က်မၼာေရး ဗဟုသုတ

လစဥ္ဓမၼတာမွန္ေစဖို႔ မိန္းကေလးတိုင္း လုပ္ေပးသင့္တဲ့ အေလ့အက်င့္ေကာင္း (၄)မ်ိဳး…

လစဥ္ဓမၼတာမွန္ေစဖို႔ မိန္းကေလးတိုင္း လုပ္ေပးသင့္တဲ့ အေလ့အက်င့္ေကာင္း (၄)မ်ိဳး…

မိန္းကေလးတစ္ေယာက္ က်န္းမာေရးအတြက္အေရးႀကီးတဲ့ အခ်က္ေတြ အမ်ားႀကီးရွိေပမယ့္ အေရးႀကီးဆုံးလို႔ေျပာရမယ့္အရာက ဓမၼတာပုံမွန္လာဖို႔ျဖစ္ပါတယ္။

ဓမၼတာပုံမွန္မလာရင္ ေနာက္ဆက္တြဲအေနနဲ႔ တျခားက်န္းမာေရးျပႆနာေတြအမ်ားႀကီးျဖစ္လာႏိုင္ပါတယ္

ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္အေရးႀကီးတဲ့ လစဥ္ဓမၼတာပုံမွန္လာေအာင္ လုပ္ေပးမယ့္ သဘာဝနည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္

(၁) စိတ္ဖိစီးမႈနည္းေအာင္ေနပါ

စိတ္ဖိစီးျခင္း၊ စိတ္ပင္ပန္းျခင္းက ဓမၼတာစက္ဝန္းကို ေျပာင္းလဲမႈေတြျဖစ္ေစပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို စိတ္ဖိစီးေစမယ့္အေတြးေတြတတ္ႏိုင္သေလာက္ မေတြးပါနဲ႔။

စိတ္ၾကည္လင္ေပါ့ပါးေအာင္ ႀကိဳးစားၿပီးေနပါ။ စိတ္ဖိစီးမႈေတြေျပေပ်ာက္ေစမယ့္အရာေလးေတြ ( သီခ်င္းနားေထာင္တာ၊ ႐ုပ္ရွင္ၾကည့္တာ၊ လမ္းေလွ်ာက္ထြက္တာ၊ သူငယ္ခ်င္းေတြနဲ႔ေတြ႕တာ စသျဖင့္ ..) လုပ္ေပးပါ

(၂) တတ္ႏိုင္သေလာက္ လႈပ္လႈပ္ရွားရွားေနပါ

ခႏၶာကိုယ္က မလန္းဆန္းဘူးဆိုရင္လည္း ဓမၼတာပုံမွန္မလာတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းလုပ္တာမ်ိဳး၊ လမ္းေလွ်ာက္တာမ်ိဳးေလးေတြကို ေန႔တိုင္းလုပ္ေပးသင့္ပါတယ္။ တစ္ေနရာတည္းမွာ အခ်ိန္အၾကာႀကီးထိုင္ေနတာမ်ိဳး၊ လဲွအိပ္ေနတာမ်ိဳးမလုပ္ပါနဲ႔၊ မၾကာခဏလမ္းထေလွ်ာက္ေပးပါ။

သီခ်င္းဖြင့္ၿပီး ကတာမ်ိဳးလုပ္ရင္ ပိုေတာင္ေကာင္းပါေသးတယ္လို႔ ဆရာဝန္ေတြက အႀကံျပဳထားပါတယ္။

(၃) ၾကက္ဆူဆီလိမ္းၿပီးႏွိပ္နယ္ေပးပါ

ၾကက္ဆူဆီကို ေႏြးတယ္ဆို႐ုံအပူေပးၿပီး ဝမ္းဗိုက္နားတဝိုက္မွာလိမ္းၿပီး ႏွိပ္နယ္ေပးတာကို ပုံမွန္လုပ္သြားေပးမယ္ဆိုရင္ ဓမၼတာပုံမွန္လာေစၿပီး ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲမႈေတြကိုလည္း သက္သာေစပါတယ္

