ခွန်အားလေးနဲ့ကာကွယ်မိတာကို ရက်ရက်စက်စက် ဓားနဲ့အချက်ပေါင်းများစွာခုတ်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့နင်တို့တွေ
ငါ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့သလိုမျိုး ပြန်အသတ်မခံရပါစေနဲ့… ငါတို့မိသားစုရဲ့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေး အသိုက်အမြုံလေးပြိုကျပျက်စီးခဲ့ရသလိုမျိုး
နင်တို့မိသားစုဘဝတွေပြိုကျပျက်စီးခြင်းမျိုး မကြုံရပါစေနဲ့ သူ့မိခင်ရှေ့မှာ သူ့သားလေးကိုရက်ရက်စက်စက် သတ်ခဲ့သလိုမျိုး နင်တို့မွေးထားတဲ့ မွေးလာမဲ့ နင်တို့ သားသမီးကို နင်တို့ရှေ့မှာတင် ရက်ရက်စက်စက် အသတ်ခံရတာမျိုး မကြုံရပါစေနဲ့
သူတပါး ကြိုးစားရှာဖွေစုဆောင်းထားတဲ့ ဥစ္စာပစ္စည်းကို ခိုးဆိုး လုယက် ဓားပြတိုက်မှ သုံးရ စားရတဲ့နင်တို့ ဘဝတွေ နင်တို့သားသမီးအရှေ့မှာ နင်တို့သမိုင်းကြောင်း
တစ်လျှောက်မှာ လိပ်ပြာလုံစွာနေနိုင်ပါစေ သူတပါးမိသားစုတွေ သောကပရိဒေဝမီးတွေလောင်မြိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျရသလို နင်တို့ နင်တို့မိသားစုတွေ မလောင်မြိုက်ပါစေနဲ့ မျက်ရည်ပေါက်ကြီးငယ်မကျရပါစေနဲ့
ငါတို့မိသားစုရဲ့ အညွန့်အဖူး သားကောင်း သားမြတ် အညွန့်တစ်လူလူတက်နေတဲ့ ငါတို့မိသားစုရဲ့အဖိုး အနဂ္ဂထိုက်တန်တဲ့ သားရတနာ သားလိမ္မာ ငါ့ကလေးကို
ရက်ရက်စက်စက်သတ်ခဲ့ရလို့ပျော်ရွှင် ဝမ်းမြောက်ကြပါစေ… ငါသေမတတ် နာကျင်ခံစားရသလိုမျိုး ငါရူးမတတ် သွေးပျက်ခဲ့ရသလိုမျိုး နင်တို့မိသားစုတွေ တန်ပြန်
မခံစားရပါစေနဲ့..တူသောအကျိုးမပေးပါစေနဲ့.. သကြားသာသနာခေါတ်မို့ ကံဝဋ်ကြွေးဟာ ချက်ချင်း အကျိုးသက်ရောက်မယ်လို့ ငါမတွေးပါဘူးး
ဒါပေမယ့် တစ်ဆယူရင် ဆယ်ဆမကပြန်ပေးဆပ်ရမယ် ဆိုတာ ဘုရားဟောအရရော လောကဝတ်အရရော ပြဌာန်းထားပြီးသားမို့ ကံ ကံ၏အကျိုးကိုနင်တို့လက်ခံ
ယူနိုင်ဖို့ ပြင်ဆင်ထား…ဝဋ်ဆိုတာနင်တို့ပြုခဲ့တဲ့အတိုင်း နင်တို့နောက်ကိုထပ်ချပ်မကွာလိုက်လာမှာ အကုသိုလ်ကံ အကျိုးပေးတွေက…. နင်တို့လိုလူတွေကို ငါလုံးဝကျိန်စာမတိုက်ဘူး
လုံးဝကျိန်စာတိုက်မှာ မဟုတ်ဘူး မေတ္တာပဲ နေ့စဥ်ရက်ဆက် စက္ကန့်မလပ်ပို့ပေးနေတာ ငါ့သားလေးက ဘာအကုသိုလ်တစ်ခုမှ မလုပ်ခဲ့ မရှိခဲ့လို့ သိပ်ကိုရိုးသားဖြူစင်
