ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်း ဒီကနေ့ ဇူလိုင် ၁ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကပြောပါတယ်။

ထင်ရှားတဲ့ ရွှေမန်းဇာတ်သဘင်တည်ထောင်သူ အင်္လကာကျော်စွာရွှေမန်းတင်မောင်ရဲ့ သားဖြစ်သူ အကယ်ဒမီညွန့်ဝင်းဟာ ကွယ်လွန်ချိန်မှာ ၈၁ နှစ် ရှိပြီဖြစ်ပါတယ်။
ဦးညွန့်ဝင်းဟာအသက် ၂၀ နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံ ဒါဂျီလင်တက္ကသိုလ် တက်ရောက်ခဲ့သလို ၊ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် တို့မှာ ရေဒီယိုအီလက်ထရောနစ် ဘာသာရပ်ကို သင်ယူခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စု၊ အော်ရီကန်စတိတ်တက္ကသိုလ် မှာ ဇာတ်ခုံအလင်းအမှောင်ပညာနဲ့ ဆက်တင်ဆိုင်ရာပညာတွေကို ၁ နှစ်ခန့် သင်ယူခဲ့သူဖြစ်ပါတယ်။
အကယ်ဒမီညွန့်ဝင်းရဲ့ ပထမဆုံး စတင်သရုပ်ဆောင်တဲ့ ဇာတ်ကားဟာ မြဇော်ဖလင်က ထုတ်လုပ်တဲ့ သတို့သမီးအလိုရှိသည် ဇာတ်ကားဖြစ်ပါတယ်။ ညွန့်ဝင်းရဲ့ထင်ရှားတဲ့ဇာတ်ကားမှာ ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားဖြစ်ပြီး အဲဒီဇာတ်ကားနဲ့အကယ်ဒမီဆုကိုစတင်ရရှိခဲ့တာပါ။

အဲဒီနောက် ချစ်သူဝိုင်းဝိုင်းလည်၊ တတိယအရွယ်၏ဒုတိယဝေဒနာ၊ သီတာခုနှစ်တန်၊ ဆန်ရေ ၊ သူ့ကျွန်မခံပြီ နဲ့ လျှို့ဝှက်သောနှင်း ဇာတ်ကားတွေဟာ ထင်ရှားသလို အဲဒီဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေကိုရရှိခဲ့တာပါ။ အကယ်ဒမီ ညွန့်ဝင်း ဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားတဲ့ ဂန္ထဝင်အနုပညာရှင်ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
——————-
႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ ၫြန႔္ဝင္း ဒီကေန႔ ဇူလိုင္ ၁ ရက္မွာ ကြယ္လြန္ခဲ့တယ္လို႔ ႐ုပ္ရွင္အသိုင္းအဝိုင္းကေျပာပါတယ္။ ထင္ရွားတဲ့ ေ႐ႊမန္းဇာတ္သဘင္တည္ေထာင္သူ အလၤကာေက်ာ္စြာေ႐ႊမန္းတင္ေမာင္ရဲ႕ သားျဖစ္သူ အကယ္ဒမီၫြန႔္ဝင္းဟာ ကြယ္လြန္ခ်ိန္မွာ ၈၁ ႏွစ္ ရွိၿပီျဖစ္ပါတယ္။

ဦးၫြန႔္ဝင္းဟာအသက္ ၂၀ ႏွစ္အ႐ြယ္မွာ အိႏၵိယႏိုင္ငံ ဒါဂ်ီလင္တကၠသိုလ္ တက္ေရာက္ခဲ့သလို ၊ အဂၤလန္ႏိုင္ငံ ကိန္းဘရစ္တကၠသိုလ္ တို႔မွာ ေရဒီယိုအီလက္ထေရာနစ္ ဘာသာရပ္ကို သင္ယူခဲ့သူျဖစ္ပါတယ္။
အဲဒီေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စု၊ ေအာ္ရီကန္စတိတ္တကၠသိုလ္ မွာ ဇာတ္ခုံအလင္းအေမွာင္ပညာနဲ႔ ဆက္တင္ဆိုင္ရာပညာေတြကို ၁ ႏွစ္ခန႔္ သင္ယူခဲ့သူျဖစ္ပါတယ္။
အကယ္ဒမီၫြန႔္ဝင္းရဲ႕ ပထမဆုံး စတင္သ႐ုပ္ေဆာင္တဲ့ ဇာတ္ကားဟာ ျမေဇာ္ဖလင္က ထုတ္လုပ္တဲ့ သတို႔သမီးအလိုရွိသည္ ဇာတ္ကားျဖစ္ပါတယ္။ ၫြန႔္ဝင္းရဲ႕ထင္ရွားတဲ့ဇာတ္ကားမွာ ဗန္တိုလူေလးႏွင့္ သူဇာ ဇာတ္ကားျဖစ္ၿပီး အဲဒီဇာတ္ကားနဲ႔အကယ္ဒမီဆုကိုစတင္ရရွိခဲ့တာပါ။
အဲဒီေနာက္ ခ်စ္သူဝိုင္းဝိုင္းလည္၊ တတိယအ႐ြယ္၏ဒုတိယေဝဒနာ၊ သီတာခုႏွစ္တန္၊ ဆန္ေရ ၊ သူ႔ကြၽန္မခံၿပီ နဲ႔ လွ်ိဳ႕ဝွက္ေသာႏွင္း ဇာတ္ကားေတြဟာ ထင္ရွားသလို အဲဒီဇာတ္ကားေတြနဲ႔ အကယ္ဒမီဆုေတြကိုရရွိခဲ့တာပါ။ အကယ္ဒမီ ၫြန႔္ဝင္း ဟာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ၇ ႀကိမ္ရရွိထားတဲ့ ဂႏၴဝင္အႏုပညာရွင္ျဖစ္ပါတယ္။
ဘီဘီစီျမန္မာပိုင္း
ဓါတ္ပုံ- ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး



