ၾကားသိရသမွ်

စမတ္ဖုန္းေလာကထဲမွာ Appleရဲ႕ iphoneကို အဓိကစိန္ေခၚသူျဖစ္လာမယ့္ Elon Musk ရဲ႕ Pi phone ( ပိုင္ဖုန္း)

စမတ်ဖုန်းလောကထဲမှာ Appleရဲ့ iphoneကို အဓိကစိန်ခေါ်သူဖြစ်လာမယ့် Elon Musk ရဲ့ Pi phone ( ပိုင်ဖုန်း)

စမတ်ဖုန်းလောကထဲမှာ iphone ဟာ ဆရာကြီးပါ။ iphone ရဲ့ပြိုင်ဖက်ဆိုလို့ ဆမ်ဆောင်း တစ်ခုလောက်ပဲ ရှိခဲ့တယ်။ iphone မော်ဒလ် အသစ်ထွက်လာတိုင်း လူကြိုက်များတဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ အခြား လျှပ်စစ်ပစ္စည်းတွေထက် iphone အပေါ်မှာ မသိ မသာ မှီခိုနေတာကို တွေ့ရပါတယ်။ လတ်တလော မှာတော့ iphone ကိုစိန်ခေါ်မယ့် စမတ်ဖုန်း တစ်မျိုး ထွက်ရှိလာတော့မယ်လို့ နာမည်ထွက်နေပါတယ်။

အဲဒီစမတ်ဖုန်းကတော့ Pi Phone လို့ခေါ်ပြီး Pi Phone ( ပိုင်ဖုန်း) ကို ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး Elon Musk ပိုင်ဆိုင်တဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီကနေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Tesla ကုမ္ပဏီက သူတို့ထုတ်လုပ် မယ့် စမတ်ဖုန်း မော်ဒယ်ကို Pi လို့ခေါ်ဆိုပြီး လူတွေအားလုံး ကတော့ Pi Phone လို့ ခေါ်ဆိုနေကြပါတယ်။ ဒီဖုန်းဟာ Apple က ထုတ်လုပ်ထားတဲ့ နာမည်ကျော် iphone အပါအဝင် ဈေးကွက်ထဲက တခြား ဖုန်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီဟာ မနှစ်က တစ်နှစ်ထဲမှာ Cupertino အခြေစိုက် Apple ကုမ္ပဏီကနေ ဖုန်းအလုံးရေ သန်း 200 နီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ Apple ကုမ္ပဏီဟာ ဖုန်းအများအပြားကို ရောင်းချနိုင်တဲ့အတွက်ကြောင့် သူ့ရဲ့ ထုတ် ကုန်ပစ္စည်းတွေထဲမှာ iphone ဟာ အခြားပစ္စည်းတွေထက် ပိုမိုရောင်းချနိုင်တဲ့ ပစ္စည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းလောကကိုလည်း ထိမ်းချုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ်။

အခုအချိန်မှာတော့ Apple ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ စွမ်းအားနဲ့ ကျောထောက် နောက်ခံ ပြုထားတဲ့ ပြိုင်ဖက် အသစ်တစ်ဦးကို ကြိုဆိုတော့မှာ ဖြစ်ပါတယ်။ Tesla ကုမ္ပဏီကလည်း သူ့ကုမ္ပဏီက ထုတ်လုပ် လိုက်တဲ့ ထုတ်ကုန်အသစ်တိုင်းဟာ အောင်မြင်မှု မှတ်တမ်းတွေရှိခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီလိုအောင်မြင် နေတာဟာ ကုမ္ပဏီရဲ့ CEO Elon Musk ကြောင့် ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။ Teslaကုမ္ပဏီ ဟာ လျှပ် စစ် ကားတွေကို ထုတ်လုပ်ရောင်းချနေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အားလုံးသိထားတဲ့အတိုင်း Elon Musk ဟာ Tesla လျှပ်စစ်ကားကုမ္ပဏီအပြင် Space X လို့ခေါ်တဲ့ အာကာ သနည်းပညာဆိုင်ရာ ကုမ္ပဏီကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ SpaceX ကုမ္ပဏီကလည်း အမြန်နှုန်းမြင့် ဂြိုလ်တုတွေကို လွှတ်တင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ SpaceX ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ ဂြိုလ်တု တွေကို အသုံးပြုပြီး NASA က အာကာသယာဉ်မှူးတွေကို အာကာသထဲ ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လျှက် ရှိပါတယ်။

