ရုပ်ချောအောင် လုပ်လို့ရသလားဆိုရင် တိုက်ရိုက်မဟုတ်ပေမယ့် လုပ်လို့ရတဲ့ နည်းတွေ ရှိတယ်လို့ပြောချင်ပါတယ်။ ယောင်္ကျားတစ်ယောက်အတွက် ခန့်ညားပြီး ယောင်္ကျားပီသမှုက ရုပ်ချောတယ်ဆိုတာထက် ပိုပြီး ဂုဏ်ယူစရာကောင်းတဲ့ အချက် ဖြစ်ပါတယ်။ ယောင်္ကျားပီသပြီး စတိုင်မိမိ ကြည့်ကောင်းအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။
(၁) Confidence ရှိရှိနေပါ
Businessman standing with arms crossed in office
Confidence ရှိရှိ နေထိုင်တဲ့ ယောင်္ကျား ၊ မိန်းမ ဘယ်သူမဆို တမျိုးကြည့်လို့ကောင်းတာ အမှန်ပါပဲ။ အထူးသဖြင့် Confidence ရှိခြင်းဟာ ယောင်္ကျားတစ်ယောက်ကို ပိုလို့တောင် စမတ်ကျပြီး လေးစားချင်စရာကောင်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ နေထိုင်ပြောဆို လုပ်ကိုင်တဲ့သူတစ်ယောက်အဖို့ သူ့ရဲ့ ဟန်ပန် ၊ အသံနဲ့ ပုံစံဟာ အလိုလိုနေရင်း အားကျနှစ်လိုဖွယ် ဖြစ်လာတတ်ပါတယ်။
(၂) သန့်သန့်ပြန့်ပြန့်ဝတ်ပါ
Image of cheerful young caucasian businessman sitting indoors using laptop computer. Looking camera.
စတိုင်ဆိုတာ အဓိကက အဝတ်အစားပါပဲ။ ဝတ်တတ်စားတတ်ရင် စတိုင်မိတဲ့သူ ဖြစ်တာပါပဲ။ Stylish ဖြစ်တဲ့သူဟာလည်း ချောနည်းတစ်မျိုးပါပဲ။ ဒီတော့ချောချင်ရင် ကိုယ်ဝတ်တဲ့ စားတဲ့ပုံကို အရင်ပြင်ပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင်နဲ့ နေထိုင်ပါ။ သပ်သပ်ရပ်ရပ်နေရင် ရုပ်ထွက်ပါတယ်။
(၃) Body Language ဂရုစိုက်ပါ
ကိုယ့်ရဲ့လှုပ်ရှားဟန်ဟာ ကိုယ့်ရဲ့ စတိုင်အကြောင်း စကားပြောပါတယ်။ လှုပ်ရှားမှုပုံစံ ကြည့်ကောင်းတဲ့သူတွေကို ကြည့်ရတာလည်း ဆွဲဆောင်မှုရှိတယ်လို့ ခံစားရစမြဲပါ။ တချို့သူတွေဟာ ရုပ်ကလေး ချောပါလျက်နဲ့ နေပုံထိုင်ပုံ အထာမကျတာနဲ့ ချောသင့်/လှသင့်သလောက် ရုပ်မထွက်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် ရုပ်ပိုချောချင်ရင် ကိုယ့်ရဲ့ Body Language နဲ့ စကားသုံးနှုန်းပြောဆိုပုံတဲ့ လေယူလေသိမ်းကို ဂရုစိုက်ပါ။
(၄) ပြုပြုပြင်ပြင် နေပါ
ယောင်္ကျားလေးအများစုက တစ်ကိုယ်ရည် သန့်ရှင်းမှုလောက်ပဲ လုပ်ပြီး ပြုပြုပြင်ပြင် ခြယ်သမှုလေးတွေ မလုပ်ဖြစ်တာ များပါတယ်။ လူတစ်ယောက် ရုပ်ရှိလည်း မပြုမပြင် နေထိုင်ရင် ကြာတော့ ရှိရင်းစွဲရုပ်ကလေးတွေတောင် ပျက်စီးပြီး ကြည့်မကောင်းတဲ့ရုပ်ဖြစ်သွားနိုင်ပါတယ်။ မုတ်ဆိတ်တွေ ရှည်ချင်တိုင်း ရှည်အောင် ထားတဲ့သူတွေ ၊ Hairstyles လေးမှ သားသားနားနား ဖြစ်အောင် ဂရုမစိုက်မိရင် နောက်ပြီး အသားအရေ ထိန်းသိမ်းမှုမလုပ်ဖြစ်ရင် ကိုယ့်လောက် ရုပ်မရှိဘဲ ပြုပြုပြင်ပြင် ဂရုစိုက်တဲ့သူနဲ့ ယှဉ်ရင် ရုပ်ထွက်မှာ မဟုတ်ပါဘူး။
႐ုပ္ေခ်ာေအာင္ လုပ္လို႔ရသလားဆိုရင္ တိုက္႐ိုက္မဟုတ္ေပမယ့္ လုပ္လို႔ရတဲ့ နည္းေတြ ရွိတယ္လို႔ေျပာခ်င္ပါတယ္။ ေယာက်ၤားတစ္ေယာက္အတြက္ ခန႔္ညားၿပီး ေယာက်ၤားပီသမႈက ႐ုပ္ေခ်ာတယ္ဆိုတာထက္ ပိုၿပီး ဂုဏ္ယူစရာေကာင္းတဲ့ အခ်က္ ျဖစ္ပါတယ္။ ေယာက်ၤားပီသၿပီး စတိုင္မိမိ ၾကည့္ေကာင္းေအာင္ လုပ္လို႔ရတဲ့ နည္းလမ္းေလးေတြေတာ့ ရွိပါတယ္။
(၁) Confidence ရွိရွိေနပါ
Businessman standing with arms crossed in office
Confidence ရွိရွိ ေနထိုင္တဲ့ ေယာက်ၤား ၊ မိန္းမ ဘယ္သူမဆို တမ်ိဳးၾကည့္လို႔ေကာင္းတာ အမွန္ပါပဲ။ အထူးသျဖင့္ Confidence ရွိျခင္းဟာ ေယာက်ၤားတစ္ေယာက္ကို ပိုလို႔ေတာင္ စမတ္က်ၿပီး ေလးစားခ်င္စရာေကာင္းေစပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိရွိနဲ႔ ေနထိုင္ေျပာဆို လုပ္ကိုင္တဲ့သူတစ္ေယာက္အဖို႔ သူ႔ရဲ႕ ဟန္ပန္ ၊ အသံနဲ႔ ပုံစံဟာ အလိုလိုေနရင္း အားက်ႏွစ္လိုဖြယ္ ျဖစ္လာတတ္ပါတယ္။
(၂) သန႔္သန႔္ျပန႔္ျပန႔္ဝတ္ပါ
Image of cheerful young caucasian businessman sitting indoors using laptop computer. Looking camera.
စတိုင္ဆိုတာ အဓိကက အဝတ္အစားပါပဲ။ ဝတ္တတ္စားတတ္ရင္ စတိုင္မိတဲ့သူ ျဖစ္တာပါပဲ။ Stylish ျဖစ္တဲ့သူဟာလည္း ေခ်ာနည္းတစ္မ်ိဳးပါပဲ။ ဒီေတာ့ေခ်ာခ်င္ရင္ ကိုယ္ဝတ္တဲ့ စားတဲ့ပုံကို အရင္ျပင္ပါ။ ကိုယ္နဲ႔ လိုက္ဖက္တဲ့ စတိုင္နဲ႔ ေနထိုင္ပါ။ သပ္သပ္ရပ္ရပ္ေနရင္ ႐ုပ္ထြက္ပါတယ္။
(၃) Body Language ဂ႐ုစိုက္ပါ
ကိုယ့္ရဲ႕လႈပ္ရွားဟန္ဟာ ကိုယ့္ရဲ႕ စတိုင္အေၾကာင္း စကားေျပာပါတယ္။ လႈပ္ရွားမႈပုံစံ ၾကည့္ေကာင္းတဲ့သူေတြကို ၾကည့္ရတာလည္း ဆြဲေဆာင္မႈရွိတယ္လို႔ ခံစားရစၿမဲပါ။ တခ်ိဳ႕သူေတြဟာ ႐ုပ္ကေလး ေခ်ာပါလ်က္နဲ႔ ေနပုံထိုင္ပုံ အထာမက်တာနဲ႔ ေခ်ာသင့္/လွသင့္သေလာက္ ႐ုပ္မထြက္တာမ်ိဳးေတြ ေတြ႕ဖူးၾကမွာပါ။ ဒါေၾကာင့္ ႐ုပ္ပိုေခ်ာခ်င္ရင္ ကိုယ့္ရဲ႕ Body Language နဲ႔ စကားသုံးႏႈန္းေျပာဆိုပုံတဲ့ ေလယူေလသိမ္းကို ဂ႐ုစိုက္ပါ။
(၄) ျပဳျပဳျပင္ျပင္ ေနပါ
ေယာက်ၤားေလးအမ်ားစုက တစ္ကိုယ္ရည္ သန႔္ရွင္းမႈေလာက္ပဲ လုပ္ၿပီး ျပဳျပဳျပင္ျပင္ ျခယ္သမႈေလးေတြ မလုပ္ျဖစ္တာ မ်ားပါတယ္။ လူတစ္ေယာက္ ႐ုပ္ရွိလည္း မျပဳမျပင္ ေနထိုင္ရင္ ၾကာေတာ့ ရွိရင္းစြဲ႐ုပ္ကေလးေတြေတာင္ ပ်က္စီးၿပီး ၾကည့္မေကာင္းတဲ့႐ုပ္ျဖစ္သြားႏိုင္ပါတယ္။ မုတ္ဆိတ္ေတြ ရွည္ခ်င္တိုင္း ရွည္ေအာင္ ထားတဲ့သူေတြ ၊ Hairstyles ေလးမွ သားသားနားနား ျဖစ္ေအာင္ ဂ႐ုမစိုက္မိရင္ ေနာက္ၿပီး အသားအေရ ထိန္းသိမ္းမႈမလုပ္ျဖစ္ရင္ ကိုယ့္ေလာက္ ႐ုပ္မရွိဘဲ ျပဳျပဳျပင္ျပင္ ဂ႐ုစိုက္တဲ့သူနဲ႔ ယွဥ္ရင္ ႐ုပ္ထြက္မွာ မဟုတ္ပါဘူး။