အပြစ်ကင်းစင်ခဲ့လို့ မိဘအပေါ် ဆွေမျိုးအသိုင်းအဝိုင်းအပေါ် လူတကာအပေါ် တိရိစ္ဆာန်လေးတွေအပေါ် သိပ်ကို ချစ်ခင်တွယ်တာ ဂရုဏာကြီးမားခဲ့သူမို့ ကောင်းမြတ်သောဘုံဘဝမှာ စံစားနေပြီဆိုတာ မေမေ အတိအကျပြောနိုင်တယ်…သားးး
ဘယ်ဗေဒင် ဘယ်နတ်လေချွန်မှ မေမေ မမေးဘူး တတ်အပ်သိတယ် မေမေပြောနိုင်တယ် မိခင်ကိုအသက်ရင်းနဲ့ကာကွယ်ခဲ့တဲ့သားလိမ္မာမို့.. ပြုသူအသစ်
ဖြစ်သူအဟောင်းမို့ ကံဝဋ်ကြွေးအဖို့ပါလာတယ်ဆိုရင်လည်း ဤကံဝဋ်ကြွေးကို အပြီးဆပ်ခဲ့ပြီမို့ နောင်သံသရာဘဝဆက်တိုင်းမှာ အသက်ရှည်ကျန်းမာ ပျော်ရွှင်စွာနဲ့
သာသနာပြုနိုင်တဲ့ ထူးမြတ်လှတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပါစေလို့ အသက်ရှင်နေသမျှကာလတစ်လျှောက်လုံးဆုတောင်း မေတ္တာပို့ပေးနေတယ်ဆိုတာရယ် တတ်အားသ၍
သားလေးအတွက် တစ်ရက်မှမပျက်ကွက်ပဲလှူတန်း ခြင်းတွေပြုပေးနေတယ်ဆိုတာ သား သိမယ် မြင်မယ် ကြားမယ် ရရှိစံစားနိုင်မယ်ဆိုတာ မေမေအကြွင်းမဲ့ ယုံတယ် သားး မေမေအကြွင်းမဲ့ယုံတယ်
credit
Zawgyi
ကေလးရဲ႕ အေမ ေရးခဲ့တဲ့ စာေလး ဖတ္ရင္း ရင္ထဲမွာ မေကာင္းျဖစ္မိတယ္ ဒီ ကေလးအ႐ြယ္က မင္းတို႔ကို ဘယ္ေလာက္ ဒုကၡေပးႏိုင္မွာမို႔ အဲ့ေလာက္ ရက္ရက္စက္စက္ လုပ္ခဲ့ရတာလဲကြာ
သူ႔မိခင္ကို ဓားနဲ႔ေထာက္ ပိုက္ဆံအိတ္လုေတာ့ သူ႔အေမကို ဓါးနဲ႔ထိုးတယ္ထင္ၿပီး အသက္ ၁၅ႏွစ္သာရွိေသးတဲ့ ငါ့သားေလးက သူ႔လက္ကေလးနဲ႔ ရွိတဲ့ခြန္အားေလးနဲ႔ကာကြယ္မိတာကို ရက္ရက္စက္စက္ ဓားနဲ႔အခ်က္ေပါင္းမ်ားစြာခုတ္ၿပီး ဓားနဲ႔ထိုးသတ္ခဲ့တဲ့နင္တို႔ေတြ
ငါ့သားေလးကိုရက္ရက္စက္စက္သတ္ခဲ့သလိုမ်ိဳး ျပန္အသတ္မခံရပါေစနဲ႔… ငါတို႔မိသားစုရဲ႕ ေပ်ာ္႐ႊင္စရာမိသားစုကမာၻေလး အသိုက္အၿမဳံေလးၿပိဳက်ပ်က္စီးခဲ့ရသလိုမ်ိဳး
နင္တို႔မိသားစုဘဝေတြၿပိဳက်ပ်က္စီးျခင္းမ်ိဳး မႀကဳံရပါေစနဲ႔ သူ႔မိခင္ေရွ႕မွာ သူ႔သားေလးကိုရက္ရက္စက္စက္ သတ္ခဲ့သလိုမ်ိဳး နင္တို႔ေမြးထားတဲ့ ေမြးလာမဲ့ နင္တို႔ သားသမီးကို နင္တို႔ေရွ႕မွာတင္ ရက္ရက္စက္စက္ အသတ္ခံရတာမ်ိဳး မႀကဳံရပါေစနဲ႔
သူတပါး ႀကိဳးစားရွာေဖြစုေဆာင္းထားတဲ့ ဥစၥာပစၥည္းကို ခိုးဆိုး လုယက္ ဓားျပတိုက္မွ သုံးရ စားရတဲ့နင္တို႔ ဘဝေတြ နင္တို႔သားသမီးအေရွ႕မွာ နင္တို႔သမိုင္းေၾကာင္း