Tesla ကုမ္ပဏီက ထုတ်လုပ်မယ့် မော်ဒယ် Pi နဲ့ iphone တို့ကို နှိုင်းယှဉ်ခြင်း မပြုမီ Tesla ထုတ်ကုန်တွေနဲ့ တွဲဖက်ပြီး အသုံးပြုဖို့အတွက် Pi ဖုန်းကို အသုံးပြုလိုတဲ့ Tesla ပရိသတ် သန်းပေါင်း များစွာ ရှိနေပါတယ်။

Tesla စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ရေးဆွဲတဲ့သူက Apple ထုတ်ကုန်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ အယူအဆ နဲ့ ဒီဇိုင်းတွေကို ရေးဆွဲပေးတဲ့ Antonio De Rosa ဆိုသူပဲ ဖြစ်ပါတယ်။ Antonio De Rosa က Tesla, Starlink နဲ့ SpaceX တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ Pi ဖုန်းဒီဇိုင်းကို ရေးဆွဲပေးတာလို့ ဆိုပါတယ်။ Tesla Model Pi ဟာ iPhone 12 နဲ့ ပုံစံအားဖြင့် တူညီနေတယ်လို့ ဈေးကွက် သုတေသီတွေက ဆိုနေကြပါတယ်။

Tesla Model Pi စမတ်ဖုန်းမှာ ကင်မရာလေးလုံး ပါရှိနေမှာဖြစ်ပြီး ဖုန်းရဲ့ ဘေးနှစ်ဖက်ကို ငွေရောင်နဲ့ ပတ် ထားတယ်။ နောက်ပြီး Pi ဖုန်းမှာ နေရောင်ခြည်သုံး အားသွင်း စနစ်နဲ့ ဖုန်းဘော်ဒီဟာ နေရောင်ခြည် ကို လိုက်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲပေးနိုင်တဲ့ photochromic coating ကို အသုံးပြုထားတယ်လို ဆို ပါ တယ်။

iphone 13 pro ရဲ့ကျောဘက်မှာ မှန်ဘီလူးသုံးလုံးပါရှိနေပြီး Tesla Model Pi ဖုန်းမှာ မှန်ဘီလူး လေးလုံး ပါရှိ ပါလိမ့်မယ်။ iphone မှာပါရှိနေတဲ့ Wide မှန်ဘီလူးတွေကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူး နိုင်တယ်လို့ ဆိုပေမယ့် မော်ဒယ် Pi ဖုန်းဟာ iphone 13 pro ထက် ပိုမိုလုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါ တယ်။

ဥပမာ သင်သည် pi ဖုန်းကို အသုံးပြုပြီး ညအချိန်မှာ အလင်းအမှောင်ကို အချိန်ကြာစွာညှိပေးနေစရာမလိုပဲ ကြယ်ရောင်စုံနေတဲ့ ကောင်းကင်ယံမှ အရည်အသွေးမြင့် ရုပ်ထွက်ဓာတ်ပုံများကို ရိုက်ယူနိုင်ပါတယ်။ ဗီဒီယို ကိုအရှေ့မှ ရိုက်ကူးနေချိန်တွင် ဓာတ်ပုံရိုက်ရန် အခြားမှန်ဘီလူး တစ်ခုကိုလည်း ထည့်သွင်း ပေးထားပါ တယ်။

Tesla Model Pi စမတ်ဖုန်းမှာ အောက်ပါအတိုင်း Tesla ရဲ့ ခေတ်မီနည်းပညာတွေကို ထည့်သွင်းပြီး တီထွင် တားတာ ဖြစ်တယ်လို့ စမတ်ဖုန်း ဖန်တီးတဲ့ ပညာရှင်တွေက ဆိုပါတယ်။

