ပြည်သူဘက်မှ ရပ်တည်တဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသား ဒေါင်နဲ့ မင်းသမီး ပိုင်ဖြိုးသု ပါဝင်ရိုက်ကူးထားတဲ့ ‘နိုင်ငံပျောက်သူ’ ရုပ်ရှင်ဇာတ်ကားကို
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ပြီးခဲ့တဲ့ မေလ(၃၀)ရက်နေ့က Pa Day Thar Pin Youtube Channel (ပဒေသာပင် Youtube Channel)မှ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

မင်းသမီး ပိုင်ဖြိုးသုရဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး ရိုက်ကူးထားတဲ့ နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို ကြည့်ရှုတဲ့အထဲမှာ စစ်ကောင်စီဘက်ကလည်း
ပါဝင်နေတယ်လို့ သိရပါတယ်။ “ဟိုတစ်နေ့ကလည်း ကျွန်တော်တို့ ဝါဒဖြန့်တဲ့ရုပ်ရှင်ကားတစ်ကား ကြည့်လိုက်ပါတယ်။ အဲ့ဒီမှာ သူတို့ပြောသလိုပေါ့
အရှုံးမပေးမချင်း ငါတို့နိုင်တယ်ဆိုတာပေါ့။ ပြောချင်တာက နားထောင်လို့ကောင်းတဲ့ စကားလုံးတိုင်းက စားလို့ကောင်းတဲ့စကားလုံးတော့မဟုတ်ဘူး၊
နားထောင်လို့ကောင်းတဲ့စကားလုံးတိုင်းက အဆိပ်သင့်တာတွေရှိပါတယ်”လို့ ယနေ့ ဇွန်လ ၁ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အကြ မ်းဖက်စစ်ကောင်စီရဲ့
သတင်းစာရှင်းလင်းပွဲမှာ အဆိုပါရုပ်ရှင်ဇာတ်ကား ကြည့်ရှု့ခဲ့တာနဲ့ပတ်သက်ပြီး ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ျဖင့္ ဖတ္ရန္
ျပည္သူဘက္မွ ရပ္တည္တဲ့ ျပည္သူခ်စ္အႏုပညာရွင္ေတြျဖစ္ၾကတဲ့ မင္းသား ေဒါင္နဲ႔ မင္းသမီး ပိုင္ၿဖိဳးသု ပါဝင္ရိုက္ကူးထားတဲ့ ‘နိုင္ငံေပ်ာက္သူ’ ႐ုပ္ရွင္ဇာတ္ကားကို
ၿပီးခဲ့တဲ့ ေမလ(၃၀)ရက္ေန႔က Pa Day Thar Pin Youtube Channel (ပေဒသာပင္ Youtube Channel)မွ ထုတ္လႊင့္ခဲ့ၿပီးျဖစ္ပါတယ္။
မင္းသမီး ပိုင္ၿဖိဳးသုရဲ႕ခင္ပြန္းျဖစ္သူ ဒါရိုက္တာဏႀကီး ရိုက္ကူးထားတဲ့ နိုင္ငံေပ်ာက္သူ ဇာတ္လမ္းတိုကို ၾကည့္ရွုတဲ့အထဲမွာ စစ္ေကာင္စီဘက္ကလည္း
ပါဝင္ေနတယ္လို့ သိရပါတယ္။ “ဟိုတစ္ေန႔ကလည္း ကၽြန္ေတာ္တို့ ဝါဒျဖန႔္တဲ့႐ုပ္ရွင္ကားတစ္ကား ၾကည့္လိုက္ပါတယ္။ အဲ့ဒီမွာ သူတို့ေျပာသလိုေပါ့
အရွုံးမေပးမခ်င္း ငါတို့နိုင္တယ္ဆိုတာေပါ့။ ေျပာခ်င္တာက နားေထာင္လို့ေကာင္းတဲ့ စကားလုံးတိုင္းက စားလို့ေကာင္းတဲ့စကားလုံးေတာ့မဟုတ္ဘူး၊
နားေထာင္လို့ေကာင္းတဲ့စကားလုံးတိုင္းက အဆိပ္သင့္တာေတြရွိပါတယ္”လို့ ယေန႔ ဇြန္လ ၁ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ အၾက မ္းဖက္စစ္ေကာင္စီရဲ့
သတင္းစာရွင္းလင္းပြဲမွာ အဆိုပါ႐ုပ္ရွင္ဇာတ္ကား ၾကည့္ရွု့ခဲ့တာနဲ႔ပတ္သက္ၿပီး ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္



