လင္မယားနွစ္ဦး ညတိုင္း ဖုန္းအားသြင္းၿပီးမွ အိပ္ၾကရာမွ မနက္မိုးလင္းခါနီးတြင္… See more
ထိုင္းႏိုင္ငံက အိမ္ေထာင္သည္ အမ်ိဳးသမီးငယ္တစ္ဦးဟာ ညအိပ္ေပ်ာ္ေနစဥ္ သစ္သားပ်ဥ္ေထာင္အိမ္ မီးစြဲေလာင္ခဲ့တာေၾကာင့္ အရွင္လတ္လတ္ မီးေလာင္ခံရၿပီး အသက္ဆုံးရႈံးရသည္အထိ ျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။ ေသဆုံးသူ အမ်ိဳးသမီးရဲ႕အမည္ကေတာ့ Nisachol Sawasdiwong ျဖစ္ပါတယ္။
Nisachol ဟာ အသက္(၃၃)ႏွစ္ျဖစ္ၿပီး၊ ခင္ပြန္း Yothin (၃၆)ႏွစ္နဲ႔အတူ ညဘက္အိပ္ေပ်ာ္ေနစဥ္ အားသြင္းထားတဲ့ဖုန္းက အပူလြန္ကဲ ေပါက္ကြဲမႈျဖစ္ၿပီး၊ ေနအိမ္ကို မီးစြဲေလာင္ခဲ့တာပါ။ ႏွစ္ေယာက္သား အိပ္ေမာက်ေနလို႔ မီးအေတာ္အရွိန္ရသည္အထိ အိပ္ရာက မႏိုးခဲ့ၾကပါဘူး။
အခင္းျဖစ္ရာအိမ္ကေတာ့ Nakhon Si Thammarat မွာတည္ရွိၿပီး၊ ၿပီးခဲ့တဲ့(၂၆)ရက္ ၾကာသပေတးေန႔ မိုးလင္းပိုင္း အိပ္ေကာင္းခ်ိန္မွာ ဒီအျဖစ္အပ်က္ ျဖစ္ခဲ့တာပါ။ ခင္ပြန္းျဖစ္တဲ့ Yothin ကေတာ့ မီးေလာင္အိမ္ထဲကေန အျမန္ထြက္ေျပးႏိုင္ခဲ့ေပမယ့္ အိမ္အျပင္မွာ လဲက်သတိေမ့သြားပါတယ္။
ဇနီး Nisachol အေနနဲ႔လည္း မီးေလာင္အိမ္ကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေသာ္လည္းေနာက္က်သြားခဲ့ၿပီး၊ အသက္ရွင္လွ်က္ မီးေလာင္ခံလိုက္ရပါတယ္။ ခင္ပြန္းကိုေတာ့ ေဆး႐ုံအျမန္ပို႔ေပးခဲ့ေပမယ့္ အခုအခ်ိန္ထိ သတိမလည္ေသးတဲ့အတြက္ အသက္ရွင္မရွင္ကို ကံေသကံမ မေျပာႏိုင္ေသးပါဘူး။
အိမ္နီးနားခ်င္းေတြအဆိုရေတာ့ Yothin ဟာ ဇနီးကို ကယ္ဆယ္ဖို႔ တက္ႏိုင္သေလာက္ ႀကိဳးစားခဲ့ေပမယ့္၊ သူကိုယ္တိုင္လည္း မီးေလာင္ဒဏ္ရာေတြ ပရဗြနဲ႔မို႔ ဘာမွ မတက္ႏိုင္ရွာခဲ့ဖူးလို႔ ေျပာပါတယ္။ ရဲအရာရွိ Chokdee Rakwattanapon ရဲ႕အဆိုအရ သူတို႔လင္မယားဟာ ညတိုင္း ဖုန္းအားသြင္းၿပီးမွ အိပ္ၾကပါသတဲ့။
လက္ရွိအခ်ိန္ထိေတာ့ ခင္ပြန္း Yothin က သတိျပန္လည္ျခင္းမရွိေသးလို႔ ဘာအတည္ျပဳခ်က္ကိုမွ မျပဳလုပ္ႏိုင္ေသးဘူးလို႔ ရဲက ေျပာပါတယ္။ ခင္ပြန္းျဖစ္သူ အသက္ရွင္ႏိုင္ေျခရွိမရွိကိုလည္း ေဒါက္တာေတြက ယတိျပတ္မေျပာေသးတာေၾကာင့္ ေလာေလာဆယ္ ဒီအမႈကို ေသမႈေသခင္းသာ ဖြင့္လွစ္ထားရပါေသးတယ္။
လင္းသူရိန္
Unicode
လင်မယားနှစ်ဦး ညတိုင်း ဖုန်းအားသွင်းပြီးမှ အိပ်ကြရာမှ မနက်မိုးလင်းခါနီးတွင်… See more
ထိုင်းနိုင်ငံက အိမ်ထောင်သည် အမျိုးသမီးငယ်တစ်ဦးဟာ ညအိပ်ပျော်နေစဉ် သစ်သားပျဉ်ထောင်အိမ် မီးစွဲလောင်ခဲ့တာကြောင့် အရှင်လတ်လတ် မီးလောင်ခံရပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့အမည်ကတော့ Nisachol Sawasdiwong ဖြစ်ပါတယ်။
Nisachol ဟာ အသက်(၃၃)နှစ်ဖြစ်ပြီး၊ ခင်ပွန်း Yothin (၃၆)နှစ်နဲ့အတူ ညဘက်အိပ်ပျော်နေစဉ် အားသွင်းထားတဲ့ဖုန်းက အပူလွန်ကဲ ပေါက်ကွဲမှုဖြစ်ပြီး၊ နေအိမ်ကို မီးစွဲလောင်ခဲ့တာပါ။ နှစ်ယောက်သား အိပ်မောကျနေလို့ မီးအတော်အရှိန်ရသည်အထိ အိပ်ရာက မနိုးခဲ့ကြပါဘူး။
အခင်းဖြစ်ရာအိမ်ကတော့ Nakhon Si Thammarat မှာတည်ရှိပြီး၊ ပြီးခဲ့တဲ့(၂၆)ရက် ကြာသပတေးနေ့ မိုးလင်းပိုင်း အိပ်ကောင်းချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ ခင်ပွန်းဖြစ်တဲ့ Yothin ကတော့ မီးလောင်အိမ်ထဲကနေ အမြန်ထွက်ပြေးနိုင်ခဲ့ပေမယ့် အိမ်အပြင်မှာ လဲကျသတိမေ့သွားပါတယ်။
ဇနီး Nisachol အနေနဲ့လည်း မီးလောင်အိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့သော်လည်းနောက်ကျသွားခဲ့ပြီး၊ အသက်ရှင်လျှက် မီးလောင်ခံလိုက်ရပါတယ်။ ခင်ပွန်းကိုတော့ ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် အခုအချိန်ထိ သတိမလည်သေးတဲ့အတွက် အသက်ရှင်မရှင်ကို ကံသေကံမ မပြောနိုင်သေးပါဘူး။
အိမ်နီးနားချင်းတွေအဆိုရတော့ Yothin ဟာ ဇနီးကို ကယ်ဆယ်ဖို့ တက်နိုင်သလောက် ကြိုးစားခဲ့ပေမယ့်၊ သူကိုယ်တိုင်လည်း မီးလောင်ဒဏ်ရာတွေ ပရဗွနဲ့မို့ ဘာမှ မတက်နိုင်ရှာခဲ့ဖူးလို့ ပြောပါတယ်။ ရဲအရာရှိ Chokdee Rakwattanapon ရဲ့အဆိုအရ သူတို့လင်မယားဟာ ညတိုင်း ဖုန်းအားသွင်းပြီးမှ အိပ်ကြပါသတဲ့။
လက်ရှိအချိန်ထိတော့ ခင်ပွန်း Yothin က သတိပြန်လည်ခြင်းမရှိသေးလို့ ဘာအတည်ပြုချက်ကိုမှ မပြုလုပ်နိုင်သေးဘူးလို့ ရဲက ပြောပါတယ်။ ခင်ပွန်းဖြစ်သူ အသက်ရှင်နိုင်ခြေရှိမရှိကိုလည်း ဒေါက်တာတွေက ယတိပြတ်မပြောသေးတာကြောင့် လောလောဆယ် ဒီအမှုကို သေမှုသေခင်းသာ ဖွင့်လှစ်ထားရပါသေးတယ်။
လင်းသူရိန်