Tesla Model Pi ဖုန်းကို Starlink ဂြိုလ်တုနဲ့ ချိတ်ဆက်ပေးထာပြီး အင်တာနက်ကို အသုံးပြုနိုင်မယ် လို့ ဆိုပါတယ်။ ဒေတာဒေါင်းလုဒ်အပ်လုဒ်အမြန်နှုန်းဟာ တစ်စက္ကန့်လျှင် 210 megabits အထိ ရှိလာမည်လို့ Tesla စမတ်ဖုန်းကို ဖန်တီးတဲ့ ပညာရှင်တွေက ဆိုပါတယ်။ Starlink ချိတ်ဆက်မှုကြောင့် ဖုန်းကို Mars (အဂ်ါဂြိုလ်) ပေါ်မှာ အသုံးပြုနိုင်ပြီး ကမ္ဘာမြေပြင်နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်လာနိုင်တော့ မယ်လို့ လည်း ဆိုပါတယ်။

Tesla Model Pi ဖုန်းမှာ Elon musk ရဲ့ Neuralink က Oron နည်းပညာတွေကို ထည့်သွင်းထားပြီး လူ့ဦး နှောက်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဉီးနှောက်က အချက်အလက်တွေကို ဖတ်ပေးခြင်း ပံ့ပိုးပေးခြင်း စတာတွေကို လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။ ဉပမာ စကားအထစ်အငေါ့ရှိသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ အခြား ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာ ခံစားနေရတဲ့ လူတွေအတွက် နည်းပညာ တွေက ကူညီပေးပြီး လူ့ဦးနှောက်မှ အတွေးအမြင်တွေကို စကားလုံးများ အဖြစ်ပြောင်းလဲကာ ဖော်ပြ ပေးနိုင်အောင် လုပ်ဆောင်ထားတယ်။ ဖုန်းအသုံးပြုနေရင်းနဲ့ Youtube ထဲ ဝင်ချင်တယ်လို့ စိတ်ကူး လိုက် တာနဲ့ ဘာ ခလုပ်နှိပ်စရာမလိုပဲ ဖုန်းက အလိုအလျှောက် Youtube ကိုဖွင့် ပေးတဲ့ပုံစံမျိုး ဖြစ်တယ်။

ကမ္ဘာမြေ သို့မဟုတ် အင်္ဂါဂြိုဟ်မှာရှိနေသည့်အချိန် ကုန်စုံဆိုင်၊ ဓာတ်ငွေ့ထည့်ခြင်းနဲ့ တခြားအသုံး အဆောင် တွေအတွက် ဝယ်ယူတဲ့နေရာမှာ ကျသင့်ငွေအတွက် ပိုက်ဆံအိတ်တွေ ခရက်ဒစ်ကတ် တွေမလိုပဲ Tesla Model Pi စမတ်ဖုန်းကို အသုံးပြုပြီး ပေးချေရတယ်လို့ လည်းဆိုပါတယ်။

Tesla Model Pi စမတ်ဖုန်းကိုအခြား Tesla စက်ပစ္စည်းနဲ့တွဲဖက်ပြီး အသုံး ပြုနိုင်တယ်လို့လည်းဆိုပါတယ်။ Tesla ချစ်သူများကတော့ လျှပ်စစ်ကားကို အရင်မဝယ်ဘဲနဲ့ စမတ်ဖုန်းကိုဝယ်လို့ရမလား၊ Starlink အသုံးပြု တဲ့အတွက် အတွက် လစဉ်ကြေးက ဘယ်လောက်လဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာ ကလည်း စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။
Elon Musk ထုတ်လုပ်မယ့် Tesla Model Pi ဖုန်းကြောင့် စမတ်ဖုန်းဈေးကွက်ကို အပြောင်းအလဲတွေ ဖြစ်လာ လိမ့်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ Tesla Model Pi ဖုန်းကြောင့် ပြိုင်ဘက် စမတ်ဖုန်းတွေ ရဲ့ ရောင်း အားတွေ ဆိုးရွားစွာ ကျဆင်းသွားလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ Tesla ကုမ္ပဏီ ကသူတို့ရဲ့ Pi ဖုန်း ထွက်ရှိမယ့် ရက်စွဲကိုတော့ လျှို့ဝှက်ထားပါတယ်။

