က်မၼာေရး ဗဟုသုတ

ပါရဂူႀကီးကိုယ္တိုင္ေျပာျပတဲ့ ကိုဗစ္ ကာကြယ္ႏိုင္တဲ့ တိုင္းရင္းေဆးနည္း

ငွေကြေးမတတ်နိုင်တဲ့သာမန်လူတန်းစားတွေအတွက်ကတော့ရောဂါတစ်ခုကို အန္တာရယ်ကင်းစွာဖြတ်ကျော်နိုင်ဖို့အချက်ကိုကျွန်တော်ပိုမိုအလေးပေးတန်ဖိုးထားပါတယ်။သိပ္ပံဆရာဝန်တစ်ယောက်ကမြန်မာဆေးနည်းပေးလို့တမျိုးမထင်စေချင်။ Alternative Medicine သည်လည်းဆေးဖက်ဝင်လို့ပါ။

ကုန်ကျစာရိတ် သက်သက်သာသာနဲ့ ကိုယ်ခံအားကောင်းဖို့နဲ့ ပိုးဝင်စမှာသတ်နိုင်ဖို့တိုင်းရင်းဆေး ဆေးဘက်ဝင်အသီးအရွက်အမြစ်တွေ တွေက အရေးပါလာပါတယ်။ မရေရာမတိကျတဲ့မျှော်လင့်ချက်တွေနဲ့ ပေါ်သမျှသတင်းတွေနောက်လိုက်ပြီးစိတ်ထင်သလိုစားသုံးနေကြပြန်တော့လည်းဘေးထွက်ဆိုးကျိုးတွေကရှိလာနိုင်ပါတယ်။သို့သော်အခုဆေးနည်းလေးကတော့အိမ်တွင်းမီးဖိုချောင်သုံးပစ္စည်းများဖြစ်ကာအဆိပ်အတောက်ဘေးဉပဒ်မဖြစ်သောကြောင့်လည်းမျှဝေချင်ပါတယ်။

ကိုဗစ်ဖြစ်နေသူများနှင့်ကာကွယ်လိုသူများသောက်သုံးနိုင်ဖို့အဘဆရာရသေ့တစ်ဦးပေးထားတဲ့ဆေးညွှန်းလေးပါပဲ။အညွှန်းလေးကတစ်ယောက်စာပါ။ အိမ်မှာလူငါးဦးသောက်ရင်ဒီအညွှန်းကို၅ ဦးစာပေါင်းထည့်ပြီးရောကျိုရုံပါ။ရေတဖန်ခွက်၏အလယ်လောက်အနေရအောင်ကျိုချက်၍သောက်သုံးလျှင်ရပါသည်။

(ကြက်သွန်နီတစ်လုံး၊ ဂျင်းပါးပါးလေးတစ်ခြမ်း၊ ကွမ်းရွက်ပုံမှန်အရွက်ရဲ့တစ်ရွက်၊ ထန်းလျက်တစ်လုံးတို့ကိုရောကျိတ်ပြီးမီးအပူနဲ့၃ မိနစ်ခန့်ပြုတ်ပါ။ရေဆူခါနီးငရုတ်ကောင်းအနည်းငယ်ခပ်ပြီးသောက်ပါ။)

ကိုဗစ်ကြိုတင်ကာကွယ်ဖို့ညအိပ်ရာမဝင်ခင်/ညစာစားပြီးချိန်တွင်တစ်ခွက်သောက်ရင်ရပြီးကိုဗစ်ဖြစ်နေသူများတနေ့ကို(၃)ကြိမ်တစ်ပတ်တိတိသောက်ရမည်ဟုညွှန်ပြပါတယ်။

အရေးကြီးတာနောက်တစ်ခုအနေနဲ့ဒီကာလမှာစိတ်ဖိစီးမှုမများအောင်နေဖို့လည်းအရေးကြီးပါတယ်။စိတ်ဖိဆီးမူ့ရှိရင်များရင် ခန္ဓာကိုယ်က ဟိုမုန်းတွေထွက်ပါတယ်။ ဒီဟိုမုန်းတွေကြောင့်ကိုယ်ခံစွမ်းအားကျဆင်းပြီးကိုဗစ်နဲ့ ရင်ဆိုင်တဲ့အခါအခက်အခဲတွေရှိလာနိုင်ပါတယ်။

