ၾကားသိရသမွ်

သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ ကိုယ့်ရဲ့ဆံပင်ကိုပဲရောင်းစရာရှိတော့

သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ ကိုယ့်ရဲ့ဆံပင်ကိုပဲရောင်းစရာရှိတော့

” သူများတွေလို အိမ်ပေါင်ယာပေါင် စားရမယ်ဆိုတာလည်း၊ အိမ်ပိုင် ယာပိုင်မရှိတော့ အင်မတန် ခက်ခဲခဲ့ရပါတယ်။ ဒါကြောင့်မို့လည်း ဒီကိုယ့်ရဲ့ဆံပင်ကိုပေါ့နော်ရောင်းစရာတစ်ခုပဲ ရှိတော့တဲ့အတွက်ကြောင့် ဒီဆံပင်ကို လာရောင်းတာပါ ”

အိမ်ထောင်ရှင်မတဦးရဲ့ စကားသံ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေက နေ့စဉ်ဆိုသလိုအရှိန်အဟုန်မြင့်တက်လာနေပါတယ်။

ဒါကြောင့် သက်ဆိုင်ရာဒေသတွေအလိုက် အသွားအလာကန့်သတ်မှုတွေ၊ စက်သုံးဆီစျေး၊ ရွှေစျေးနဲ့ ဒေါ်လာစျေးမတည်ငြိမ် မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာပြီး အခြေခံလူတန်းစားရဲ့ စားဝတ်နေရေးအကျပ်အတည်းတွေဟာ အငတ်ဘေးက စိန်ခေါ်နေတဲ့အခြေအနေတွေအထိ ကြုံတွေ့နေရတယ်လို့ တနေ့လုပ်တနေ့စား အိမ်ထောင်ရှင်မတဦးကပြောပါတယ်။

အခုလိုအခြေအနေမှာ မိသားစုစားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းစရာနည်းလမ်းမရှိတော့တဲ့အတွက် မိန်းမတို့ရဲ့ဘုန်း ဆံထုံးကို ဖြတ်ရောင်းအရင်းပြုပြီး ဝမ်းရေးကို အလှဆင်နေကြရတယ်လို့လည်း ဆိုကြပါတယ်။

ဒီအခြေအနေတွေကြောင့် ဆံပင် ဝယ်/ရောင်းလုပ်တဲ့သူတွေအနေနဲ့ ပုံမှန်နှစ်တွေထက် အရောင်းအဝယ်ပိုမိုကောင်းမွန်လာတယ်လို့ ဆံပင် ရောင်းဝယ်သူတဦးက ပြောပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ ဆက်လက်ကြည့်နိုင်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

သူမ်ားေတြလို အိမ္ေပါင္ယာေပါင္ စားရမယ္ဆိုတာလည္း၊ အိမ္ပိုင္ ယာပိုင္မရွိေတာ့ ကိုယ့္ရဲ့ဆံပင္ကိုပဲေရာင္းစရာရွိေတာ့

” သူမ်ားေတြလို အိမ္ေပါင္ယာေပါင္ စားရမယ္ဆိုတာလည္း၊ အိမ္ပိုင္ ယာပိုင္မရွိေတာ့ အင္မတန္ ခက္ခဲခဲ့ရပါတယ္။ ဒါေၾကာင့္မို႔လည္း ဒီကိုယ့္ရဲ့ဆံပင္ကိုေပါ့ေနာ္ေရာင္းစရာတစ္ခုပဲ ရွိေတာ့တဲ့အတြက္ေၾကာင့္ ဒီဆံပင္ကို လာေရာင္းတာပါ ”

အိမ္ေထာင္ရွင္မတဦးရဲ့ စကားသံ။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအၾကား အျပန္အလွန္ပစ္ခတ္မႈေတြက ေန႔စဥ္ဆိုသလိုအရွိန္အဟုန္ျမင့္တက္လာေနပါတယ္။

ဒါေၾကာင့္ သက္ဆိုင္ရာေဒသေတြအလိုက္ အသြားအလာကန႔္သတ္မႈေတြ၊ စက္သုံးဆီေစ်း၊ ေရႊေစ်းနဲ႔ ေဒၚလာေစ်းမတည္ၿငိမ္ မႈေတြေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္းေတြ ရွားပါးလာၿပီး အေျခခံလူတန္းစားရဲ့ စားဝတ္ေနေရးအက်ပ္အတည္းေတြဟာ အငတ္ေဘးက စိန္ေခၚေနတဲ့အေျခအေနေတြအထိ ၾကဳံေတြ႕ေနရတယ္လို႔ တေန႔လုပ္တေန႔စား အိမ္ေထာင္ရွင္မတဦးကေျပာပါတယ္။

အခုလိုအေျခအေနမွာ မိသားစုစားဝတ္ေနေရးအခက္အခဲေတြကို ေျဖရွင္းစရာနည္းလမ္းမရွိေတာ့တဲ့အတြက္ မိန္းမတို႔ရဲ့ဘုန္း ဆံထုံးကို ျဖတ္ေရာင္းအရင္းျပဳၿပီး ဝမ္းေရးကို အလွဆင္ေနၾကရတယ္လို႔လည္း ဆိုၾကပါတယ္။

ဒီအေျခအေနေတြေၾကာင့္ ဆံပင္ ဝယ္/ေရာင္းလုပ္တဲ့သူေတြအေနနဲ႔ ပုံမွန္ႏွစ္ေတြထက္ အေရာင္းအဝယ္ပိုမိုေကာင္းမြန္လာတယ္လို႔ ဆံပင္ ေရာင္းဝယ္သူတဦးက ေျပာပါတယ္။ အျပည့္အစုံကို ႐ုပ္သံမွာ ဆက္လက္ၾကည့္နိုင္ပါတယ္။

ဘီဘီစီျမန္မာပိုင္း