credit
ဆြာဟန်စိုး post မှကူးယူဖော်ပြပါသည်။

စမတ္ဖုန္းေလာကထဲမွာ Appleရဲ႕ iphoneကို အဓိကစိန္ေခၚသူျဖစ္လာမယ့္ Elon Musk ရဲ႕ Pi phone ( ပိုင္ဖုန္း)

စမတ္ဖုန္းေလာကထဲမွာ iphone ဟာ ဆရာႀကီးပါ။ iphone ရဲ႕ၿပိဳင္ဖက္ဆိုလို႔ ဆမ္ေဆာင္း တစ္ခုေလာက္ပဲ ရွိခဲ့တယ္။ iphone ေမာ္ဒလ္ အသစ္ထြက္လာတိုင္း လူႀကိဳက္မ်ားတဲ့ အသုံးအေဆာင္ပစၥည္း တစ္ခုလည္း ျဖစ္ပါတယ္။ Apple ကုမၸဏီဟာ အျခား လွ်ပ္စစ္ပစၥည္းေတြထက္ iphone အေပၚမွာ မသိ မသာ မွီခိုေနတာကို ေတြ႕ရပါတယ္။ လတ္တေလာ မွာေတာ့ iphone ကိုစိန္ေခၚမယ့္ စမတ္ဖုန္း တစ္မ်ိဳး ထြက္ရွိလာေတာ့မယ္လို႔ နာမည္ထြက္ေနပါတယ္။

အဲဒီစမတ္ဖုန္းကေတာ့ Pi Phone လို႔ေခၚၿပီး Pi Phone ( ပိုင္ဖုန္း) ကို ကမာၻေက်ာ္သန္းႂကြယ္သူေဌးႀကီး Elon Musk ပိုင္ဆိုင္တဲ့ Tesla လွ်ပ္စစ္ကား ကုမၸဏီကေန ထုတ္လုပ္မွာ ျဖစ္ပါတယ္။ Tesla ကုမၸဏီက သူတို႔ထုတ္လုပ္ မယ့္ စမတ္ဖုန္း ေမာ္ဒယ္ကို Pi လို႔ေခၚဆိုၿပီး လူေတြအားလုံး ကေတာ့ Pi Phone လို႔ ေခၚဆိုေနၾကပါတယ္။ ဒီဖုန္းဟာ Apple က ထုတ္လုပ္ထားတဲ့ နာမည္ေက်ာ္ iphone အပါအဝင္ ေဈးကြက္ထဲက တျခား ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

Apple ကုမၸဏီဟာ မႏွစ္က တစ္ႏွစ္ထဲမွာ Cupertino အေျခစိုက္ Apple ကုမၸဏီကေန ဖုန္းအလုံးေရ သန္း 200 နီးပါး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ Apple ကုမၸဏီဟာ ဖုန္းအမ်ားအျပားကို ေရာင္းခ်ႏိုင္တဲ့အတြက္ေၾကာင့္ သူ႔ရဲ႕ ထုတ္ ကုန္ပစၥည္းေတြထဲမွာ iphone ဟာ အျခားပစၥည္းေတြထက္ ပိုမိုေရာင္းခ်ႏိုင္တဲ့ ပစၥည္း ျဖစ္ခဲ့ၿပီး ကမာၻ႔စမတ္ဖုန္းေလာကကိုလည္း ထိမ္းခ်ဳပ္ႏိုင္ခဲ့တယ္ လို႔ဆိုပါတယ္။

