ၾကားသိရသမွ်

ထိုင္းေရာက္ ျမန္မာအမ်ိဳးသမီးတစ္ဦး ငဗစ္ေဆး ထိုးႏွံၿပီးေနာက္ ေဆးအရွိန္ေၾကာင့္See More…

ထိုင္းေရာက္ ျမန္မာအမ်ိဳးသမီးတစ္ဦး ငဗစ္ေဆး ထိုးႏွံၿပီးေနာက္ ေဆးအရွိန္ေၾကာင့္See More…

ေရႊဖီေျမ၊ ေမလ ၃ ရက္၊ မယ္ဆိုင္

ထိုင္းနိုင္ငံမွာ အလုပ္ သြားလုပ္ေနတဲ့ ရွမ္းေျမာက္ သီေပါၿမိဳ့နယ္ထဲက မသိန္းညြန႔္ (၃၁ ႏွစ္)ဟာ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးေနာက္ ေဆးအရွိန္ေၾကာင့္

ဦးေႏွာက္ေသြးေၾကာင္သြားသလို ခံစားေနရတယ္လို့ မိသားစုဝင္ေတြက ေျပာပါတယ္။၂၀၂၁ ခုႏွစ္ထဲမွာ တစ္လတစ္ႀကိမ္ ထိုးႏွံရမယ့္ ကာကြယ္ေဆးကို သူေဌးျဖစ္သူက (၁၅)ရက္ျခားတစ္ႀကိမ္ သြားေရာက္ထိုးခိုင္းခဲ့ရာ

၂ ႀကိမ္ ထိုးႏွံၿပီးတဲ့ေနာက္မွာ ဘာမွမျဖစ္ခဲ့ေပမယ့္ ၃ ႀကိမ္ေျမာက္ (၄၅ ရက္ေျမာက္ေန႔)ထိုးႏွံၿပီးေနာက္မွာေတာ့ လည္ေခ်ာင္းေတြထဲမွာ မီးခဲ ဝါးၿမိဳသလို ခံစားခဲ့ရတယ္လို့ ညီမျဖစ္သူ ၿငိမ္းခ်မ္းေမက ေရႊဖီေျမကို ေျပာပါတယ္။

“ဒီၾကားထဲမွာလည္း သူေခ်ာင္းဆိုးေနတာ။ ေဆးခန္းသြားျပၿပီးေတာ့ အဲဒီေခ်ာင္းဆိုးေပ်ာက္ေဆးကို ဇြတ္ေသာက္တာလည္း ပါမလား မေျပာတတ္ဘူး။ အခုဆို သူ႔ဆံပင္ေတြေရာ အကုန္ကၽြတ္ကုန္ၿပီ။ သူက

တစ္ခ်က္တစ္ခ်က္ လြတ္ေနတယ္။ သတိေမ့သလို ျဖစ္တယ္ေပါ့ေနာ္။ သူေနခဲ့တဲ့ေနရာေတြ သူေသာက္တဲ့ ေဆးေတြဆိုလည္း ထိုင္းလိုပဲ ေရးထားေတာ့ ဘာအမ်ိဳးအစားလဲ မေျပာတတ္ဘူး”

မသိန္းညြန႔္ အေျခအေနဟာ ပိုဆိုးလာတာေၾကာင့္ မိသားစုေတြက စိုးရိမ္ၿပီး ျမန္မာနိုင္ငံဘက္ကို ျပန္လာခိုင္းေပမယ့္ လက္ရွိမွာေတာ့ ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ့ရွိ တည္းခိုခန္းတစ္ခုမွာသာ ‌ရွိေနေသးတယ္လို့ ဆိုပါတယ္။

“သူေဆးထိုးတဲ့ အခ်က္အလက္ေတြအားလုံးက သူ႔သူေဌးအိမ္မွာပဲ ခ်န္ခဲ့တာ။ သူ႔အေျခအေန သိသိရခ်င္း ညီမတို့အေမက ျပန္လာခိုင္းတာ။ အခု သူရွိေနတဲ့ မယ္ဆိုင္ဘက္‌မွာ ကယ္ရီ (ယာဥ္ အငွားလိုက္သူ)ေတြ သြားႀကိဳဖို့ လႊတ္ေပးတယ္။

သူတို့က သူ႔ကို သြားေတြ႕ေတာ့ သူအရမ္းပိန္ေနလို့ သူတို့က မႀကိဳရဲဘူး။ သူတို့လက္ထဲမွာ တစ္ခုခုျဖစ္သြားမွာစိုးလို့တဲ့။ က်မတို့လည္း ဘာဆက္လုပ္ရမွန္း မသိဘူး” ဆိုၿပီး ၿငိမ္းခ်မ္းေမ ဆက္ေျပာပါတယ္။