(၄) သင့္ေတာ္တဲ့အစားအစာ

ခႏၶာကိုယ္မွာ ရွိသင့္တဲ့ အာဟာရေတြျပည့္ျပည့္ဝဝ မရွိဘူးဆိုရင္လည္း ဓမၼတာမမွန္တတ္ပါဘူး။

ဒါေၾကာင့္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အာဟာရျပည့္ဝေအာင္ စားေပးပါ။ အဓိက သံဓာတ္အားျပည့္ေစတဲ့ အစားအစာေတြျဖစ္တဲ့ အမဲသား၊ ကန္စြန္း႐ြက္၊ ဟင္းႏုႏြယ္၊ ပန္းေဂၚဖီစိမ္း၊ တိုဖူး စတာေတြကို စားေပးပါ။ သေဘၤာသီးမွည့္ မၾကာခဏစားေပးပါ။

Credit : Aunty may

မိန်းကလေးတစ်ယောက် ကျန်းမာရေးအတွက်အရေးကြီးတဲ့ အချက်တွေ အများကြီးရှိပေမယ့် အရေးကြီးဆုံးလို့ပြောရမယ့်အရာက ဓမ္မတာပုံမှန်လာဖို့ဖြစ်ပါတယ်။

ဓမ္မတာပုံမှန်မလာရင် နောက်ဆက်တွဲအနေနဲ့ တခြားကျန်းမာရေးပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်

ဒါကြောင့် ပျိုမေတို့အတွက်အရေးကြီးတဲ့ လစဉ်ဓမ္မတာပုံမှန်လာအောင် လုပ်ပေးမယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုနည်းအောင်နေပါ

စိတ်ဖိစီးခြင်း၊ စိတ်ပင်ပန်းခြင်းက ဓမ္မတာစက်ဝန်းကို ပြောင်းလဲမှုတွေဖြစ်စေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ဖိစီးစေမယ့်အတွေးတွေတတ်နိုင်သလောက် မတွေးပါနဲ့။ စိတ်ကြည်လင်ပေါ့ပါးအောင် ကြိုးစားပြီးနေပါ။

စိတ်ဖိစီးမှုတွေပြေပျောက်စေမယ့်အရာလေးတွေ ( သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းတွေနဲ့တွေ့တာ စသဖြင့် ..) လုပ်ပေးပါ။

(၂) တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပါ

ခန္ဓာကိုယ်က မလန်းဆန်းဘူးဆိုရင်လည်း ဓမ္မတာပုံမှန်မလာတာမျိုးဖြစ်တတ်ပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာမျိုးလေးတွေကို နေ့တိုင်းလုပ်ပေးသင့်ပါတယ်

တစ်နေရာတည်းမှာ အချိန်အကြာကြီးထိုင်နေတာမျိုး၊ လှဲအိပ်နေတာမျိုးမလုပ်ပါနဲ့၊ မကြာခဏလမ်းထလျှောက်ပေးပါ။ သီချင်းဖွင့်ပြီး ကတာမျိုးလုပ်ရင် ပိုတောင်ကောင်းပါသေးတယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်

(၃) ကြက်ဆူဆီလိမ်းပြီးနှိပ်နယ်ပေးပါ

ကြက်ဆူဆီကို နွေးတယ်ဆိုရုံအပူပေးပြီး ဝမ်းဗိုက်နားတဝိုက်မှာလိမ်းပြီး နှိပ်နယ်ပေးတာကို ပုံမှန်လုပ်သွားပေးမယ်ဆိုရင် ဓမ္မတာပုံမှန်လာစေပြီး ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေပါတယ်။

(၄) သင့်တော်တဲ့အစားအစာ

ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝ မရှိဘူးဆိုရင်လည်း ဓမ္မတာမမှန်တတ်ပါဘူး

ဒါကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရပြည့်ဝအောင် စားပေးပါ။ အဓိက သံဓာတ်အားပြည့်စေတဲ့ အစားအစာတွေဖြစ်တဲ့ အမဲသား၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ တိုဖူး စတာတွေကို စားပေးပါ။ သင်္ဘောသီးမှည့် မကြာခဏစားပေးပါ။

Credit : Aunty may