တစ္ေလွ်ာက္မွာ လိပ္ျပာလုံစြာေနႏိုင္ပါေစ သူတပါးမိသားစုေတြ ေသာကပရိေဒဝမီးေတြေလာင္ၿမိဳက္ၿပီး မ်က္ရည္ေပါက္ႀကီးငယ္က်ရသလို နင္တို႔ နင္တို႔မိသားစုေတြ မေလာင္ၿမိဳက္ပါေစနဲ႔ မ်က္ရည္ေပါက္ႀကီးငယ္မက်ရပါေစနဲ႔
ငါတို႔မိသားစုရဲ႕ အၫြန္႔အဖူး သားေကာင္း သားျမတ္ အၫြန္႔တစ္လူလူတက္ေနတဲ့ ငါတို႔မိသားစုရဲ႕အဖိုး အနဂၢထိုက္တန္တဲ့ သားရတနာ သားလိမၼာ ငါ့ကေလးကို
ရက္ရက္စက္စက္သတ္ခဲ့ရလို႔ေပ်ာ္႐ႊင္ ဝမ္းေျမာက္ၾကပါေစ… ငါေသမတတ္ နာက်င္ခံစားရသလိုမ်ိဳး ငါ႐ူးမတတ္ ေသြးပ်က္ခဲ့ရသလိုမ်ိဳး နင္တို႔မိသားစုေတြ တန္ျပန္
မခံစားရပါေစနဲ႔..တူေသာအက်ိဳးမေပးပါေစနဲ႔.. သၾကားသာသနာေခါတ္မို႔ ကံဝဋ္ေႂကြးဟာ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မယ္လို႔ ငါမေတြးပါဘူးး
ဒါေပမယ့္ တစ္ဆယူရင္ ဆယ္ဆမကျပန္ေပးဆပ္ရမယ္ ဆိုတာ ဘုရားေဟာအရေရာ ေလာကဝတ္အရေရာ ျပဌာန္းထားၿပီးသားမို႔ ကံ ကံ၏အက်ိဳးကိုနင္တို႔လက္ခံ
ယူႏိုင္ဖို႔ ျပင္ဆင္ထား…ဝဋ္ဆိုတာနင္တို႔ျပဳခဲ့တဲ့အတိုင္း နင္တို႔ေနာက္ကိုထပ္ခ်ပ္မကြာလိုက္လာမွာ အကုသိုလ္ကံ အက်ိဳးေပးေတြက…. နင္တို႔လိုလူေတြကို ငါလုံးဝက်ိန္စာမတိုက္ဘူး
လုံးဝက်ိန္စာတိုက္မွာ မဟုတ္ဘူး ေမတၱာပဲ ေန႔စဥ္ရက္ဆက္ စကၠန္႔မလပ္ပို႔ေပးေနတာ ငါ့သားေလးက ဘာအကုသိုလ္တစ္ခုမွ မလုပ္ခဲ့ မရွိခဲ့လို႔ သိပ္ကို႐ိုးသားျဖဴစင္
အျပစ္ကင္းစင္ခဲ့လို႔ မိဘအေပၚ ေဆြမ်ိဳးအသိုင္းအဝိုင္းအေပၚ လူတကာအေပၚ တိရိစာၦန္ေလးေတြအေပၚ သိပ္ကို ခ်စ္ခင္တြယ္တာ ဂ႐ုဏာႀကီးမားခဲ့သူမို႔ ေကာင္းျမတ္ေသာဘုံဘဝမွာ စံစားေနၿပီဆိုတာ ေမေမ အတိအက်ေျပာႏိုင္တယ္…သားးး
ဘယ္ေဗဒင္ ဘယ္နတ္ေလခြၽန္မွ ေမေမ မေမးဘူး တတ္အပ္သိတယ္ ေမေမေျပာႏိုင္တယ္ မိခင္ကိုအသက္ရင္းနဲ႔ကာကြယ္ခဲ့တဲ့သားလိမၼာမို႔.. ျပဳသူအသစ္
ျဖစ္သူအေဟာင္းမို႔ ကံဝဋ္ေႂကြးအဖို႔ပါလာတယ္ဆိုရင္လည္း ဤကံဝဋ္ေႂကြးကို အၿပီးဆပ္ခဲ့ၿပီမို႔ ေနာင္သံသရာဘဝဆက္တိုင္းမွာ အသက္ရွည္က်န္းမာ ေပ်ာ္႐ႊင္စြာနဲ႔
သာသနာျပဳႏိုင္တဲ့ ထူးျမတ္လွတဲ့ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္ႀကီးျဖစ္ပါေစလို႔ အသက္ရွင္ေနသမွ်ကာလတစ္ေလွ်ာက္လုံးဆုေတာင္း ေမတၱာပို႔ေပးေနတယ္ဆိုတာရယ္ တတ္အားသ၍
သားေလးအတြက္ တစ္ရက္မွမပ်က္ကြက္ပဲလႉတန္း ျခင္းေတြျပဳေပးေနတယ္ဆိုတာ သား သိမယ္ ျမင္မယ္ ၾကားမယ္ ရရွိစံစားႏိုင္မယ္ဆိုတာ ေမေမအႂကြင္းမဲ့ ယုံတယ္ သားး ေမေမအႂကြင္းမဲ့ယုံတယ္
credit



