ၾကားသိရသမွ်

တစ္ဦးတည္းအလႉရွင္မွ ကုန္က်မႈတန္ဖိုးက်ပ္သိန္း(၄၀၀၀၀)ခန႔္ျဖင့္ တည္ထားကိုးကြယ္ခဲ့သည့္ ျမန္မာႏိုင္ငံ၏တတိယအႀကီးဆုံး႐ုပ္ပြားေတာ္ႀကီး

တစ္ဦးတည္းအလႉရွင္မွ ကုန္က်မႈတန္ဖိုးက်ပ္သိန္း(၄၀၀၀၀)ခန႔္ျဖင့္ တည္ထားကိုးကြယ္ခဲ့သည့္ ျမန္မာႏိုင္ငံ၏တတိယအႀကီးဆုံး႐ုပ္ပြားေတာ္ႀကီး

မဇၨ်ိမလာဘေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ၂၀၁၅ ခုႏွစ္မွစ၍ မဇၨိမမေနာသုခေဖာင္ေဒးရွင္းသီရိသုဓမၼသိဂႌဘြဲ႕ရ

ေဒၚျမရွင္ မွ တစ္ဦးတည္းအလႉရွင္အျဖစ္ တည္ခဲ့ရာ ယခုတြင္ ၉၀% ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဉာဏ္ေတာ္မွာ(၁၀၈)ေပရွိၿပီးပလႅင္ေတာ္မွာ(၁၅)ေပအျမင့္ရွိပါတယ္။

႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕၊ပလနေက်း႐ြာအုပ္စု ပလန-(၂) ကံ့ေကာ္ၿမိဳင္ေက်း႐ြာ

မဇၨ်ိမမေနာသုခ‌ေဖာင္ေဒးရွင္းေက်ာင္း၀င္းအတြင္းတည္ရွိပါတယ္။

ကုန္က်မႈတန္ဖိုးက်ပ္သိန္း(၄၀၀၀၀)ခန႔္ျဖင့္တည္ထားကိုးကြယ္ခဲ့သည့္ တစ္ဦးတည္းအလႉရွင္ဒကာမႀကီး၏

ကုသိုလ္အတြက္လည္းအံ့ဩ၀မ္းသာမဆုံး ပီတိျဖစ္ရလို႔လည္းသာဓုအႀကိမ္ႀကိမ္ေခၚမိပါတယ္။

ကခ်င္ျပည္နယ္သူျဖစ္ေပမယ့္မိမိသည္ပင္လွ်င္ မဖူးေမွ်ာ္ရေသးပါ။

ဒါ့ေၾကာင့္…,ဘုရားဖူးဧည့္သည္မ်ားျဖင့္ ၾကက္ပ်ံမက် စည္ကားေနၿပီျဖစ္ေသာမဇၨ်ိမလာဘေဗာဓိထိုင္ေတာ္

မူ႐ုပ္ပြားေတာ္ႀကီးကိုဓမၼမိတ္ေဆြမ်ားမွလည္းကပ္ေရာဂါကာလႀကီး လြန္ေျမာက္သြားခဲ့လွ်င္ကခ်င္ျပည္နယ္သို႔ လာေရာက္၍ဖူးေမွ်ာ္ၾကည္ညိဳၾကပါဦးလို႔ဖိတ္ေခၚလိုက္ပါရေစ။

မသုနႏၵာေထရီ(ဗန္းေမာ္)

Unicode

တစ်ဦးတည်းအလှူရှင်မှ ကုန်ကျမှုတန်ဖိုးကျပ်သိန်း(၄၀၀၀၀)ခန့်ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် မြန်မာနိုင်ငံ၏တတိယအကြီးဆုံးရုပ်ပွားတော်ကြီး

မဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို ၂၀၁၅ ခုနှစ်မှစ၍ မဇ္ဇိမမနောသုခဖောင်ဒေးရှင်းသီရိသုဓမ္မသိင်္ဂီဘွဲ့ရ

ဒေါ်မြရှင် မှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ခဲ့ရာ ယခုတွင် ၉၀% ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်မှာ(၁၀၈)ပေရှိပြီးပလ္လင်တော်မှာ(၁၅)ပေအမြင့်ရှိပါတယ်။

ရုပ်ပွားတော်မြတ်ကြီးသည်ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ပလနကျေးရွာအုပ်စု ပလန-(၂) ကံ့ကော်မြိုင်ကျေးရွာ

မဇ္ဇျိမမနောသုခ‌ဖောင်ဒေးရှင်းကျောင်းဝင်းအတွင်းတည်ရှိပါတယ်။

ကုန်ကျမှုတန်ဖိုးကျပ်သိန်း(၄၀၀၀၀)ခန့်ဖြင့်တည်ထားကိုးကွယ်ခဲ့သည့် တစ်ဦးတည်းအလှူရှင်ဒကာမကြီး၏

ကုသိုလ်အတွက်လည်းအံ့ဩဝမ်းသာမဆုံး ပီတိဖြစ်ရလို့လည်းသာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

ကချင်ပြည်နယ်သူဖြစ်ပေမယ့်မိမိသည်ပင်လျှင် မဖူးမျှော်ရသေးပါ။

ဒါ့ကြောင့်…,ဘုရားဖူးဧည့်သည်များဖြင့် ကြက်ပျံမကျ စည်ကားနေပြီဖြစ်သောမဇ္ဇျိမလာဘဗောဓိထိုင်တော်

မူရုပ်ပွားတော်ကြီးကိုဓမ္မမိတ်ဆွေများမှလည်းကပ်ရောဂါကာလကြီး လွန်မြောက်သွားခဲ့လျှင်ကချင်ပြည်နယ်သို့ လာရောက်၍ဖူးမျှော်ကြည်ညိုကြပါဦးလို့ဖိတ်ခေါ်လိုက်ပါရစေ။

မသုနန္ဒာထေရီ(ဗန်းမော်)