အခုအခ်ိန္မွာေတာ့ Apple ဟာ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ရဲ႕ စြမ္းအားနဲ႔ ေက်ာေထာက္ ေနာက္ခံ ျပဳထားတဲ့ ၿပိဳင္ဖက္ အသစ္တစ္ဦးကို ႀကိဳဆိုေတာ့မွာ ျဖစ္ပါတယ္။ Tesla ကုမၸဏီကလည္း သူ႔ကုမၸဏီက ထုတ္လုပ္ လိုက္တဲ့ ထုတ္ကုန္အသစ္တိုင္းဟာ ေအာင္ျမင္မႈ မွတ္တမ္းေတြရွိခဲ့တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ဒီလိုေအာင္ျမင္ ေနတာဟာ ကုမၸဏီရဲ႕ CEO Elon Musk ေၾကာင့္ ဆိုၿပီးေတာ့လည္း ေျပာဆိုေနၾကပါတယ္။ Teslaကုမၸဏီ ဟာ လွ်ပ္ စစ္ ကားေတြကို ထုတ္လုပ္ေရာင္းခ်ေနတဲ့ နာမည္ႀကီး ကုမၸဏီတစ္ခုလည္း ျဖစ္ပါတယ္။

အားလုံးသိထားတဲ့အတိုင္း Elon Musk ဟာ Tesla လွ်ပ္စစ္ကားကုမၸဏီအျပင္ Space X လို႔ေခၚတဲ့ အာကာ သနည္းပညာဆိုင္ရာ ကုမၸဏီကို ပိုင္ဆိုင္သူလည္း ျဖစ္ပါတယ္။ SpaceX ကုမၸဏီကလည္း အျမန္ႏႈန္းျမင့္ ၿဂိဳလ္တုေတြကို လႊတ္တင္ေနတဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ SpaceX ကုမၸဏီက လႊတ္တင္လိုက္တဲ့ ၿဂိဳလ္တု ေတြကို အသုံးျပဳၿပီး NASA က အာကာသယာဥ္မႉးေတြကို အာကာသထဲ ပို႔ေဆာင္ေပးတဲ့ လုပ္ငန္းေတြကို လုပ္ကိုင္လွ်က္ ရွိပါတယ္။

Tesla ကုမၸဏီက ထုတ္လုပ္မယ့္ ေမာ္ဒယ္ Pi နဲ႔ iphone တို႔ကို ႏႈိင္းယွဥ္ျခင္း မျပဳမီ Tesla ထုတ္ကုန္ေတြနဲ႔ တြဲဖက္ၿပီး အသုံးျပဳဖို႔အတြက္ Pi ဖုန္းကို အသုံးျပဳလိုတဲ့ Tesla ပရိသတ္ သန္းေပါင္း မ်ားစြာ ရွိေနပါတယ္။

Tesla စမတ္ဖုန္းရဲ႕ ဒီဇိုင္းကို ေရးဆြဲတဲ့သူက Apple ထုတ္ကုန္ေတြအတြက္ စိတ္လႈပ္ရွားဖြယ္ရာ အယူအဆ နဲ႔ ဒီဇိုင္းေတြကို ေရးဆြဲေပးတဲ့ Antonio De Rosa ဆိုသူပဲ ျဖစ္ပါတယ္။ Antonio De Rosa က Tesla, Starlink နဲ႔ SpaceX တို႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ Pi ဖုန္းဒီဇိုင္းကို ေရးဆြဲေပးတာလို႔ ဆိုပါတယ္။ Tesla Model Pi ဟာ iPhone 12 နဲ႔ ပုံစံအားျဖင့္ တူညီေနတယ္လို႔ ေစ်းကြက္ သုေတသီေတြက ဆိုေနၾကပါတယ္။