အောက်ဆီဂျင်လည်းကျတတ်ပြန်ပါတယ်။ထို့ကြောင့်မိမိစိတ်ကိုဖိစီးမှုလျော့ရင်းအန္တာရယ်မဖြစ်စေတဲ့တိုင်းရင်းမြန်မာ့နည်းကော၊ကိုဗစ်ဖြစ်ခဲ့လို့ရှိသော်စနစ်တကျ ကိုဗစ်ဟုတ်မဟုတ်စစ်ဆေးမယ်၊ကျွမ်းကျင်တဲ့ဆရာဝန်များနှင့်ကုသမှုခံယူမယ်၊လိုအပ်တဲ့ဆေးတွေသောက်မယ်၊အားရှိအောင်စားမယ်၊အိပ်မယ်ဆိုရင်ဖြင့်ကိုဗစ်ကိုစနစ်တကျကာကွယ်နိုင်သလိုကုပျောက်ကင်းနိုင်ပါတယ်။

ကိုဗစ်ကာလတတ်နိုင်သမျှကြိုတင်တားဆီးကာကွယ်နိုင်ဖို့ကြိုးစားကြရတဲ့နေရာမှာအခြေခံအကျဆုံးက -ကာကွယ်ဆေးမထိုးရသေးသူများဆေးထိုးကြပါ။လက်ဆေးပါ၊ Mask တပ်ပါ၊

လူစုလူဝေးတတ်နိုင်သမျှရှောင်၍(၆)ပေအကွာမှပြောဆိုပြုမူပါတို့ပဲဖြစ်ပါတယ်။

မှတ်ချက်။ ကျွန်တော်ခုပြထားတာကတော့နှစ်ယောက်စာအတွက်ကြက်သွန်၂လုံး၊ကွမ်းရွက်၂ရွက်၊ထန်းလျက် ၂လုံး၊ဂျင်းအတက်အရွယ်တော် ၂ စိတ်ထည့်မွှေပြီးကျိူထားပါတယ်။)

အရသာကတော့ထန်းလျက်ပါတော့ကြက်သွန်နီအရသာကိုဖုံးသွားပြီးအဝင်ကောင်းပါတယ်။

ဒေါက်တာသန့်ဇော်လွင်
(၂-၈-၂၀၂၁)

Zawgyi

ေငြေၾကးမတတ္ႏိုင္တဲ့သာမန္လူတန္းစားေတြအတြက္ကေတာ့ေရာဂါတစ္ခုကို အႏၲာရယ္ကင္းစြာျဖတ္ေက်ာ္ႏိုင္ဖို႔အခ်က္ကိုကြၽန္ေတာ္ပိုမိုအေလးေပးတန္ဖိုးထားပါတယ္။သိပၸံဆရာဝန္တစ္ေယာက္ကျမန္မာေဆးနည္းေပးလို႔တမ်ိဳးမထင္ေစခ်င္။ Alternative Medicine သည္လည္းေဆးဖက္ဝင္လို႔ပါ။

ကုန္က်စာရိတ္ သက္သက္သာသာနဲ႔ ကိုယ္ခံအားေကာင္းဖို႔နဲ႔ ပိုးဝင္စမွာသတ္ႏိုင္ဖို႔တိုင္းရင္းေဆး ေဆးဘက္ဝင္အသီးအ႐ြက္အျမစ္ေတြ ေတြက အေရးပါလာပါတယ္။ မေရရာမတိက်တဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေပၚသမွ်သတင္းေတြေနာက္လိုက္ၿပီးစိတ္ထင္သလိုစားသုံးေနၾကျပန္ေတာ့လည္းေဘးထြက္ဆိုးက်ိဳးေတြကရွိလာႏိုင္ပါတယ္။သို႔ေသာ္အခုေဆးနည္းေလးကေတာ့အိမ္တြင္းမီးဖိုေခ်ာင္သုံးပစၥည္းမ်ားျဖစ္ကာအဆိပ္အေတာက္ေဘးဉပဒ္မျဖစ္ေသာေၾကာင့္လည္းမွ်ေဝခ်င္ပါတယ္။

ကိုဗစ္ျဖစ္ေနသူမ်ားႏွင့္ကာကြယ္လိုသူမ်ားေသာက္သုံးႏိုင္ဖို႔အဘဆရာရေသ့တစ္ဦးေပးထားတဲ့ေဆးၫႊန္းေလးပါပဲ။အၫႊန္းေလးကတစ္ေယာက္စာပါ။ အိမ္မွာလူငါးဦးေသာက္ရင္ဒီအၫႊန္းကို၅ ဦးစာေပါင္းထည့္ၿပီးေရာက်ိဳ႐ုံပါ။ေရတဖန္ခြက္၏အလယ္ေလာက္အေနရေအာင္က်ိဳခ်က္၍ေသာက္သုံးလွ်င္ရပါသည္။

