ၾကားသိရသမွ်

NUG အစိုးရက “အောင်လံလွှင့်ချီ နွေဦးထီ” ဟူသည့် ထီ လုပ်ငန်းကို အကောင်အထည်ဖော်တော့မည်

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်း ပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန်နေသည့် CDM ဝန်ထမ်းများ ထိရောက်စွာကူညီထောက်ပံ့ရန်အတွက် NUG အစိုးရက “အောင်လံလွှင့်ချီ နွေဦးထီ” ဟူသည့် ထီ လုပ်ငန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ “အောင်ဘာလေထီ” လုံး၀ ချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် ပြည့်သူ့အောင်ပွဲ ထပ်လောင်းရယူနိုင်ရန် အကောင်အထည် ဖော်မည်ဟု NUG က ဆိုသည်။

ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရနိုင်သူသည့် အချက်ကို သက်သေပြရန်အတွက်ဟုလည်း NUG ကဆိုသည်။ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေနှင့် ညီစေရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ပေးပို့သည့် “လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေ”ကို အတည်ပြုခဲ့သည်။

လောင်းကစားဥပဒေတွင် ပါရှိသော “ပြည်ထောင်စု အစိုးရအဖွဲ့” ဟူသည့် စကားရပ်ကို “အမျိုးသားညီညွတ်ရေးအစိုးရ” ဟူသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည်။

လောင်းကစားဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဈ) (ည) ပါ စကားရပ်များဖြစ်သည့် ဝန်ကြီးဌာနဆိုသည်မှာ အမျီုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနကိုဆိုလိုပြီး၊ ထီ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ဖွင့်လှစ်သော “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဆိုလိုသည်ဟု ပြင်ဆင်ခဲ့သည်။

ထို့အပြင် လောင်းကစား ဥပဒေ ပုဒ်မ ၂၂ တွင်လည်း ထီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်ဟု ပြင်ဆင်ခဲ့သည်။

မြန်မာနိုင်ငံတွင်စစ်တပ်မှာ အာဏာသိမ်းပြီးနောက် ဖွင့်သည့် “အောင်ဘာလေထီ” ကို ထိုးသူ နည်းပါးသည့်အတွက်ယာယီ ရပ်နားခဲ့ရသည့်အပြင် ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ယယင် ကျပ်သိန်းတစ်သောင်းခွဲ အမြင့်ဆုံးဆု ပေးနေရာမှာ ကျပ်သိန်းငါးထောင်ဆုကိုသာ ပေးနိုင်သည်မှာ သုံးလ ဆက်တိုက်ရှိပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးပေ။
ပုံစာ- ယခု သြဂုတ်လ ၁ ရက်တွင် စစ်ကောင်စီမှ ဖွင့်လှစ်ခဲ့သည့် အောင်ဘာလေထီ (ဓာတ်ပုံ- Credit )

Burma Associated Press

——————————–

ျမန္မာ့ေျမေပၚမွ စစ္အာဏာရွင္စနစ္ အလုံးစုံပ်က္သုဥ္း ေပ်ာက္ကြယ္သြားေစေရး၊ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ပီျပင္စြာျဖစ္ထြန္းေပၚေပါက္လာေစေရးအတြက္ မဆုတ္မနစ္၊ အလံမလွဲစတမ္း ႀကံ့ႀကံ့ခံ ေတာ္လွန္ေနသည့္ CDM ဝန္ထမ္းမ်ား ထိေရာက္စြာကူညီေထာက္ပံ့ရန္အတြက္ NUG အစိုးရက “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ဟူသည့္ ထီ လုပ္ငန္းကို အေကာင္အထည္ေဖာ္ေတာ့မည္ျဖစ္ေၾကာင္း ယေန႔သတင္းထုတ္ျပန္သည္။

ျပည္သူလူထု၏ တခဲနက္ဆန႔္က်င္ညီၫြတ္စြာသပိတ္ေမွာက္ျခင္းေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ “ေအာင္ဘာေလထီ” လုံး၀ ခ်ဳပ္ၿငိမ္းသြားခ်ိန္တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ျဖင့္ ျပည့္သူ႔ေအာင္ပြဲ ထပ္ေလာင္းရယူႏိုင္ရန္ အေကာင္အထည္ ေဖာ္မည္ဟု NUG က ဆိုသည္။

ျပည္သူလူထု၏ ညီၫြတ္မႈကို လက္နက္အားကိုးျဖင့္ အႏိုင္က်င့္ခ်ိဳးႏွိမ္၍ မရႏိုင္သူသည့္ အခ်က္ကို သက္ေသျပရန္အတြက္ဟုလည္း NUG ကဆိုသည္။ထိုသို႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ တည္ဆဲဥပေဒႏွင့္ ညီေစရန္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီထံ NUG ၏ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ ဝန္ႀကီးဌာနက ေပးပို႔သည့္ “ေလာင္းကစားဥပေဒကို ပထမအႀကိမ္ ျပင္ဆင္သည့္ ဥပေဒ”ကို အတည္ျပဳခဲ့သည္။

ေလာင္းကစားဥပေဒတြင္ ပါရွိေသာ “ျပည္ေထာင္စု အစိုးရအဖြဲ႕” ဟူသည့္ စကားရပ္ကို “အမ်ိဳးသားညီၫြတ္ေရးအစိုးရ” ဟူသည့္ စကားရပ္ျဖင့္ အစားထိုးရမည္ဟု ေဖာ္ျပထားသည္။

ေလာင္းကစားဥပေဒ ပုဒ္မ ၂၊ ပုဒ္မခြဲ (ဈ) (ည) ပါ စကားရပ္မ်ားျဖစ္သည့္ ဝန္ႀကီးဌာနဆိုသည္မွာ အမ်ီဳးသားညီၫြတ္ေရးအစိုးရ၏ ျပည္ထဲေရးႏွင့္ လူဝန္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနကိုဆိုလိုၿပီး၊ ထီ ဆိုသည္မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ ဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဖြင့္လွစ္ေသာ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ကို ဆိုလိုသည္ဟု ျပင္ဆင္ခဲ့သည္။

ထို႔အျပင္ ေလာင္းကစား ဥပေဒ ပုဒ္မ ၂၂ တြင္လည္း ထီကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ ဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ား ဦးစီးဌာနကသာ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ရွိသည္ဟု ျပင္ဆင္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္စစ္တပ္မွာ အာဏာသိမ္းၿပီးေနာက္ ဖြင့္သည့္ “ေအာင္ဘာေလထီ” ကို ထိုးသူ နည္းပါးသည့္အတြက္ယာယီ ရပ္နားခဲ့ရသည့္အျပင္ ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္လည္း ယယင္ က်ပ္သိန္းတစ္ေသာင္းခြဲ အျမင့္ဆုံးဆု ေပးေနရာမွာ က်ပ္သိန္းငါးေထာင္ဆုကိုသာ ေပးႏိုင္သည္မွာ သုံးလ ဆက္တိုက္ရွိၿပီျဖစ္သည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ႏွင့္ ပတ္သတ္သည့္ အေသးစိတ္ အခ်က္အလက္မ်ားကိုမူ မသိရွိရေသးေပ။
ပုံစာ- ယခု ၾသဂုတ္လ ၁ ရက္တြင္ စစ္ေကာင္စီမွ ဖြင့္လွစ္ခဲ့သည့္ ေအာင္ဘာေလထီ (ဓာတ္ပုံ- Credit )

Burma Associated Press