Tesla Model Pi စမတ္ဖုန္းမွာ ကင္မရာေလးလုံး ပါရွိေနမွာျဖစ္ၿပီး ဖုန္းရဲ႕ ေဘးႏွစ္ဖက္ကို ေငြေရာင္နဲ႔ ပတ္ ထားတယ္။ ေနာက္ၿပီး Pi ဖုန္းမွာ ေနေရာင္ျခည္သုံး အားသြင္း စနစ္နဲ႔ ဖုန္းေဘာ္ဒီဟာ ေနေရာင္ျခည္ ကို လိုက္ၿပီး အေရာင္အမ်ိဳးမ်ိဳး ေျပာင္းလဲေပးႏိုင္တဲ့ photochromic coating ကို အသုံးျပဳထားတယ္လို ဆို ပါ တယ္။

iphone 13 pro ရဲ႕ေက်ာဘက္မွာ မွန္ဘီလူးသုံးလုံးပါရွိေနၿပီး Tesla Model Pi ဖုန္းမွာ မွန္ဘီလူး ေလးလုံး ပါရွိ ပါလိမ့္မယ္။ iphone မွာပါရွိေနတဲ့ Wide မွန္ဘီလူးေတြေၾကာင့္ ေကာင္းမြန္တဲ့ ဓာတ္ပုံေတြကို ႐ိုက္ကူး ႏိုင္တယ္လို႔ ဆိုေပမယ့္ ေမာ္ဒယ္ Pi ဖုန္းဟာ iphone 13 pro ထက္ ပိုမိုလုပ္ေဆာင္ႏိုင္မယ္လို႔လည္း ဆိုပါ တယ္။

ဥပမာ သင္သည္ pi ဖုန္းကို အသုံးျပဳၿပီး ညအခ်ိန္မွာ အလင္းအေမွာင္ကို အခ်ိန္ၾကာစြာညႇိေပးေနစရာမလိုပဲ ၾကယ္ေရာင္စုံေနတဲ့ ေကာင္းကင္ယံမွ အရည္အေသြးျမင့္ ႐ုပ္ထြက္ဓာတ္ပုံမ်ားကို ႐ိုက္ယူႏိုင္ပါတယ္။ ဗီဒီယို ကိုအေရွ႕မွ ႐ိုက္ကူးေနခ်ိန္တြင္ ဓာတ္ပုံ႐ိုက္ရန္ အျခားမွန္ဘီလူး တစ္ခုကိုလည္း ထည့္သြင္း ေပးထားပါ တယ္။

Tesla Model Pi စမတ္ဖုန္းမွာ ေအာက္ပါအတိုင္း Tesla ရဲ႕ ေခတ္မီနည္းပညာေတြကို ထည့္သြင္းၿပီး တီထြင္ တားတာ ျဖစ္တယ္လို႔ စမတ္ဖုန္း ဖန္တီးတဲ့ ပညာရွင္ေတြက ဆိုပါတယ္။

Tesla Model Pi ဖုန္းကို Starlink ၿဂိဳလ္တုနဲ႔ ခ်ိတ္ဆက္ေပးထာၿပီး အင္တာနက္ကို အသုံးျပဳႏိုင္မယ္ လို႔ ဆိုပါတယ္။ ေဒတာေဒါင္းလုဒ္အပ္လုဒ္အျမန္ႏႈန္းဟာ တစ္စကၠန႔္လွ်င္ 210 megabits အထိ ရွိလာမည္လို႔ Tesla စမတ္ဖုန္းကို ဖန္တီးတဲ့ ပညာရွင္ေတြက ဆိုပါတယ္။ Starlink ခ်ိတ္ဆက္မႈေၾကာင့္ ဖုန္းကို Mars (အဂ္ါၿဂိဳလ္) ေပၚမွာ အသုံးျပဳႏိုင္ၿပီး ကမာၻေျမျပင္နဲ႔လည္း ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လာႏိုင္ေတာ့ မယ္လို႔ လည္း ဆိုပါတယ္။