မသိန္းညြန႔္ဟာ ၂၀၁၄ ခုႏွစ္ကတည္းကထိုင္းနိုင္ငံမွာ သြားေရာက္ အလုပ္ လုပ္ကိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ သူမ ရွိေနတဲ့ မယ္ဆိုင္ထဲကို မိသားစုဝင္ေတြအေနနဲ႔ သြားေရာက္ ေခၚေဆာင္ဖို့ အခက္အခဲ ရွိေနတယ္လို့လည္း ဆိုပါတယ္။

ထိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦး ငဗစ်ဆေး ထိုးနှံပြီးနောက် ဆေးအရှိန်ကြောင့်See More…

ရွှေဖီမြေ၊ မေလ ၃ ရက်၊ မယ်ဆိုင်

ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်နေတဲ့ ရှမ်းမြောက် သီပေါမြို့နယ်ထဲက မသိန်းညွန့် (၃၁ နှစ်)ဟာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ဆေးအရှိန်ကြောင့်

ဦးနှောက်သွေးကြောင်သွားသလို ခံစားနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။၂၀၂၁ ခုနှစ်ထဲမှာ တစ်လတစ်ကြိမ် ထိုးနှံရမယ့် ကာကွယ်ဆေးကို သူဌေးဖြစ်သူက (၁၅)ရက်ခြားတစ်ကြိမ် သွားရောက်ထိုးခိုင်းခဲ့ရာ

၂ ကြိမ် ထိုးနှံပြီးတဲ့နောက်မှာ ဘာမှမဖြစ်ခဲ့ပေမယ့် ၃ ကြိမ်မြောက် (၄၅ ရက်မြောက်နေ့)ထိုးနှံပြီးနောက်မှာတော့ လည်ချောင်းတွေထဲမှာ မီးခဲ ဝါးမြိုသလို ခံစားခဲ့ရတယ်လို့ ညီမဖြစ်သူ ငြိမ်းချမ်းမေက ရွှေဖီမြေကို ပြောပါတယ်။

“ဒီကြားထဲမှာလည်း သူချောင်းဆိုးနေတာ။ ဆေးခန်းသွားပြပြီးတော့ အဲဒီချောင်းဆိုးပျောက်ဆေးကို ဇွတ်သောက်တာလည်း ပါမလား မပြောတတ်ဘူး။ အခုဆို သူ့ဆံပင်တွေရော အကုန်ကျွတ်ကုန်ပြီ။ သူက

တစ်ချက်တစ်ချက် လွတ်နေတယ်။ သတိမေ့သလို ဖြစ်တယ်ပေါ့နော်။ သူနေခဲ့တဲ့နေရာတွေ သူသောက်တဲ့ ဆေးတွေဆိုလည်း ထိုင်းလိုပဲ ရေးထားတော့ ဘာအမျိုးအစားလဲ မပြောတတ်ဘူး”

မသိန်းညွန့် အခြေအနေဟာ ပိုဆိုးလာတာကြောင့် မိသားစုတွေက စိုးရိမ်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်လာခိုင်းပေမယ့် လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ တည်းခိုခန်းတစ်ခုမှာသာ ‌ရှိနေသေးတယ်လို့ ဆိုပါတယ်။

“သူဆေးထိုးတဲ့ အချက်အလက်တွေအားလုံးက သူ့သူဌေးအိမ်မှာပဲ ချန်ခဲ့တာ။ သူ့အခြေအနေ သိသိရချင်း ညီမတို့အမေက ပြန်လာခိုင်းတာ။ အခု သူရှိနေတဲ့ မယ်ဆိုင်ဘက်‌မှာ ကယ်ရီ (ယာဉ် အငှားလိုက်သူ)တွေ သွားကြိုဖို့ လွှတ်ပေးတယ်။

သူတို့က သူ့ကို သွားတွေ့တော့ သူအရမ်းပိန်နေလို့ သူတို့က မကြိုရဲဘူး။ သူတို့လက်ထဲမှာ တစ်ခုခုဖြစ်သွားမှာစိုးလို့တဲ့။ ကျမတို့လည်း ဘာဆက်လုပ်ရမှန်း မသိဘူး” ဆိုပြီး ငြိမ်းချမ်းမေ ဆက်ပြောပါတယ်။

မသိန်းညွန့်ဟာ ၂၀၁၄ ခုနှစ်ကတည်းကထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူမ ရှိနေတဲ့ မယ်ဆိုင်ထဲကို မိသားစုဝင်တွေအနေနဲ့ သွားရောက် ခေါ်ဆောင်ဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ဆိုပါတယ်။