ဒေသတွင်းမှာ အခရာကျတဲ့နိုင်ငံတွေအပြင် စစ်ကောင်စီအပေါ် လွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေနဲ့ သံတမန်ရေးရာဆက်ဆံရေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ဆွေးနွေးထားတယ်ဆိုပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောလာပါတယ်။
NUG ရဲ့ယာယီသမ္မတဒူးဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့တာကို မစ္စတာဂျိတ်ဆူလီဗန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလာတာဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့ မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ခက်ခဲတဲ့အခြေအနေတွေအရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။
လက်ရှိမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးတက်ခွင့်ငြင်းတာဟာ အာဆီယံရဲ့ခြေလှမ်းတစ်ရပ်လို့လည်း သူက ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လိုရှေ့တိုးလုပ်ဆောင်နိုင်မယ်ဆိုတဲ့ကိစ္စအပေါ် သမ္မတ ဘိုင်ဒန်ဟာ အာဆီယံနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်ဆောင်ရွက်တဲ့အခွင့်အလမ်းရရှိစေခဲ့တယ်လို့လည်း အကြံပေးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေအတွက်၊ မြန်မာ့ဒီမိုကရေစီအတွက်၊ မြန်မာနိုင်ငံသားတွေရဲ့လူ့အခွင့်အရေးနဲ့ လုံခြုံရေးအတွက် ဆက်ပြီး အားပေးထောက်ခံမယ်လို့လည်း အကြံပေးက ပြောထားပါတယ်။
NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ သမ္မတ ဘိုင်ဒင်ရဲ့ အနီးကပ်၊ မူဝါဒပိုင်း ဩဇာရှိတဲ့ အဆင့်မြင့် အရာရှိ
မစ္စတာ ဆူလေဗန်နဲ့ ဆွေးနွေးခဲ့တာကို ကြည့်ရင် အမေရိကန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးမှု အတိုင်းအတာ တစ်ခုအထိ NUG မှာ ရှိနေကြောင်း သိသာတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
အခု ထိပ်သီးဆွေးနွေးပွဲ အကြို သီတင်းပတ်မှာလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက အဆင့်မြင့် အကြံပေးပုဂ္ဂိုလ် ဖြစ်ပြီး NUG နဲ့ကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့
ကောင်ဆယ်လာ ဒဲရက် ရှိုလေးဟာ အာဆီယံ ဒေသတွင်း လှည့်လည် နေခဲ့ပြီး၊ မြန်မာ့ ဒီမိုကရေစီ အရေး အပေါ် တွန်းအားပေးတဲ့ သဘောထားမျိုးတွေ ထင်ထင်ရှားရှား ပြောနေခဲ့ပါတယ်။
———-
ေဒသတြင္းမွာ အခရာက်တဲ့ႏိုင္ငံေတြအျပင္ စစ္ေကာင္စီအေပၚ လႊမ္းမိုးမႈရွိတဲ့ႏိုင္ငံေတြနဲ႔ သံတမန္ေရးရာဆက္ဆံေရးေတြကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ရဲ႕ အဆင့္ျမင့္အရာရွိေတြနဲ႔ေဆြးေႏြးထားတယ္ဆိုၿပီး အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အမ်ိဳးသား လုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္က ေျပာလာပါတယ္။
NUG ရဲ႕ယာယီသမၼတဒူးဝါးလရွီလ၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔နဲ႔ ေအာက္တိုဘာလ ၂၅ ရက္ေန႔က ေတြ႕ဆုံခဲ့တာကို မစၥတာဂ်ိတ္ဆူလီဗန္က သတင္းစာရွင္းလင္းပြဲမွာ ေျပာလာတာျဖစ္ပါတယ္။
လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေပးေရးနဲ႔ ျမန္မာျပည္သူေတြႀကဳံေတြ႕ေနရတဲ့ခက္ခဲတဲ့အေျခအေနေတြအေရးကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ သူကေျပာပါတယ္။
လက္ရွိမွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကိုယ္တိုင္ အေမရိကန္-အာဆီယံထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၿပီး ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အစည္းအေဝးတက္ခြင့္ျငင္းတာဟာ အာဆီယံရဲ႕ေျခလွမ္းတစ္ရပ္လို႔လည္း သူက ေျပာပါတယ္။
အဲဒီအစည္းအေဝးမွာ ျမန္မာ့အေရးအတြက္ အာဆီယံေခါင္းေဆာင္ေတြၾကားရရွိထားတဲ့ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ဘယ္လိုေရွ႕တိုးလုပ္ေဆာင္ႏိုင္မယ္ဆိုတဲ့ကိစၥအေပၚ သမၼတ ဘိုင္ဒန္ဟာ အာဆီယံနဲ႔ ညႇိညႇိႏႈိင္းႏႈိင္းတိုင္ပင္ေဆာင္႐ြက္တဲ့အခြင့္အလမ္းရရွိေစခဲ့တယ္လို႔လည္း အႀကံေပးက ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာျပည္သူေတြအတြက္၊ ျမန္မာ့ဒီမိုကေရစီအတြက္၊ ျမန္မာႏိုင္ငံသားေတြရဲ႕လူ႔အခြင့္အေရးနဲ႔ လုံၿခဳံေရးအတြက္ ဆက္ၿပီး အားေပးေထာက္ခံမယ္လို႔လည္း အႀကံေပးက ေျပာထားပါတယ္။
NUG ရဲ႕ ယာယီ သမၼတ ဒူဝါလရွီးလနဲ႔ NUG ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ဟာ သမၼတ ဘိုင္ဒင္ရဲ႕ အနီးကပ္၊ မူဝါဒပိုင္း ဩဇာရွိတဲ့ အဆင့္ျမင့္ အရာရွိ
မစၥတာ ဆူေလဗန္နဲ႔ ေဆြးေႏြးခဲ့တာကို ၾကည့္ရင္ အေမရိကန္ အစိုးရရဲ႕ ေက်ာေထာက္ေနာက္ခံ ေပးမႈ အတိုင္းအတာ တစ္ခုအထိ NUG မွာ ရွိေနေၾကာင္း သိသာတယ္လို႔ အကဲခတ္ေတြက ဆိုပါတယ္။
အခု ထိပ္သီးေဆြးေႏြးပြဲ အႀကိဳ သီတင္းပတ္မွာလည္း အေမရိကန္ ႏိုင္ငံျခားေရး ဌာနက အဆင့္ျမင့္ အႀကံေပးပုဂၢိဳလ္ ျဖစ္ၿပီး NUG နဲ႔ၾကား ခိုင္မာတဲ့ ဆက္ဆံေရးရွိတဲ့
ေကာင္ဆယ္လာ ဒဲရက္ ရႈိေလးဟာ အာဆီယံ ေဒသတြင္း လွည့္လည္ ေနခဲ့ၿပီး၊ ျမန္မာ့ ဒီမိုကေရစီ အေရး အေပၚ တြန္းအားေပးတဲ့ သေဘာထားမ်ိဳးေတြ ထင္ထင္ရွားရွား ေျပာေနခဲ့ပါတယ္။