တခါတုန်းက ကျောင်းဆရာမ တယောက်ဟာ သူ့အတန်းထဲက ခပ်ဆိုးဆိုး ကျောင်းသားလေးတဦးကို ” သားကြီးလာရင် ဘာလုပ်မှာလဲ ” လို့ မေးလိုက်တဲ့ အခါ ကျောင်းသားလေးက မဆိုင်းမတွဘဲ ” ကျနော် ရုပ်ရှင်မင်းသားလုပ်မယ်၊ ပြီးရင် ဗိုက်ဆာနေတဲ့ သူတွေကို မုန့်လိုက်ကျွေးမယ် ” လို့ ဖြေလိုက်တယ်။
အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက ” ဒီကောင် စောက်ပေါ ” ဆိုပြီး သူ့ကို ဝိုင်းဟားကြတယ် ။ ဆရာမကလည်း ” မင်းလုပ်ချင်တာတွေက အရမ်း စိတ်ကူးယဉ် ဆန်လွန်းတယ်၊ တခြားအရာတွေကို ပြောင်းစဉ်းစားတာ ကောင်းလိမ့်မယ်” လို့ပြောခဲ့တယ်။
နောက် နှစ်ပေါင်း၂၀ ကျော် ၃၀ ခန့် ကြာတဲ့အခါ အဲဒီ ကျောင်းသားလေးဟာ သူပြောခဲ့တဲ့ အတိုင်း ကမ္ဘာ့ ရုပ်ရှင်လောကရဲ့ ဝင်ငွေ အမြင့်မားဆုံး အချမ်းသာဆုံး မင်းသား၊ ၂၁ ရာစု ဥရောပနဲ့ အမေရိက က လူတွေ အားလုံးထက် သြဇာရှိတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာခဲ့တယ် ။
သူဟာ အိန္ဒိယနိုင်ငံရဲ့ အာဟာရချို့တဲ့သူ ၄ သန်း ကျော်နဲ့ ကမ္ဘာ့ အိမ်ခြေရာမဲ့တွေ အတွက် သူရရှိတဲ့ အနုပညာကြေးငွေ ၇၅ % ကို လှူဒါန်းထား ပါတယ် ။ ဒါတွေကြောင့်လည်း အဂ်လန်ဘုရင်မကြီး Elizabeth ကိုယ်တိုင်က သူ့ကို ဂုဏ်ထူးဆောင် ပရဟိတသမားဆု ပေးအပ်ခဲ့ ပါတယ် ။
ထိုသူကား အခြားမဟုတ် အချစ်၊ အလွမ်း၊ အဆွေး၊ အကြမ်းအရမ်း အကုန် ရတဲ့ ကျနော်တို့ရဲ့ အသည်းကျော် Bollywood ဘုရင်ကြီး shah rukh khan (ရှရွတ်ခမ်း) ပင် ဖြစ်သည် ။
တခြားလူတွေ မင်းအပေါ်မြင်တဲ့ အမြင်က အရေးမကြီးပါဘူး ။ မင်းရည်မှန်းချက်အပေါ် ထားတဲ့ မင်းရဲ့အမြင် ကသာ အရေးအကြီးဆုံးပါ ။ သူတောင်းစားတွေ မှာလည်း ရှင်ဘုရင်ဖြစ်ခွင့် အိပ်မက် ရှိပါတယ်။ မဖြစ်နိုင်ဘူး ဆိုတာ တကယ် သေချာပြီလား ?
crd
zawgyi
တခါတုန္းက ေက်ာင္းဆရာမ တေယာက္ဟာ သူ႔အတန္းထဲက ခပ္ဆိုးဆိုး ေက်ာင္းသားေလးတဦးကို ” သားႀကီးလာရင္ ဘာလုပ္မွာလဲ ” လို႔ ေမးလိုက္တဲ့ အခါ ေက်ာင္းသားေလးက မဆိုင္းမတြဘဲ ” က်ေနာ္ ႐ုပ္ရွင္မင္းသားလုပ္မယ္၊ ၿပီးရင္ ဗိုက္ဆာေနတဲ့ သူေတြကို မုန႔္လိုက္ေကၽြးမယ္ ” လို႔ ေျဖလိုက္တယ္။
အဲဒီလိုလည္း ေျဖေရာ အတန္းေဖာ္ေတြက ” ဒီေကာင္ ေစာက္ေပါ ” ဆိုၿပီး သူ႔ကို ဝိုင္းဟားၾကတယ္ ။ ဆရာမကလည္း ” မင္းလုပ္ခ်င္တာေတြက အရမ္း စိတ္ကူးယဥ္ ဆန္လြန္းတယ္၊ တျခားအရာေတြကို ေျပာင္းစဥ္းစားတာ ေကာင္းလိမ့္မယ္” လို႔ေျပာခဲ့တယ္။
ေနာက္ ႏွစ္ေပါင္း၂၀ ေက်ာ္ ၃၀ ခန႔္ ၾကာတဲ့အခါ အဲဒီ ေက်ာင္းသားေလးဟာ သူေျပာခဲ့တဲ့ အတိုင္း ကမၻာ့ ႐ုပ္ရွင္ေလာကရဲ့ ဝင္ေငြ အျမင့္မားဆုံး အခ်မ္းသာဆုံး မင္းသား၊ ၂၁ ရာစု ဥေရာပနဲ႔ အေမရိက က လူေတြ အားလုံးထက္ ၾသဇာရွိတဲ့ ပုဂၢိဳလ္တေယာက္ ျဖစ္လာခဲ့တယ္ ။
သူဟာ အိႏၵိယနိုင္ငံရဲ့ အာဟာရခ်ိဳ႕တဲ့သူ ၄ သန္း ေက်ာ္နဲ႔ ကမၻာ့ အိမ္ေျခရာမဲ့ေတြ အတြက္ သူရရွိတဲ့ အႏုပညာေၾကးေငြ ၇၅ % ကို လႉဒါန္းထား ပါတယ္ ။ ဒါေတြေၾကာင့္လည္း အဂ္လန္ဘုရင္မႀကီး Elizabeth ကိုယ္တိုင္က သူ႔ကို ဂုဏ္ထူးေဆာင္ ပရဟိတသမားဆု ေပးအပ္ခဲ့ ပါတယ္ ။
ထိုသူကား အျခားမဟုတ္ အခ်စ္၊ အလြမ္း၊ အေဆြး၊ အၾကမ္းအရမ္း အကုန္ ရတဲ့ က်ေနာ္တို႔ရဲ့ အသည္းေက်ာ္ Bollywood ဘုရင္ႀကီး shah rukh khan (ရွရြတ္ခမ္း) ပင္ ျဖစ္သည္ ။
တျခားလူေတြ မင္းအေပၚျမင္တဲ့ အျမင္က အေရးမႀကီးပါဘူး ။ မင္းရည္မွန္းခ်က္အေပၚ ထားတဲ့ မင္းရဲ့အျမင္ ကသာ အေရးအႀကီးဆုံးပါ ။ သူေတာင္းစားေတြ မွာလည္း ရွင္ဘုရင္ျဖစ္ခြင့္ အိပ္မက္ ရွိပါတယ္။ မျဖစ္နိုင္ဘူး ဆိုတာ တကယ္ ေသခ်ာၿပီလား ?
crd