အဖေနဲ့အမေ ဆေးခန်းကပြန်အလာကို စောင့်နေရှာတဲ့ (၂)နှစ်အရွယ်သမီးလေး…
ပင်ပန်းတယ် ကိုယ်တွေလက်တွေဆို ကိုက်ခဲနေတာ
ဒါပေမယ့် အိပ်လို့မပျော်ဘူး ဒီနေ့ dead body သယ်တော့ ဆုံးတဲ့သူက အမျိုးသမီး ဗိုက်ထဲမှာ ကိုယ်ဝန်လေးလရှိတယ်
အပြင်မှာ ၂နှစ်သမီးလေးတယောက်ကျန်ခဲ့တယ် ကလေးက ဆုံးသွားတဲ့သူ့အမေနားကနေလုံးဝမခွာဘူး
ချီပြီးတခြားခေါ်သွားလို့လည်းမရဘူး ငိုလည်းမငိုဘူး သူ့အမေနားကနေဖယ်ခိုင်းလို့မရတာ ကျနော်တို့လည်း ဘယ်လိုလုပ်ရမှန်းမသိ
အဒေါ်ဆိုတဲ့သူက ကလေးကိုရအောင်ချီ ချီထားရင်းနဲ့ကို ကလေးကအတင်းရုန်း အသက်ရှူကျပ်ပြီး ဆုံးတာဆိုတော့ေ ပါ့စတစ်ဖြစ်နိုင်လို့ ကလေးကိုချီထားတုန်း ကျနော်တို့က ပါလာတဲ့ အိတ်ထဲထည့်
အပေါ်ကပလတ်စတ်အိတ်ထပ်စွပ် အိပ်ကို ခေါင်း ခါး ခြေထောက်ကြိုးချည်တာတွေလုပ် ကလေးက သူ့အမေကို တခုခုလုပ်နေတယ်ထင်ပြီးသူ့အဒေါ်လက်ထဲကနေ ရုန်းရင်းသံကုန်ခြစ်အော်
ကလေးအော်လိုက်ရင် ကျနော်တို့က လုပ်နေရင်းလက်ကနှေးနှေးသွားေ ဘးကလူတွေက ငိုသယ်ပြီး ကားပေါ်တင်ဖို့သယ်တော့မှ ငိုတယ်
အမေ အမေရေ နဲ့အော်နေတော့ ကားနားထိ ကလေးကိုသူ့အဒေါ်က ချီလာရ ကလေးငြိမ်အောင် သူ့အဒေါ်ကမေမေနေမကောင်းလို့ ဆေးခန်းသွားပြီးဆေးသွားကုရမှာ ပြီးရင် ပြန်လာမှာ ဆိုတော့ နည်းနည်းတိတ်သွားတယ်
တင်ပြီးလို့ ကားနောက်ဖုံးပိတ်လိုက်တော့ပြန်ငိုရော ရောက်တည်းက အဲ့ဒိအချိန်ထိ ကလေးအဖေကိုမတွေ့ ဘယ်တွေ့မလဲယောကျ်ားလုပ်သူက ေ ရှ့တပတ်ကျော်လောက်ကပဲ ဆုံးသွားတာ အဲ့တုန်းကလည်းဖေဖေ နေမကောင်းလို့ဆေးခန်းသွားပြတာလို့ ချော့ထားရတာတဲ့။
ကလေးတစ်ယောက်ရဲ့ အသိစိတ်နဲ့ဆို သူ့အမေ နဲ့ အဖေ ဆေးခန်းက ပြန်လာမှာကို တကယ်များစောင့်နေမလား
၂ နှစ်ကလေးတယောက်ရဲ့ အမေ အမေ ခေါ်နေတဲ့အသံကိုကျောပေးပြီး လီဗာတံကို နင်းချလိုက်ရတဲ့စိတ်ခံစားမှုမျိုး ကျနော့ ဘဝမယ် ဘယ်တော့မှ မေ့နိုင်တော့မယ်မထင်ဘူး။
Crd
unicode
Crd