One Championshipမှဆုရရှိတဲ့ ထိုးကြေး 20%ကို လီအန်ဒရို ဆီ ခွဲပေးလိုက်ရတဲ့ အောင်လအန်ဆန်း
အောင်လအန်ဆန်း နဲ့ လီအန်ဒရို တို့ရဲ့ ပွဲဟာ Middleweight တန်း ခေါင်းစဉ်အောက်နေ ထိုးသတ်တာ မဟုတ်ပဲ Catchweight တန်း အဖြစ် ထိုးသတ်ခဲ့တာ ပရိသတ် တချို့ သတိထားမိမယ် ထင်ပါတယ်။
အကြောင်းအရင်းကတော့ ပွဲထိုးခါနီး ဝိတ်ချိန်ခဲ့ရာမှာ အောင်လအန်ဆန်း ရဲ့ ဘော်ဒီဝိတ်က သတ်မှတ်ထားတဲ့ ဝိတ်တန်း ထက် ကျော်နေတဲ့ အတွက်ကြောင့်ပါ။
One Championship ဟာ Middleweight တန်း အတွက် 93 kg ကန့်သတ်ထားပေမယ့် ၊ အောင်လ ရဲ့ ဝိတ်က 95.8 kg အထိ ရှိခဲ့ပါတယ်။ ဒါကြောင့် Catchweight တန်းအဖြစ် ခေါင်းစဉ် ပြောင်းလိုက်ရတာ ဖြစ်ပါတယ်။
ရလာဒ် အနေနဲ့တော့ အောင်လအန်ဆန်းဟာ သူရမယ့် ထိုးကြေးထဲက 20% ကို လီအန်ဒရို ဆီ ခွဲပေးလိုက်ရတယ်လို့ သိရပါတယ်။

Credit Myat
Zawgyi