Tesla Model Pi ဖုန္းမွာ Elon musk ရဲ႕ Neuralink က Oron နည္းပညာေတြကို ထည့္သြင္းထားၿပီး လူ႔ဦး ေႏွာက္နဲ႔ ခ်ိတ္ဆက္ေပးထားတယ္။ ဉီးေႏွာက္က အခ်က္အလက္ေတြကို ဖတ္ေပးျခင္း ပံ့ပိုးေပးျခင္း စတာေတြကို လုပ္ေဆာင္ႏိုင္မယ္လို႔ဆိုပါတယ္။ ဉပမာ စကားအထစ္အေငါ့ရွိသူေတြ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြ၊ အျခား က်န္းမာေရးနဲ႔ သက္ဆိုင္တဲ့ ျပႆနာ ခံစားေနရတဲ့ လူေတြအတြက္ နည္းပညာ ေတြက ကူညီေပးၿပီး လူ႔ဦးေႏွာက္မွ အေတြးအျမင္ေတြကို စကားလုံးမ်ား အျဖစ္ေျပာင္းလဲကာ ေဖာ္ျပ ေပးႏိုင္ေအာင္ လုပ္ေဆာင္ထားတယ္။ ဖုန္းအသုံးျပဳေနရင္းနဲ႔ Youtube ထဲ ဝင္ခ်င္တယ္လို႔ စိတ္ကူး လိုက္ တာနဲ႔ ဘာ ခလုပ္ႏွိပ္စရာမလိုပဲ ဖုန္းက အလိုအေလွ်ာက္ Youtube ကိုဖြင့္ ေပးတဲ့ပုံစံမ်ိဳး ျဖစ္တယ္။

ကမာၻေျမ သို႔မဟုတ္ အဂၤါၿဂိဳဟ္မွာရွိေနသည့္အခ်ိန္ ကုန္စုံဆိုင္၊ ဓာတ္ေငြ႕ထည့္ျခင္းနဲ႔ တျခားအသုံး အေဆာင္ ေတြအတြက္ ဝယ္ယူတဲ့ေနရာမွာ က်သင့္ေငြအတြက္ ပိုက္ဆံအိတ္ေတြ ခရက္ဒစ္ကတ္ ေတြမလိုပဲ Tesla Model Pi စမတ္ဖုန္းကို အသုံးျပဳၿပီး ေပးေခ်ရတယ္လို႔ လည္းဆိုပါတယ္။

Tesla Model Pi စမတ္ဖုန္းကိုအျခား Tesla စက္ပစၥည္းနဲ႔တြဲဖက္ၿပီး အသုံး ျပဳႏိုင္တယ္လို႔လည္းဆိုပါတယ္။ Tesla ခ်စ္သူမ်ားကေတာ့ လွ်ပ္စစ္ကားကို အရင္မဝယ္ဘဲနဲ႔ စမတ္ဖုန္းကိုဝယ္လို႔ရမလား၊ Starlink အသုံးျပဳ တဲ့အတြက္ အတြက္ လစဥ္ေၾကးက ဘယ္ေလာက္လဲ ဆိုတဲ့ ေမးခြန္းေပါင္းမ်ားစြာ ကလည္း စိတ္ဝင္စားစရာ ျဖစ္လို႔ေနပါတယ္။
Elon Musk ထုတ္လုပ္မယ့္ Tesla Model Pi ဖုန္းေၾကာင့္ စမတ္ဖုန္းေစ်းကြက္ကို အေျပာင္းအလဲေတြ ျဖစ္လာ လိမ့္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းေနၾကပါတယ္။ Tesla Model Pi ဖုန္းေၾကာင့္ ၿပိဳင္ဘက္ စမတ္ဖုန္းေတြ ရဲ႕ ေရာင္း အားေတြ ဆိုး႐ြားစြာ က်ဆင္းသြားလိမ့္မယ္လို႔လည္း ခန႔္မွန္းေနၾကပါတယ္။ Tesla ကုမၸဏီ ကသူတို႔ရဲ႕ Pi ဖုန္း ထြက္ရွိမယ့္ ရက္စြဲကိုေတာ့ လွ်ိဳ႕ဝွက္ထားပါတယ္။

credit
ၾဆာဟန္စိုး post မွကူးယူေဖာ္ျပပါသည္။