(ၾကက္သြန္နီတစ္လုံး၊ ဂ်င္းပါးပါးေလးတစ္ျခမ္း၊ ကြမ္း႐ြက္ပုံမွန္အ႐ြက္ရဲ႕တစ္႐ြက္၊ ထန္းလ်က္တစ္လုံးတို႔ကိုေရာက်ိတ္ၿပီးမီးအပူနဲ႔၃ မိနစ္ခန္႔ျပဳတ္ပါ။ေရဆူခါနီးင႐ုတ္ေကာင္းအနည္းငယ္ငပ္ၿပီးေသာက္ပါ။)

ကိုဗစ္ႀကိဳတင္ကာကြယ္ဖို႔ညအိပ္ရာမဝင္ခင္/ညစာစားၿပီးခ်ိန္တြင္တစ္ခြက္ေသာက္ရင္ရၿပီးကိုဗစ္ျဖစ္ေနသူမ်ားတေန႔ကို(၃)ႀကိမ္တစ္ပတ္တိတိေသာက္ရမည္ဟုၫႊန္ျပပါတယ္။

အေရးႀကီးတာေနာက္တစ္ခုအေနနဲ႔ဒီကာလမွာစိတ္ဖိစီးမႈမမ်ားေအာင္ေနဖို႔လည္းအေရးႀကီးပါတယ္။စိတ္ဖိဆီးမူ႔ရွိရင္မ်ားရင္ ခႏၶာကိုယ္က ဟိုမုန္းေတြထြက္ပါတယ္။ ဒီဟိုမုန္းေတြေၾကာင့္ကိုယ္ခံစြမ္းအားက်ဆင္းၿပီးကိုဗစ္နဲ႔ ရင္ဆိုင္တဲ့အခါအခက္အခဲေတြရွိလာႏိုင္ပါတယ္။

ေအာက္ဆီဂ်င္လည္းက်တတ္ျပန္ပါတယ္။ထို႔ေၾကာင့္မိမိစိတ္ကိုဖိစီးမႈေလ်ာ့ရင္းအႏၲာရယ္မျဖစ္ေစတဲ့တိုင္းရင္းျမန္မာ့နည္းေကာ၊ကိုဗစ္ျဖစ္ခဲ့လို႔ရွိေသာ္စနစ္တက် ကိုဗစ္ဟုတ္မဟုတ္စစ္ေဆးမယ္၊ကြၽမ္းက်င္တဲ့ဆရာဝန္မ်ားႏွင့္ကုသမႈခံယူမယ္၊လိုအပ္တဲ့ေဆးေတြေသာက္မယ္၊အားရွိေအာင္စားမယ္၊အိပ္မယ္ဆိုရင္ျဖင့္ကိုဗစ္ကိုစနစ္တက်ကာကြယ္ႏိုင္သလိုကုေပ်ာက္ကင္းႏိုင္ပါတယ္။

ကိုဗစ္ကာလတတ္ႏိုင္သမွ်ႀကိဳတင္တားဆီးကာကြယ္ႏိုင္ဖို႔ႀကိဳးစားၾကရတဲ့ေနရာမွာအေျခခံအက်ဆုံးက -ကာကြယ္ေဆးမထိုးရေသးသူမ်ားေဆးထိုးၾကပါ။လက္ေဆးပါ၊ Mask တပ္ပါ၊

လူစုလူေဝးတတ္ႏိုင္သမွ်ေရွာင္၍(၆)ေပအကြာမွေျပာဆိုျပဳမူပါတို႔ပဲျဖစ္ပါတယ္။

မွတ္ခ်က္။ ကြၽန္ေတာ္ခုျပထားတာကေတာ့ႏွစ္ေယာက္စာအတြက္ၾကက္သြန္၂လုံး၊ကြမ္း႐ြက္၂႐ြက္၊ထန္းလ်က္ ၂လုံး၊ဂ်င္းအတက္အ႐ြယ္ေတာ္ ၂ စိတ္ထည့္ေမႊၿပီးက်ိဴထားပါတယ္။)

အရသာကေတာ့ထန္းလ်က္ပါေတာ့ၾကက္သြန္နီအရသာကိုဖုံးသြားၿပီးအဝင္ေကာင္းပါတယ္။

ေဒါက္တာသန္႔ေဇာ္လြင္

(၂-၈-၂၀၂၁)